ပရဟိတ ကောင်းမှုပြုခြင်း

တိုင်းရင်းသားလူမျိုးမိဘမဲ့ကလေးများဖွံ့ဖြိုးရေးပရဟိတ(ကျား)ကျောင်း

Tiger Monastery 1

“မဲ့နေသူကို ပြုံးအောင်လုပ်ပါမည်”ဆိုတဲ့ သူတို့ရဲ့ဆောင်ပုဒ်အတိုင်း ခိုကိုးရာမဲ့နေတဲ့သူတို့လေးတွေရဲ့ မျက်နှာလေးအပေါ်ကို အပြုံးလေးတွေ ယူဆောင်ပေးနေတဲ့ တိုင်းရင်းသားလူမျိုးမိဘမဲ့ကလေးများကျောင်းကို ရောက်ရှိခဲ့ပါပြီ။ ရောက်ရှိသွားတဲ့အချိန်မှာတော့ မိုးတွေ တသည်သည်းရွာသွန်းနေပေမယ့် ရင်ထဲကလာတဲ့ ဂရုဏာမိုးနဲ့ အကြင်နာမိုးတွေလောက်တော့ ပြင်းပြလိမ့်မယ် မထင်ပါ။ ဤမိုးဟာ မြန်မာတစ်နိုင်ငံလုံးအနှံ့ မရွာသွန်းနိုင်ပေမယ့် နိုင်ငံအနှံ့ရှိတိုင်းရင်းသား မိဘမဲ့ကလေးများဆီကိုတော့ မေတ္တာမိုးတို့ ရောက်အောင် ရွာသွန်းနိုင်ခဲ့ပါပြီ။ ယခုလို ပီတိဖြစ်ဖွယ် အခိုက်အတန့်လေးကို ဖန်တီးပေးနိုင်ခဲ့တာကလည်း ဦးထုံရွှေပန်းထိမ်သို့ ယုံယုံကြည်ကြည်ဝယ်ယူအားပေးကြတဲ့ ရွှေချစ်သူမိဘများရဲ့ကျေးဇူးများကြောင့်သာ ဖြစ်ပါတယ်။ လူနတ်ခပ်သိမ်း သာဓုအနုမောဓနာခေါ်ဆိုနိုင်ပါစေသော် . . .