ပရဟိတ ကောင်းမှုပြုခြင်း

Mary Chapman School For The Deaf

6

ဦးထုံရွှေဆိုင်၏ပဲ့ကိုင်ရှင်ဖြစ်သော ဦးထုံ၏နှစ်(၁၀၀)ပြည့်မွေးနေ့အလှူအဖြစ် နားမကြားသောကလေးသူငယ်များအတွက် (၂၉.၅.၂၀၂၂) ကလေးသူငယ်များ အသိဉာဏ်ပညာကြွယ်ဝစေရန် ပညာသင်ကြားပေးနေသော ကျောင်းလေးတစ်ခုသို့ လိုအပ်သည့် အကူအညီများဖြစ်ထွန်းနိုင်ရန် သွားရောက်လှူဒါန်းနိုင်ခဲ့ပါသည်။ ဘဝကိုအရှုံးမပေးပဲ လောကဓံကို ကြံကြံခံရင်ဆိုင်နေသည့် ကလေးသူငယ်များကို ကြည့်ရှုပြီးစိတ်ဓာတ်ခွန်အားများ ရရှိခဲ့ပါသည်။ ဦးထုံရွှေပန်းထိမ်နှင့်ရတနာရွှေဆိုင်ကို ယခုကဲ့သို့ အလှူများပြုလုပ်နိုင်ရန် ဝယ်ယူအားပေးလျက်ရှိကြသော မိတ်ဟောင်းမိတ်သစ် Customer များကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်းနှင့် မိမိတို့တွင် ရှိကြသော ဘဝအခက်အခဲများအားလုံးလည်း ပြေပျောက်ပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သလိုက်ရပါသည်။ ယနေ့ပြုလုပ်ရသော အလှူဒါနကို ဦးထုံရွှေပန်းထိမ်နှင့်ရတနာရွှေဆိုင်မှ မိတ်ဟောင်းမိတ်သစ် Customer များနှင့်တကွ မိဘပြည်သူများအားလုံး သာဓုခေါ်နိုင်ကြပါစေရန် ဆုတောင်းမေတ္တာပို့သပေးလိုက်ပါသည်။