ပရဟိတ ကောင်းမှုပြုခြင်း

တိုင်းရင်းသားလူမျိုး မိဘမဲ့ကလေးများ ဖွံ့ဖြိုးရေး ပရဟိတ (ကျား)ကျောင်း

Philanthropic 5 1

ယနေ့ (၆၊ ၆၊ ၂၀၂၁) တွင် တိုင်းရင်းသားလူမျိုး မိဘမဲ့ကလေးများကျောင်းတွင် ခိုကိုးရာမဲ့နေသော သူတို့လေးတွေဆီကို အလှူဒါန ပြုလုပ်ရန်အတွက် ရောက်ရှိခဲ့ပါပြီ။ ထိုကျောင်းလေး၏ရည်ရွယ်ချက်မှာ မိဝေး၊ ဖဝေး, မိမဲ့၊ ဖမဲ့ ဖြစ်နေကြသော တိုင်းရင်းသား လူမျိုးစုကလေးများကို နွေးထွေးစွာ ပြုစုပျိုးထောင်ပေးနေသည့် ရည်ရွယ်ချက်ကောင်းလေးရှိသော ပရဟိတကျောင်းလေးပင် ဖြစ်ပေသည်။ ခိုကိုးရာမဲ့နေတဲ့ သူတို့လေးတွေကို ကျွန်တော်တို့ ရင်ထဲကလာတဲ့ စေတနာစိတ်၊ မေတ္တာစိတ်၊ လူသားချင်းကိုယ်ချင်းစာနာစိတ်တို့ဖြင့် လိုအပ်မှုတို့ကို အလှူဒါန ပြုလုပ်ခဲ့ပါသည်။ ထိုသို့ အလှူဒါနပြုလုပ်နိုင်ခြင်းမှာ ဦးထုံရွှေပန်းထိမ်နှင့် ရတနာရွှေဆိုင်တွင် အစဉ်အမြဲဝယ်ယူအားပေးကြတဲ့ ရွှေချစ်သူ မိတ်ဟောင်း၊ မိတ်သစ် Customer များကြောင့်သာဖြစ်ပေသည်။ ဤသို့ပြုလုပ်ခဲ့သည့် ကုသိုလ်ကောင်းမှုအစုစုကို ဦးထုံရွှေပန်းထိမ်နှင့် ရတနာရွှေဆိုင်မှ အစဉ်အမြဲ ဝယ်ယူအားပေးခဲ့ကြသည့် Customer များနှင့်တကွ မိဘပြည်သူများအားလုံး နတ် လူ သာဓုခေါ်ကြပါစေသော် . . .