စိန်အကြောင်းသိကောင်းစရာ

Tiffany (တစ်ဖနီ) စိန်အကြောင်း

Tiffany Diamond

လက်ရှိ စိန်လောကတွင် တဖန်ပြန်လည်ခေတ်စားလာသော စိန်အမျိုးအစားတစ်ခုဖြစ်သည့် Tiffany (တစ်ဖနီစိန်) ဆိုသော စိတ်ဝင်စားဖွယ် စိန်အမျိုးအစားအကြောင်းအရာလေးကို မျှဝေပေးလိုက်ပါသည်။

တစ်ဖနီစိန် ( Tiffany Diamond ) သည် ရှားပါးသော အဝါဖျော့ဖျော့ အရောင်ရှိသည့် စိန်ဖြစ်သည်။ စိန်သည် အမျိုးသမီးများအကြိုက်ဆုံးနှင့် တန်ဖိုးအကြီးမားဆုံး ကျောက်မျက် ရတနာ တစ်ခုဆိုသည်မှာ ငြင်းဆို၍မရသော အမှန်တရားတစ်ခု ဖြစ်သောကြောင့် ယခုအခါတွင် နာမည်ကြီးပြီး အရောင်အသွေးအားဖြင့် ဆန်းသစ်သည့် အရောင်ရှိသော တစ်ဖနီစိန်ကို လူအများ သဘောကျကြပြီး ၎င်း၏ နာမည် ကျော်ကြားမှုကြောင့်လည်း နာမည်ကျော် အမျိုးသမီးများ၏ လက်ဝတ်အဆင်တန်ဆာ ဒီဇိုင်းဆန်းများနှင့်အတူ တစ်ဖနီစိန်ကိုတွေ့ရှိရလေ့ရှိပါသည်။

တစ်ဖနီစိန်( Tiffany Diamond ) သည် ရှာဖွေတွေ့ရှိခဲ့သမျှသော စိန်များထဲတွင် အကြီးမားဆုံး စိန်ဖြစ်ပြီး အဆိုပါစိန်ကို တောင်အာဖရိကရှိ Kimberley mine ( ကင်ဘာလေ သတ္တုတွင်း ) တွင် ၁၈၇၈ ခုနှစ်တွင် တွေ့ရှိခဲ့ပါသည်။ ယင်းစိန်ကို ရှာဖွေတွေ့ရှိခဲ့သူသည် Charles Lewis Tiffany ဖြစ်ပြီး ယေဘုယျ ကာရက် အားဖြင့် ပြောရလျှင် ၂၈၇.၄၂ ကာရက် ရှိပြီး ဂရမ်အားဖြင့် ဆိုလျှင် ၅၇.၄၈၄ ဂရမ် ရှိသည်ဟု သုတေသနပညာရှင်များက သတ်မှတ်ခဲ့ကြပါသည်။

ထိုစိန်တုံးကြီးကို တူးဖော်တွေ့ရှိခါစတွင် တောက်ပမှုမရှိပဲ ပြောင်ချောကြီး ဖြစ်နေသဖြင့် အလင်းရိုက်ပြီး တောက်ပမှုရှိစေရန် ၁၂၂.၅၄ ကာရက်၊ ဂရမ်အားဖြင့်ဆိုသော် ၂၅.၁၀၈ ဂရမ် ဖြစ်အောင် စိန်ကို ဆောက်ဖြတ်များစွာဖြင့် လှပစွာဖြတ်တောက်သွေးထားကာ အရည်အသွေးတင်ထားခဲ့ပြီးမှသာ ယခုလို နာမည်ကျော်ကြားသောတစ်ဖနီစိန်ကိုရရှိခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါ စိန်ကို သွေးထားသူမှာ အမေရိကန် မှ ကျောက်မျက်ရတနာ ပညာရှင် George Frederick Kunz ( ဂျော့ဖထရစ်ခွမ်း ) မှသွေးထားခြင်းဖြစ်ပြီး စိန်သွေးနည်းရိုးရာ စနစ်အရ ၈ချက် နှင့်သွေးထားခြင်းဖြစ်ကြောင်း သိရှိရပါသည်။ ရွှေ၊ စိန် နှင့် လက်ဝတ်ရတနာ သမိုင်းပညာရှင် Herbert Tillander ( ဟားဘက် တီလင်ဒါ )သည် ထိုစိန်ကို ” တောက်ပပြောင်မြောက်သော ဖြတ်တောက်ခြင်း ” ဟု ဖော်ညွှန်းချီးကျူးထားလောက်သည့်အထိ လက်ရာမြောက်ပြီး လှပသောစိန်ဖြစ်ပါသည်။

တစ်ဖနီစိန် ကျောက်မျက်ကို Tiffany & Co. မှ Washington, D.C. ရှိ Smithsonian National Museum of Natural History ကိုငှားရမ်းခဲ့ပြီး၊ ဧပြီလ 18 ရက်၊ 2007 ခုနှစ်မှ 2007 ခုနှစ် စက်တင်ဘာလ 23 ရက်နေ့အထိ ပြတိုက်တွင်ပြသခဲ့ပြီး ထိုအချိန်တွင် ပြတိုက်၏ ကျောက်မျက် ပြတိုက်မှူးမှာ Jeffrey E. Post ဖြစ်သည်။ ၎င်းသည် အမေရိကန်တွင် ပြသထားသည့် အကြီးဆုံးစိန် ဖြစ်သည် ဟူသော ထင်ရှားသော Hope Diamond သည် 45.5 ကာရက်သာရှိပြီး Tiffany Yellow Diamond ၏ ထုထည်၏ သုံးပုံတစ်ပုံခန့်ရှိသည်ဟု တစ်ဖနီစိန်၏ တန်ဖိုးမြင့်မားပုံကို ထုတ်ဖော်ပြောကြားခဲ့သည်။ စိန်တုံးကို ၎င်း၏သက်တမ်းတစ်လျှောက်တွင် အမျိုးသမီး လေးဦးသာ ဝတ်ဆင်ခဲ့ကြောင်း သိရှိရပါသည်။ Rhode Island တွင်ကျင်းပသည့် 1957 Tiffany Ball တွင် မစ္စစ် E. Sheldon Whitehouse က စိန်ဖြူလည်ဆွဲဖြင့် ဝတ်ဆင်ခဲ့သည်။ နောက်ထပ် ၎င်းကို 1961 ခုနှစ်တွင် Audrey Hepburn မှ Tiffany’s Breakfast at Breakfast အတွက် လူသိရှင်ကြား ဓာတ်ပုံများရိုက်ကူးရန်ဝတ်ဆင်ခဲ့ခြင်းဖြစ်သည်။

ထိုအပြင်၊ Gal Gadot သည် Tiffany & Co. မှပြုလုပ်သော စိန်ပုံတူကို 2022 ခုနှစ် Death on the Nile ဇာတ်ကားတွင် ၀တ်ဆင်ထားပြီး စိန်ခိုးယူမှုဇာတ်လမ်းသည် လျှို့ဝှက်ဆန်းကြယ်မှု၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ Tiffany Diamond စိန်မျိုးအစစ်ကို အနုပညာသမားများ အများဆုံးဝတ်ဆင်လေ့ရှိသည်ကိုတွေ့ရှိရပြီး နာမည်ကျော်ရုပ်ရှင်ဇာတ်ကားများ၊ စုပေးပွဲအခမ်းအနားများနှင့် နာမည်ကျော်ဖက်ရှင်ပွဲများတွင်ဝတ်ဆင်ခဲ့ကြပြီး နောက်ဆုံး ဆင်မြန်းခဲ့သူသည် Audrey Hepburn ဖြစ်ပါသည်။ Audrey သည် ၁၉၆၁ တွင် သူမ၏ breakfast at tiffany’s ဇာတ်ကားတွင် ဝတ်ဆင်ခဲ့ပါသည်။ ဂီတလောကတွင် နာမည်ကြီးသော Lady Gaga သည်လည်း ပြီးခဲ့သော နှစ် အော်စကာဆု ပေးပွဲတွင် သန်း ၃၀ ကျော်တန်ဖိုးရှိ အဖိုးတန် Tiffany Diamond ဘယက်ပုံစံ ဒီဇိုင်းမျိုးကို ဝတ်ဆင်ခဲ့ပါသည်။ ဘီယွန်းစေးသည် 2021 ခုနှစ်တွင် Tiffany နှင့် ပူးပေါင်းကမ်ပိန်းတွင် လည်ဆွဲကိုဝတ်ဆင်ခဲ့ပြီး အဝါရောင်စိန်ကိုဝတ်ဆင်သည့် ပထမဆုံးလူမည်းအမျိုးသမီးဖြစ်လာခဲ့သည်။

ယခုဖော်ပြပေးခဲ့သော အကြောင်းအရာသည် နာမည်ကျော် တစ်ဖနီစိန်နှင့်ပက်သတ်သော စိတ်ဝင်စားဖွယ်ရာ ရှာဖွေတွေ့ရှိချက်များကို အခြေခံပြီး စိန်ချစ်သူများ ဗဟုသုတများ တိုးပွားစေရန် မျှဝေတင်ဆက်ပေးလိုက်ခြင်း ဖြစ်ပါသည်။