ပရဟိတ ကောင်းမှုပြုခြင်း

မေတ္တာဝါဒီဟင်္သာတပရဟိတကျောင်းတိုက်(သမိုင်း)

Philanthropic 3 1

ကျောင်းတိုက်သို့ ခြေချလိုက်တာနဲ့ မေတ္တာဓာတ်များ၊ နွေးထွေးမှုများ နှင့် ကြင်နာမှုများက ကျွန်ုပ်တို့၏နှလုံးသားကို ဖုံးလွှမ်းသွားသလို ခံစားလိုက်ရပါသည်။ ကျောင်းတိုက်လေးထဲတွင် တိုင်းရင်းသားမျိုးစုံ၊ လူမျိုးပေါင်းစုံ မိဝေး ဖဝေး၊ မိမဲ့ ဖမဲ့ ကျောင်းသားလေးများအား မေတ္တာဓာတ်အပြည့်ဖြင့် စောင့်ရှောက် ခိုလှုံခွင့်ပေးထားသော ပရဟိတကျောင်းတိုက်လေးဖြစ်သည်။ ခိုကိုးရာ၊ အားကိုးရာမဲ့နေ‌‌သော ကလေးသူငယ်များ၊ မိဘများကို အရိပ်အာဝါသနှင့် လုံခြုံနွေးထွေးမှုများကို ပေးစွမ်းနိုင်သော ပရဟိတကျောင်းလေးပဲဖြစ်ပါသည်။ အေးချမ်းသော ပရဟိတကျောင်းလေးရှိ ကလေးများနှင့်မိဘများအတွက် အထွေထွေလိုအပ်မှုတို့အတွက် ယနေ့(၆၊ ၆၊၂၀၂၁)တွင် ကျွန်ုပ်တို့ အလှူဒါန ပြုခဲ့ရပါသည်။ ထိုသို့ အလှူဒါနပြုနိုင်ခဲ့ရခြင်းမှာလည်း ဦးထုံရွှေပန်းထိမ်သို့ အစဉ်အမြဲအားပေးနေသော ရွှေချစ်သူမိတ်ဟောင်းမိတ်သစ်များရဲ့ကျေးဇူးကြောင့်ပင် ဖြစ်ပါသည်။ ဤအလှူကို ဦးထုံသို့ အားပေးနေသော မိတ်ဟောင်းမိတ်သစ် မိဘပြည်သူများနှင့်အတူ နတ်လူ သာဓု ခေါ်စေသော် . . .