စိန်အကြောင်းသိကောင်းစရာ

စိန်ဝတ်ဆင်ခြင်း အကျိုးကျေးဇူးများ

benefitsofwearingdiamonds

ကျောက်မျက်ရတနာအားလုံးထဲမှ လူအကြိုက်အများဆုံးနှင့် အဖိုးတန်ဆုံး ကျောက်မျက်အဖြစ် အသိမှတ်ပြုသတ်မှတ်ထားခြင်းခံထားရသည့် စိန်အကြောင်းနှင့် ပက်သက်သော စိတ်ဝင်စားဖွယ်ကောင်းသည့် အချက်အလက်များကို ဖော်ပြပေးလိုက်ပါသည်။ ဤသည်နှင့်အတူစိန်ဝတ်ဆင်ခြင်း၏ အကျိုးကျေးဇူးများကို စိန်ချစ်သူမိဘပြည်သူများနှင့် အခြားသောကျောက်မျက်ရတနာများကို စိတ်ဝင်စားကြသော လက်ဝတ်ရတနာချစ်သူများအတွက် ဗဟုသုတရရှိစေရန် မျှဝေပေးလိုက်ပါသည်။

စိန်သည် ကမ္ဘာပေါ်ရှိ အမျိုးသမီးအများစု၏ နှစ်သက်အမြတ်နိုးဆုံး ကျောက်မျက်ရတနာ ဖြစ်သည်နှင့်အတူ စိန်ဝတ်ဆင်ခြင်းဖြင့် ဆက်စပ်နေသော အလှအပ၊ ကျန်းမာရေးနှင့် နက္ခတ်ဗေဒင်ဆိုင်ရာ အကျိုးကျေးဇူးများစွာလည်းရှိပါသည်။ နက္ခတ်ဗေဒင်ပညာအရ သင့်လျော်သောကျောက်မျက်ရတနာများကို ရွေးချယ်ဝတ်ဆင်ခြင်းသည် အခက်အခဲများကို ဖယ်ရှားပေးနိုင်ပြီး လူတစ်ယောက်၏ဘဝကို တိုးတတ်စေပါသည်။ စိန်သည် နက္ခက်ဗေဒင်ကျောက်မျက်ကိုးပါးထဲတွင် တစ်ခုအပါအဝင်ကျောက်မျက်ရတနာ တစ်ပါးဖြစ်ပါသည်။ စိန်သည် မကြေကွဲနိုင်သည့် ကာဗွန်အဖွဲ့အစည်းတစ်ခုဖြစ်၍ သဘာဝအတိုင်းဖြစ်ပေါ်နေသော သတ္တုတစ်မျိုးလည်းဖြစ်ပါသည်။ လူသားတွေနေထိုင်နေသည့် မဟာပထဝီကမ္ဘာမြေကြီးတွင် စိန်သည် အမာကျောဆုံး၊ အပြင်းထန်ဆုံးနှင့် အလှပဆုံး လက်ဝတ်ရတနာ တစ်ခုဖြစ်သည်ဆိုသည်မှာ မပြောင်းလဲသောအမှန်တရားတစ်ခုပင်ဖြစ်ပါသည်။

စိန်ထည်များသည် ဝတ်ဆင်သူများအား မိမိကိုယ်ကိုယ် ယုံကြည်မှုတိုးမြှင့်စေခြင်းဖြင့် သိမ်ငယ်စိတ်ဖြစ်ပေါ်စေမှုကို ကျော်လွှားနိုင်စေပါသည်။ အဓိက မိတ်ဖက်ရာသီခွင်များအနေဖြင့် Libra (သို့) Virgo ရာသီခွင်နှင့်သက်ဆိုင်သော ပုဂ္ဂိုလ်များသည် စိန်လက်စွပ်ကို ဝတ်ဆင်ခြင်းအားဖြင့် ပိုမိုကောင်းမွန်သည့် ရလဒ်ကောင်းများ ရရှိနိုင်မည်ဖြစ်ပါသည်။ ထုတ်ဖော်ပြောဆိုနိုင်စွမ်းမရှိခြင်း သို့မဟုတ် တီထွင်ဖန်တီးနိုင်စွမ်းမရှိခြင်းကို ခံစားနေရသူများသည် စိန်အဆင်တန်ဆာဝတ်ဆင်ခြင်းဖြင့် အချိန်တိုအတွင်း ၎င်းတို့၏ အခက်အခဲများကို လွယ်ကူစွာကျော်လွှားနိုင်မည်ဖြစ်သည်ဟူ၍ အဆိုပြုချက် များစွာလည်းရှိကြပါသည်။

စိန်များသည် ချစ်ခြင်းမေတ္တာနှင့် အလှတရားကိုဖော်ညွှန်းနိုင်သည့် အကောင်းဆုံးကျောက်မျက်ရတနာဟု သတ်မှတ်နိုင်သည်မှာ မလွဲဧကန်ဖြစ်ပေသည်။စိန်ဝတ်ဆင်ခြင်းဖြင့် အလွယ်တကူစိတ်တိုခြင်း ၊ စိတ်ဆိုးခြင်းနှင့် အတွေးလွန်ခြင်း ပြသနာများများကို ကင်းဝေးစေပြီး စိတ်ကိုအေးမြစေ၍ ငြိမ်းချမ်းခြင်းဟူသော စိတ်ခံစားချက်များကို စီးဝင်ခံစားစေပါသည်။ စိန်များသည် လူများအပေါ် ပျော်ရွှင်မှုနှင့် ချစ်ခြင်းမေတ္တာကို ဆောင်ကျဉ်းပေးပြီး စိတ်အားထက်သန်မှုကိုလည်း တိုးပွားစေပါသည်။ ထို့ပြင် ပုဂ္ဂိုလ်ရေးဆိုင်ရာနှင့် ပရော်ဖက်ရှင်နယ်ဘဝနှစ်ခုစလုံးတွင် လူတစ်ဦးချင်းစီကို အောင်မြင်စေရန်လည်း ကူညီပေးသည်ဟု ဆိုစမှတ်ပြုကြပါသည်။

စိန်သည် လူတစ်ဦးချင်းစီ၏ ဂုဏ်ရောင်ကို ထွန်းပြောင်စေပြီး ဘေးအန္တရာယ်အတားအဆီးများကို တိုက်ဖျက်သည့်အခါများ၌လည်းအထောက်အပံ့အကူအညီ ဖြစ်စေပါသည်။ အောင်မြင်မှုရလဒ်ကောင်းများကို ပေးဆောင်သည့်အပြင် လူ့ဘဝ၏ လာဘ်တစ်ပါးဖြစ်သည့် ကျန်းမာခြင်းကိုလည်း သယ်ဆောင်ပေးနိုင်သည့် ဆုလာဘ်တစ်ပါးလည်းဖြစ်ပါသည်ဟု နက္ခတ်ဗေဒင်ပညာရှင်များက ယုံကြည်သက်ဝင်ကြပါသည်။ စိန်နှင့်ဆက်စပ်သော အခြားသော အားသာချက်များစွာလည်း ရှိပါသည်။ စိန်များသည် ကမ္ဘာပေါ်တွင် အပြင်းထန်ဆုံး သတ္တုတွင်းထွက်များဖြစ်ပြီး ဖွဲ့စည်းရန် နှစ်ဘီလီယံနှင့်ချီ၍ အချိန်ယူရပါသည်။ ပြင်းထန်သောဖိအား၊ အပူနှင့်အတူ၊ ပုံဆောင်ခဲများသည် ချစ်ခြင်းမေတ္တာကို သင်္ကေတပြုကာ တောက်ပလာပါသည်။ ဒါကြောင့်စိန်ကို ထာဝရတည်မြဲသည့် ချစ်ခြင်းဟူ၍ တင်စားခေါ်ဝေါ်ကြပြီး စေ့စပ်ကြောင်းလမ်းသည့် အချိန်အခါမျိုးတွင် မိမိဘဝသမျှ တန်ဖိုးထား၍ ချစ်မြတ်နိုးရသူများအား အကောင်းဆုံးလက်ဆောင်မွန်အဖြစ် အမြတ်တနိုး အသုံးပြုနေကြပါသည်။ ထို့ပြင် မိမိဘဝတွင် အကြီးမားသော အဖိုးမဖြတ်နိုင်သည့် သံယောဇဉ် ၊ ခင်မင်ရင်းနှီးမှုများကို စိန်ရတနာများဖြင့် လက်ဆောင်မွန်အဖြစ် တင်စားအသုံးပြုနေကြပါသည်။

စိန်သည် သောကြာဂြိုဟ်၏ ဂုဏ်သတ္တိများ ရှိသည်ဟု ယူဆကြသည်။ ကောင်းမွန်သောစိတ်ကို အားကောင်းစေပြီး မကောင်းသော ခံစားချက်များကို ဖယ်ရှားပေးပါသည်။ စိန်များသည် ကုသိုလ်ကောင်းမှုပြုလုပ်ခြင်းဖြင့် လူတို့၏ဘဝကို မြှင့်တင်ပေးသည်။ ထိုကြောင့် ဝိညာဉ်ရေးဆိုင်ရာ အကျိုးကျေးဇူးအချို့ကိုလည်း ရရှိသည်ဟု ထင်မြင်မိပါသည်။ ထိုအပြင် စိန်များသည် သိမ်ငယ်မှု ၊ ရှုပ်ထွေးမှုကို ဖယ်ရှားပြီး ဘဝတွင် မသေချာမရေရာမှုအမျိုးမျိုးကို ရင်ဆိုင်ရန် ခွန်အားပေးစွမ်းနိုင်ပါသည်။ စိန်များသည် ချမ်းသာမှုကို ဆွဲဆောင်သည်ဟု ယုံကြည်ချက်ရှိသည်။ ညာဖက်လက်သူကြွယ်ကို ဝတ်ဆင်ပါက လုပ်ငန်းတွင် ဝင်ငွေနှင့် အမြတ်များ ပိုမိုရရှိလာမည်ဟု ယုံကြည််ကြသည်။

စိန်များသည် ပန်းနာရင်ကျပ် ၊ ဆီးလမ်းကြောင်းဆိုင်ရာရောဂါများနှင့် အသည်း၊ အစာခြေအင်္ဂါများ၊ နှုတ်ခမ်း၊ အရေပြား၊ လည်ချောင်းနှင့် မေးရိုးကဲ့သို့သော ကျန်းမာရေးပြဿနာများကို ကုသပေးနိုင်စွမ်းရှိပါသည်။ စိန်များသည် ဇိမ်ခံခြင်းနှင့် ကြွယ်ဝခြင်း၏ သင်္ကေတလည်းဖြစ်ပါသည်။ ဝတ်ဆင်သူများအား သဘာဝအတိုင်းယုံကြည်မှုကို တိုးပွားစေပြီး မကောင်းသော အတွေးများကို ဖယ်ရှားပေးနိုင်စွမ်းရှိသည်။ ထို့ကြောင့် သင့်အနေနဲ့ စိန်ထည်ရတနာတစ်ပါးကို မိမိအတွက် ကျန်းမာရေး နှင့် ကျက်သရေဖြာဂုဏ်ယူဝင့်ကြွားလှပစွာ ဆင်မြန်းနိုင်ရေး သို့မဟုတ် မိမိဘဝအတွက် တန်ဖိုးမဖြတ်နိုင်သည့် ခင်မင်မြတ်နိုးသူများအား ချစ်ခြင်းဖော်ကျူး မေတ္တာအထူးလက်ဆောင်အဖြစ် ဝယ်ယူရန်အတွက် စီစဉ်နေမည်ဆိုပါက ၎င်းရတနာတို့၏ ပြတ်သားမှု၊ ဖြတ်တောက်မှု၊ အရောင်နဲ့ ကာရက်တွေကို တိကျသေချာစွာ စစ်ဆေးသင့်ပြီး မှန်ကန်သော ဆုံးဖြတ်ချက်များနှင့် ရွေးချယ်ဝယ်ယူဆင်မြန်းနိုင်ရန် ဆန္ဒပြုရင်း စိန်ဝတ်ဆင်ခြင်းရဲ့ အကျိုးကျေးဇူးများအကြောင်းကို တင်ဆက်ပေးလိုက်ပါသည်။