ပရဟိတ ကောင်းမှုပြုခြင်း

ကြည့်မြင်တိုင် မျက်မမြင်ကျောင်း

5

ဦးထုံရွှေပန်းထိမ်နှင့်ရတနာရွှေဆိုင်ကြီး၏ ပဲ့ကိုင်ရှင်ဖြစ်သော ဦးထုံ၏နှစ်(၁၀၀)ပြည့်မွေးနေ့အလှူအဖြစ် အမြင်အာရုံချို့ယွင်းနေသူများအား စေသနာသဒ္ဒါတရားထက်သန်စွာဖြင့် လိုအပ်သည်များကို အသုံးပြုနိုင်ရန်အတွက် ငွေသားအလှူကို သွားရောက်လှူဒါန်းနိုင်ခဲ့ပါသည်။ လူမှုဝန်ထမ်းဦးစီးဌာနလက်အောက်ရှိ ကြည့်မြင်တိုင် မျက်မမြင်ကျောင်းတွင် စာပေနှင့်အသက်မွေးဝမ်းကျောင်း ပညာရပ်များကို သင်ကြားနိုင်ရန် စောင့်ရှောက်ထားသော ပြည်နယ်နှင့်တိုင်းအသီးသီးမှ မျက်မမြင်ကျောင်းသား/ကျောင်းသူများအတွက် အလှူငွေနှင့် လိုအပ်သည့်ပစ္စည်းများကို သွားရောက်လှူဒါန်းပေးနိုင်ခဲ့သည်မှာ ဦးထုံရွှေဆိုင်တွင် ဝယ်ယူအားပေးသော Customers များ၏ ကျေးဇူးကြောင့်သာဖြစ်ပါသည်။ “မျက်စိအဆုံး နားအရှုံး” ဟူသည့် ဆိုရိုးစကားတို့ရှိခဲ့သော်လည်း ကျောင်းတော်ကြီး၏ ဖေးမကူညီမှု၊ ကြိုးစားအားထုတ်မှုတို့ကြောင့် လောကကြီးကိုရင်ဆိုင်အံတုကာ ဘဝကိုအရှုံမပေးသောစိတ်ဓာတ်တို့ဖြင့် ရှေ့ဆက်လျှောက်နေသည်ကို တွေ့မြင်ရသောအခါ ပီတိသောမနသဖြစ်ပေါ်ရပါသည်။ ဦးထုံရွှေဆိုင်မိသားစုများနှင့်အတူ လှူဒါန်းပြုလုပ်ခဲ့သည့် အလှူများကို နတ်လူသာဓုခေါ်နိုင်စေရန်အတွက် မျှဝေပေးလိုက်ပါသည်။ သွားရောက်လှူဒါန်းချင်သူများအတွက် ကျောင်း၏လိပ်စာလေးကို‌ မျှဝေပေးလိုက်ပါသည်။

ကြည့်မြင်တိုင်၊ မျက်မမြင်ကျောင်းသို့ ဆက်သွယ်ရန်လိပ်စာ
အမှတ်(၁၃၂)၊ ပန်းပင်ကြီးလမ်း၊ ကြည့်မြင်တိုင်မြို့နယ်၊ ရန်ကုန်မြို့။
ဖုန်းနံပါတ် 01-7317126 /01-7317070