ပရဟိတ ကောင်းမှုပြုခြင်း

တိုင်းရင်သားလူမျိုး မိဘမဲ့ကလေးများဖွံဖြိုးရေး ပရဟိတ(ကျား)ကျောင်း

4

ဦးထုံရွှေပန်းထိမ်နှင့်ရတနာရွှေဆိုင်ကို စတင်ဦးစီးတည်ထောင်ခဲ့သော ဦးထုံ၏နှစ်(၁၀၀)ပြည့်မွေးနေ့အလှူအဖြစ် တိုင်းရင်းသားလူမျိုး မိဘမဲ့ကလေးများဂေဟာဖြစ်သော ကျားကျောင်းသို့ လိုအပ်သည်များကို သွားရောက်လှူဒါန်းနိုင်ခဲ့ပါသည်။ ကျောင်းလေး၏ ရည်ရွယ်ချက်မှာ မိဝေး၊ ဖဝေး၊ မိဘမဲ့ကလေးများဖြစ်သော တိုင်းရင်းသားလူမျိုးစုကလေးများကို နွေးထွေးကြင်နာစွာ ပြုစုပျိုးထောင်နိုင်ရန် အကောင်းဆုံးကြိုးစားသွားမည့် ရည်ရွယ်ချက်လေးဖြစ်ပါသည်။ ဦးထုံရွှေဆိုင်မိသားစုများ နှစ်စဉ်နှစ်တိုင်းအလှူဒါန်း ပြုလုပ်နိုင်ခဲ့သည်မှာ စဉ်ဆက်မပြတ်ဝယ်ယူအားပေးသည့် Customers များ၏ ကျေးဇူးကြောင့်သာ ဖြစ်ပါသည်။ ဦးထုံရွှေဆိုင်မိသားစုများ နှင့်ထပ်တူ ပြုလုပ်ခဲ့သည့် ကောင်းမှုကုသိုလ်အစုစုကို ထပ်တူထပ်မျှရရှိနိုင်ရန် မျှဝေပေးလိုက်ပါသည်။

မိဘမဲ့ကလေးများဂေဟာဖြစ်သော (ကျား)ကျောင်း သို့ဆက်သွယ်ရန်
အမှတ်(၆)ရပ်ကွက်၊ ဘူတာရုံလမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန်တိုင်း။
ဖုန်းနံပါတ် 01-535784