ဆောင်းပါး

နဂါးပုံဝတ်ဆင်ခြင်းရဲ့ အကျိုးကျေးဇူး

Dragon 1024x538 1

မကြာခင်အချိန်လေးမှာ ကျရောက်မည့် တရုတ်နှစ်သစ်ကူးအချိန်ကာလလေးကို ရည်ရွယ်ရင်း ဗဟုသုတလေးများ မျှဝေပေးဖို့ စဉ်းစားထားတဲ့ အကြောင်းအရာလေးကတော့ နဂါးပုံစံဖြင့် ပြုလုပ်ထားတဲ့ ရွှေငွေ ကျောက်မျက်ရတနာ ဒီဇိုင်းပုံလေးတွေကို လူအများစုက ဘာကြောင့်ဝတ်ဆင်ကြတာလဲ။ နဂါးပုံစံဒီဇိုင်းမျိုးကို တရုတ်လူမျိုးတွေပဲ ဝတ်ဆင်ပေးသင့်တာလား။ နဂါးပုံ ဝတ်ဆင်ခြင်းဖြင့် ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိနိုင်တာလဲ စတဲ့ အကြောင်းအရာလေးတွေကို မျှဝေပေးချင်ပါတယ်။

နဂါးများသည် တရုတ်ယဉ်ကျေးမှု၏ မရှိမဖြစ် အင်္ဂါရပ်တစ်ခုဖြစ်သည်နှင့်အညီ တရုတ်ရိုးရာ ယဉ်ကျေးမှုအရ နဂါးများသည် ဘုန်းတန်ခိုးကြီးမားခြင်း၊ ကံကောင်းခြင်းနှင့် ခွန်အားကြီးခြင်းတို့ကို ကိုယ်စားပြုသည်။ အထူးသဖြင့် သဘာဝဘေးအန္တရာယ်များဖြစ်သည့် တိုင်ဖွန်းမုန်တိုင်းများကြောင့် ရေလွှမ်းမိုးခြင်းနှင့် မိုးကြီးခြင်း စသည့်တို့မှ ကာကွယ်ပေးနိုင်သည့် အာဏာရှိသည်ဟု ယုံကြည်ကြသည်။ ဒါ့အပြင် ၎င်းတို့၏ ဘုရင်ဧကရာဇ်များသည် နဂါးများမှ ဆင်းသက်လာကြသည်ဟု ယူဆကြသည်။ ထို့ကြောင့် တရုတ်ဆယ့်နှစ်လရာသီခွင်တွင် နဂါးသည် ရေပန်းအစားဆုံးဖြစ်သည်။ ဒါ့အပြင် တရုတ်လူမျိုးအမျိုးစုက နဂါးသည် တန်ခိုးရှိပြီး ရဲရင့်မှု၊ ထူးချွန်မှု၊ ဆုံးဖြတ်ချက် ပြတ်သားမှု၊ ဂုဏ်သိက္ခာရှိမှုတို့ကို ကိုယ်စားပြုသည့် တိရစ္ဆာန်ဖြစ်သည့်နှင့်အညီ ၎င်းသည် မည်သည့်အခက်အခဲ အတားအစီးကိုမဆို ကျော်လွှားနိုင်မည်ဟု ယုံကြည်ကြသည်။

နဂါးတစ်ကောင်၏ စိတ်ဓာတ်၊ ယုံကြည်မှု၊ စိတ်အားထက်သန်မှု၊ ဉာဏ်ရည်ဉာဏ်သွေးကောင်းမွန်မှုတို့ကို အားကျ အတုယူပြီး နဂါးပုံစံပါတဲ့ အသုံးအဆောင်၊ အဆောက်အအုံများအပြင် မိမိတို့၏လက်ဝတ်ရတနာရွှေငွေ ဒီဇိုင်းများကို ဝတ်ဆင်အသုံးပြုခြင်းကို တရုတ်လူမျိုးများ လွန်ခဲ့သည့် ထောင်စုနှစ်များစွာမှ စတင်ပြီး သုံးစွဲခဲ့ကြခြင်း ဖြစ်သည်။ တရုတ်ယဉ်ကျေးမှုကို အခြေခံပြီး တရုတ်လူမျိုးမဟုတ်သည့် တရုတ်နဂါးနှစ်ဖွားလူမျိုးများမှစ၍ နဂါးပုံစံအသုံးအဆောင်များကို ဝတ်ဆင်အသုံးပြုရာမှတဆင့် ရွှေငွေလက်ဝတ်ရတနာများတွင် အဆောင်တစ်ခုအနေဖြင့် ရေပန်းစားလာပြီး ယခုအခါ တရုတ်လူမျိုးများအပြင် လူမျိုးအသီးသီး နိုင်ငံအသီးသီးတွင် နဂါးပုံစံအသုံးအဆောင်များဝတ်ဆင်မှုမှာ ခေတ်စားလျှက် ရှိသည်။

ဒါ့အပြင် နဂါးပုံဝတ်ဆင်ခြင်းအားဖြင့် ကျန်းမာခြင်း၊ အသက်ရှည်ခြင်း၊ ကံကောင်းခြင်း၊ စီးပွားလာဘ်ရွှင်ခြင်းစသည့် အကျိုးကျေးဇူးများရှိသည့်ဟု လူအများ၏ ယုံကြည်မှုကြောင့် အဆောင်တစ်ခုအ‌နေဖြင့် နဂါးပုံဒီဇိုင်းများ ဝတ်ဆင်လာကြခြင်းလည်း ဖြစ်သည်။

ယခုတင်ပြပေးခဲ့သည့် အကြောင်းအရာလေးကတော့ တရုတ်ရိုးရာယဉ်ကျေးမှုနှင့်အတူ နဂါးပုံဝတ်ဆင်ခြင်းရဲ့ အကျိုးကျေးဇူးလေးတွေကို တင်ပြလိုက်ပါသည်။