ကျောက်မျက်အကြောင်းသိကောင်းစရာ, ပညာရေး

ကျောက်မျက်ရတနာတို့အကြောင်း

About Gem

ဟိုယခင်နှစ်ပေါင်းများစွာထဲမှ ပတ္တမြား၊ နီလာ၊ မြ၊ ပယင်း စတဲ့ ကျောက်မျက်ရတနာဆိုတဲ့ ဝေါဟာရတွေက ကျွန်ုပ်တို့နဲ့ မစိမ်းခဲ့ပါဘူး။ ကျောက်မျက်ရတနာတွေဟာ လှပပြီး ကြာရှည်ခံသလို ရှားပါးတာကြောင့် တန်ဖိုးလည်း ကြီးပါတယ်။ ရွှေ၊ ငွေ၊ ပလက်တီနမ်တွေအပြင် လက်ဝတ်ရတနာများထဲတွင် အများဆုံး အသုံးပြုသော အဖိုးတန်ပစ္စည်းမှာလည်း ကျောက်မျက်ပင် ဖြစ်သည်။ ကျောက်မျက်ရတနာများကို လက်ဝတ်ရတနာများအဖြစ်အသုံးပြုခြင်းအပြင် ယဉ်ကျေးမှုများစွာမှာလည်း အခြားသော အံ့သြဖွယ် အထင်ကရ နေရာများတွင်လည်း အသုံးပြုကြသည်။

ကျောက်မျက်ရတနာများတွင် ကွဲပြားသော ပုံစံများရှိသကဲ့သို့ မတူခြားနားသော အဓိပ္ပာယ်များလည်း ရှိနေတတ်သည်။ (ဥပမာ- ယခင်အဆိုအရဆိုရင် စစ်ပွဲတွေမှာ စိန်ကို ဝတ်ဆင်ထားခြင်းဟာ ဝတ်ဆင်သူကို ခွန်အားတွေပေးပြီး စိန်ဟာ မှော်အတတ်များမှ ကာကွယ်ခြင်းဖြစ်တယ်လို့လည်း ယူဆကြပါတယ်။) ထိုကဲ့သို့သော ယုံကြည်မှုတွေကြောင့် မျက်မှောက်ခေတ်မှာ ကျောက်တုံးကို လက်ဝတ်ရတနာအဖြစ် ပြုလုပ်ဝတ်ဆင်ခြင်းအလေ့အထတွေ ဖြစ်လာခဲ့ပါတယ်။ ကျောက်မျက်ရတနာတွေကို လက်ဝတ်ရတနာအဖြစ် ဝတ်ဆင်ကြသလို ရှေးခေတ်ကဆို ရှေးဟောင်းကျောက်မျက်ရတနာတွေနဲ့ ခမာကဲ့သို့သော ကျောက်တုံးကျောက်ခဲ ပန်းပုပညာတွေဟာလည်း အနုပညာဇိမ်ခံပုံစံတစ်ခု ဖြစ်လာပါတယ်။ မျက်မှောက်ခေတ်မှာဆိုရင် စိန်၊ ပတ္တမြား၊ နီလာနဲ့ မြ တို့ဟာအဖိုးတန်ကျောက်မျက်တွေဖြစ်ပြီး အခြားသော ကျောက်မျက်ရတနာတွေဟာလည်း အဖိုးတန်တစ်ခုပဲ ဖြစ်ပါတယ်။ ကျောက်မျက်ရတနာပြုလုပ်သူ၊ ကျောက်သွေးသူကို “Lapidary or Gem-Cutter” လို့လည်း ခေါ်ဆိုကြပါတယ်။

သတ်မှတ်ထားတဲ့ သဘာဝအရင်းအမြစ် ၂၀၀၀ ကျော်အနက် ၁၀၀ ကျော်ကို အသုံးပြုပြီး ၁၆ ခုကတော့ အဓိကအရေးကြီးဆုံး ဖြစ်ပါတယ်။ ကျောက်မျက်ရတနာတွေကို ကြိုက်နှစ်သက်ကြခြင်းမှာ ရိုးရှင်းပြီး ဆွဲဆောင်မှုရှိတဲ့ အလှတရားတွေကြောင့်လည်း ဖြစ်ပါတယ်။ လူတစ်ယောက်စီရဲ့ ကြိုက်နှစ်သက်မှုတွေကလည်း အမျိုးမျိုးရှိတာကြောင့် အမြင်တွေလည်း မတူတာတွေ ရှိလာကြပါတယ်။ တစ်ချို့သောသူတွေက ပန်းရောင်နဲ့ အစိမ်းရောင်ရှိတဲ့ ကျောက်မျက်တွေဟာ ဆွဲဆောင်မှုမရှိဘူးလို့ ယူဆကြပါတယ်။ ဒါကြောင့် ကျောက်မျက်ရတနာကို ရွေးချယ်သူတိုင်းကတော့ လှတာ တစ်ခုတည်းကြောင့် ရွေးချယ်ကြတာမဟုတ်သလို တစ်ချို့ကတော့ အဓိပ္ပာယ်လေးတွေပေါ်မူတည်ပြီး ရွေးချယ်သူတွေလည်း ရှိပါတယ်။