ပရဟိတ ကောင်းမှုပြုခြင်း

မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူလမ်းရှိ သီလရှင်လေးများ၏ ဘိုးဘွားရိပ်သာ

Philanthropic 1 1

နွေးထွေးသော မေတ္တာဓာတ်များနှင့် အေးချမ်းမှုတို့ဖြင့် လွှမ်းခြုံထားသော သီလရှင်လေးများ၏ဘိုးဘွားရိပ်သာကို ယနေ့ (၆၊ ၆၊ ၂၀၂၁)တွင် ကျွန်ုပ်တို့ရောက်ရှိခဲ့ပါသည်။ ဂရုဏာဓာတ်များနှင့် ပြည့်နှက်နေသော အဘိုးအဘွားများနှင့်သီလရှင်လေးများ၏ ကြင်နာမှုများသည် ထင်ဟက်ပြီး တောက်ပနေသည်ကို မြင်တွေ့ ခံစားလိုက်ရပါသည်။ မသန်မစွမ်း၊ နာမကျန်း ဖြစ်နေသော အဘိုးအဘွားများကို မိမိ၏အဘိုးအဘွားအရင်းပမာ ပြုစုစောင့်ရှောက်ပေးကြသော သီလရှင်လေးများ၏ သန့်ရှင်းဖြူစင်သော မေတ္တာဓာတ်များနှင့် စေတနာတို့ကို မြင်တွေ့ရသည်မှာ အလွန်ပင်ဝမ်းသာပိတီ ဖြစ်စေပါသည်။ အလွန်အေးချမ်းသောပတ်ဝန်းကျင်တွင် အဘိုးအဘွားများကို မိမိတို့အားလုံး ကိုယ်စားပြုစုပေးနိုင်ရန်အတွက် တစ်နေ့တာလိုအပ်သော အာဟာရများကို လှူဒါန်းခဲ့သောကြောင့် ဝမ်းသာပီတိဖြစ်ရပါသည်။ ထိုသို့လှူဒါန်းခဲ့မှုကြောင့် ဦးထုံရွှေပန်းထိမ်၏ မိတ်ဟောင်းမိတ်သစ်များ နှင့် အတူ နတ်လူ သာဓု ခေါ်စေသော် . . .