ပရဟိတ ကောင်းမှုပြုခြင်း

သိမ်ဖြူလမ်း သီလရှင်ဆရာလေးများ၏ ဘိုးဘွားရိပ်သာ

8

ဦးထုံရွှေဆိုင်ကြီး၏ ပဲ့ကိုင်ရှင်ဖြစ်သော ဦးထုံ၏နှစ်ပေါင်း(၁၀၀)ပြည့် မွေးနေ့အလှူအဖြစ် သိမ်ဖြူလမ်းရှိ သီလရှင်ဆရာလေးများ၏ ဘိုးဘွားရိပ်သာကျောင်းလေးကို စေသနာ သဒ္ဒါတရားထက်သန်စွာဖြင့် သွားရောက်လှူဒါန်းနိုင်ခဲ့သည်။ အေးချမ်းရာဖြစ်သော ဘုရားရိပ်၊ တရားရိပ်တွင် ခိုလှုံပြီး ဘုရား၏သမီးတော်များအတွက် လိုအပ်သော အာဟာရအလှူကို မွန်မြတ်သောစိတ်စေသနာနှင့် ပေးလှူနိုင်ခဲ့ပါသည်။ မသန်မစွမ်း၊ နာမကျန်း ဖြစ်နေသော အဘိုးအဘွားများကို မိမိတို့၏ အဘိုးအဘွားပမာ ပြုစုစောင့်ရှောက်ပေးကြသော သီလရှင်လေးများ၏ သန့်ရှင်းဖြူစင်သော မေတ္တာဓာတ်များနှင့် စေတနာတို့ကို မြင်တွေ့ရသည်မှာ အလွန်ပင်ဝမ်းသာပိတီ ဖြစ်စေပါသည်။ ဘိုးဘွားရိပ်သာကျောင်းလေး၏ လိုအပ်နေသည့် တစ်နေ့တာ အာဟာရဒါနကို လှူဒါန်းခွင့်ရခဲ့သည်မှာ ဦးထုံရွှေဆိုင်တွင် စဉ်ဆက်မပြတ်လာရောက် အားပေးကြသော မိတ်ဟောင်းမိတ်သစ် Customers များ၏ ကျေးဇူးကြောင့်သာဖြစ်ပါသည်။ ဦးထုံရွှေဆိုင်မိသားစုများနှင့်အတူ ပြုလုပ်ခဲ့သည့်ကောင်းမှုကုသိုလ်အစုစုကို နတ်လူသာဓုခေါ်နိုင်စေရန်အတွက် မျှဝေပေးလိုက်ပါသည်။ ဦးထုံရွှေဆိုင်မိသားစုများကဲ့သို့ သွားရောက်လှူဒါန်းချင်သူများအတွက် ဆရာလေးများ၏ ကျောင်းလိပ်စာလေးကို ဖော်ပြပေးလိုက်ပါသည်။

သီလရှင်လေးများ၏ ဘိုးဘွားရိပ်သာကို ဆက်သွယ်ရန်
အမှတ်(၅၃၉)၊ သိမ်ဖြူလမ်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရန်ကုန်မြို့။
ဖုန်းနံပါတ် 01-243983 /09-786591846