ပညာရေး, ရွှေအကြောင်းသိကောင်းစရာ

ပလက်တီနမ်အကြောင်းလေးအကျဉ်း

Platinum

ဒီနေ့တော့ မင်မင်လေ့လာထားသလောက် ပလက်တီနမ်အကြောင်းလေး နည်းနည်းပြောပြမယ်နော်။ ပလက်တီနမ်ဆိုတာဟာလည်း မိန်းကလေးတွေရဲ့ အကြိုက်ထဲက တစ်ခုပဲမလား။ ရွှေကိုကြိုက်ကြတဲ့ မိန်းကလေးတွေလည်း ရှိသလို တစ်ချို့ကတော့ ဖန်စီဆန်တဲ့ပုံစံလေး ကြိုက်ကြတာဖြစ်လို့ ပလက်တီနမ်ကိုရွေးချယ်ကြပါတယ်။

ပလက်တီနမ်ကိုတော့ Pt လို့ သင်္ကေတသတ်မှတ်ပြီး အက်တမ်အမှတ် ၇၈ ဖြစ်တဲ့ ဓာတုဒြပ်စင်တစ်မျိုးပါ။ ပလက်တီနမ်က စပိန်စကားလုံး “ပလက်တီနို” ဆိုတဲ့စကားလုံးကနေ ဆင်းသက်လာပါတယ်။ ပလက်တီနမ်က တူးဖော်စရိတ်များတာရယ်၊ သိပ်သည်းဆလည်း များတာကြောင့် ရွှေထက် ပိုပြီး ဈေးကြီးပါတယ်။ ရွှေတန်ချိန် ၁၅၀၀ နဲ့ နှိုင်းယှဉ်မယ်ဆိုရင် ပလက်တီနမ်ကို နှစ်စဉ် ၁၆၀ သာ တူးဖော်နိုင်ပါတယ်။ အများစုဟာ ရွှေဖြူနဲ့ ပလက်တီနမ်ကို မကွဲပြားကြပါဘူး။ ရွှေဖြူနဲ့ ပလက်တီနပ်က မတူပါဘူး။ ရွှေဖြူက ပလက်တီနမ်ထက်ပိုပြီး ဈေးသက်သာပါတယ်။ ဒါ့ကြောင့်လည်း ပလက်တီနမ် ဈေးကြီးတဲ့အခါမှာ ရွှေဖြူတွေလည်း ခေတ်စားလာတာနဲ့အမျှ တစ်ချို့တွေက ရွှေဖြူဝတ်ဆင်ရတာကို နှစ်သက်လာခဲ့တာပါ။ ဒီတော့ မင်မင်တို့က သူတို့ရဲ့အသားတံဆိပ်လေးကို ကြည့်ပြီး ပလက်တီနမ်လား၊ ရွှေဖြူလား ဆိုတာ ခွဲခြားလို့ရပါတယ်နော်။ ပလက်တီနမ်ဆိုရင် သူ့ရဲ့သင်္ကေတဖြစ်တဲ့ (pt) ဆိုတာလေး ပါပါတယ်။

White Gold ကတော့ (Au) ဆိုပြီး သင်္ကေတရှိပါတယ်။ ပလက်တီနမ်ကို ၁၇၃၅ တွင် တောင်အမေရိကရှိ Ulloa နဲ့ ၁၇၄၁ တွင် Wood တို့က ရှာဖွေ့တွေ့ရှိခဲ့ကြပါတယ်။ ၁၈၂၂ ခုနှစ်မှာတော့ ရရှားရှိ Ural တောင်တန်းများမှာ ပလက်တီနမ်ကိုရှာဖွေတွေ့ရှိကြပါတယ်။ အရင်ကဆိုရင် ပလက်တီနမ်ဟာ ရွှေလိုမျိုး ရေပန်းစားတာမျိုး မဟုတ်ပေမယ့် အခုခေတ်မှာဆိုရင်တော့ ပလက်တီနမ်က လူငယ်တွေကြားမှာ အရမ်းခေတ်စားလာပါတယ်။ နောက်ပြီး ပလက်တီနမ်ဟာလည်း ရင်းနှီးမြှုပ်နှံလို့ အဆင်ပြေတဲ့ သတ္တုပစ္စည်းတစ်မျိုးပါပဲ။