စိန်အကြောင်းသိကောင်းစရာ

ဘယ်လ်ဂျီယံ(Belgium) စိန်အကြောင်း

aboutbelgium

ရွေးချယ်စရာ တွင်းထွက် ကျောက်မျက်ရတနာများထဲတွင် စိန်ချစ်သူ မိဘပြည်သူများအတွက် ရည်ရွယ်၍ ကမ္ဘာပေါ်တွင် နာမည်အကြီးဆုံးနှင့် အရည်အသွေးအကောင်းဆုံးဖြစ်သော ဘယ်လ်ဂျီယံစိန်အကြောင်းလေးကို အားလုံးအတွက် မျှဝေပေးလိုက်ပါသည်။

ကမ္ဘာပေါ်တွင် လူကြိုက်အများဆုံးနှင့် အဖိုးတန်ဆုံးသော ကျောက်မျက်ရတနာတစ်ခုသည် စိန်ပဲဖြစ်ပါသည်။ စိန်များမှာ အိန္ဒိယစိန် (Indian Diamond) ၊ ဘယ်လ်ဂျီယံစိန် (Belgium Diamond) နှင့် ရုရှားစိန် (Russian Diamond) စသည်ဖြင့် စိန်ထွက်ရှိရာဒေသကိုလိုက်ပြီး စိန်အရည်အသွေး၊ စိန်၏မာကျောမှု၊ အရောင်နှင့် တန်ဖိုးအနိမ့်အမြင့် စသည်ဖြင့် ကွာခြားလေ့ရှိကြပါသည်။

ဘယ်လ်ဂျီယံစိန်သည် စိန်အမျိုးအစားများအားလုံးထဲတွင် အရည်အသွေးမြင့်ပြီး တန်ဖိုးအားဖြင့်လည်း မြင့်မားသည့် သတ်မှတ်ချက် လက်မှတ်ရရှိထားသည့် စိန်အမျိုးအစားဖြစ်သည်။ အဓိကအားဖြင့် ဘယ်လ်ဂျီယံစိန်များသည် တခြားသော စိန်များနှင့် နှိုင်းယှဉ်ပါက စိန် ကာရတ်မြင့်မားမှု၊ အချိုးညီမျှသည့်ပုံသဏ္ဌာန်၊ မာကျောမှုကွာခြားပြီး အရောင်အားဖြင့်လည်း စိန်အများစုသည် အဝါရောင်သန်းလေ့ရှိပြီး ဘယ်လ်ဂျီယံစိန်သည် အရောင်ကာလာသတ်မှတ်ချက်အနေဖြင့် D color ဟုကျော်ကြားသည့် အရောင်မရှိသည့် တောက်ပမှုကြောင့် ပိုမိုဆွဲဆောင်မှုရှိကာ ဈေးနှုန်းအားဖြင့်သာမက လူကြိုက်များမှုလည်းကွာခြားသောကြောင့် ဘယ်လ်ဂျီယံစိန်သည် ကမ္ဘာတစ်ဝှမ်းလုံးသို့ တင်ပို့မှုအများဆုံးဖြစ်သည်။

ထို့အပြင် ဘယ်လ်ဂျီယံစိန်များကို နိုင်ငံတကာအသိအမှတ်ပြု CID certificate အနေဖြင့်လည်း တရားဝင်အဆင့်သတ်မှတ်ပြီး ရောင်းဝယ်မှုပြုလုပ်နိုင်သောကြောင့် အာမခံချက်ရှိသည့်စီးပွားရေးဈေးကွက်တစ်ခုအနေနှင့်ပါ ရောင်းဝယ်ဖောက်ကားမှုပြုလုပ်ကြသည်။

ဘယ်လ်ဂျီယံစိန်များနှင့် အခြားသောစိန်များကို မည်သည့်နေရာတွင် အဓိကရောင်းဝယ်မှု ပြုလုပ်လေ့ရှိကြသနည်း။

ယခင်က Antwerp သည် ကမ္ဘာ့စိန်ကုန်သွယ်မှု၏ဗဟိုဖြစ်သည်။ ၁၇ရာစု နှင့် ၁၈ ရာစုတွင် အမ်စတာဒမ်နှင့် လန်ဒန်တို့သည် စိန်ရောင်းဝယ်ရေးတွင် ဦးဆောင်သူများဖြစ်သည်။ ဒုတိယကမ္ဘာစစ်အပြီးတွင် ကျောက်များကို တင်သွင်းခြင်းနှင့် တင်ပို့ခြင်းဆိုင်ရာ ခိုင်မာသောအဖွဲ့အစည်းကြောင့် Antwerp တွင် ကုန်သွယ်မှုသည် နှေးကွေးလာသည်။ Antwerp မှ စိန်များတင်သွင်းခြင်းနှင့် တင်ပို့ခြင်းကို ထိန်းညှိရာတွင် ကူညီရန်အတွက် 1945 ခုနှစ်တွင် အစိုးရက Antwerp တွင် Diamond Office ကို တည်ထောင်ခဲ့ပြီး ဘယ်လ်ဂျီယံစိန်များသာမက ကမ္ဘာအနှံ့အပြားရှိ စိန်များကိုပါ ရောင်းဝယ်မှုပြုလုပ်ကြသည့် ဈေးကွက်တစ်ခုဖြစ်ပြီး ယခုချိန်ထိ Antwerp သည် ကမ္ဘာပေါရှိ အခြားသောစိန်ရောင်းဝယ်ရေးပြုလုပ်ရာနေရာများနှင့် ရင်ဘောင်တန်းနိုင်သည့် အဆန်းပြားဆုံးသော ဘဏ္ဍာရေးနှင့် စီးပွားရေးဆိုင်ရာ အခြေခံအဆောက်အအုံများ၊ စိန်အကဲဖြတ်ကျွမ်းကျင်မှုနှင့် ကျောထောက်နောက်ခံပြုထားသည့် ပထမဆုံးနှင့် အရေးအကြီးဆုံး စီးပွားရေးစင်တာတစ်ခုလည်းဖြစ်ပါသည်။