ပရဟိတ ကောင်းမှုပြုခြင်း

စိတ်ကျန်းမာရေးဆေးရုံကြီးအလှူ

Hospital Donation 1

ယနေ့ ဒဂုံမြို့သစ်မြို့နယ်ရှိ ရွာသာကြီး စိတ်ကျန်းမာရေးဆေးရုံသို့ သွားရောက်လှူဒါန်းမှုပြုခဲ့ပါသည်။ ယခုလို COVID-19 ရောဂါကြောင့် အလှူရှင်များနှင့် လှူဒါန်းမှုများလိုအပ်နေချိန်တွင် ပေးလှူခဲ့ရသည့်အတွက် ဦးထုံရွှေပန်းထိမ်နှင့်ရတနာရွှေဆိုင်မိသားစုမှ များစွာဝမ်းသာပီတိဖြစ်မိရပါသည်။ ယခင်ကသွားရောက်လှူဒါန်းခဲ့စဉ်အခါကလည်း စိတ်ရောဂါဝေဒနာရှင်များအား ကြက်သား(အရိုးထုတ်)နှင့် အားလူးထမင်း၊ ဟင်း များအား စားသုံးနေသည်ကို ကြားသိရသောအခါ လူ့ဘဝ၌ ကံကံချင်းအတူ၊ အကျိုးပေးတရားချင်းမတူ၊ ဝဋ်ကြွေး ကံကြွေးအကျိုးပေးရာကို အထူးသံဝေဂရမိပါသည်။ ဤကဲ့သို့စိတ်ဝေဒနာခံစားသူများ၊ ဝဋ်ကြွေးမှ အမြန်ကျေ၍ လူ့ဘဝ၏ အနှစ်သာရအား အမြန်ဆုံးရရှိနိုင်ပါစေကြောင်း ဆုမွန်ကောင်းပို့သလိုက်ပါသည်။ ဆေးရုံရှိ ဝန်ထမ်းများနှင့် ဆရာဝန်များအားလုံး၏ မေတ္တာစေတနာကိုလည်း အထူးပင်လေးစားလျက် ဦးထုံရွှေပန်းထိမ်နှင့်ရတနာရွှေဆိုင်မိသားစုမှ ဝယ်ယူအားပေးသူများနှင့်အတူ ယခုပြုသော ဒါနကောင်းမှုအစုစုတို့အား နတ်လူသာဓုခေါ်စေသော် . . .