ပရဟိတ ကောင်းမှုပြုခြင်း

ဦးလှထွန်းမေတ္တာရိပ်မွန် (ကင်ဆာ)ဖောင်ဒေးရှင်း

2

ဦးထုံရွှေပန်းထိမ်နှင့်ရတနာရွှေဆိုင်ကြီးကို စတင်ဦးစီးတည်ထောင်ခဲ့သော ဦးထုံ၏နှစ်(၁၀၀)ပြည့် မွေးနေ့အလှူအဖြစ် (၂၉.၅.၂၀၂၂) နေ့တွင် နွေးထွေးကြင်နာမှုများနှင့် မေတ္တာစေသနာဓာတ်လွှမ်းခြုံထားသော ကင်ဆာရောဂါခံစားနေရသော ဝေဒနာရှင်များအား စောင့်ရှောက်ပေးနေသည့် ဦးလှထွန်းမေတ္တာရိပ်မွန်(ကင်ဆာ) ဖောင်ဒေးရှင်းကို နှစ်စဉ်နှစ်တိုင်းငွေပဒေသာအလှူကို လှူဒါန်းနိုင်ခဲ့ပါသည်။ “Our Duty is to Care” “Care is to Share” ဆိုသည့်‌ ဆောင်ပုဒ်အတိုင်း ဝေဒနာရှင်များကို ရုပ်ပိုင်း၊ စိတ်ပိုင်း၊ လူမှုရေးနှင့် ဘာသာရေးဆိုင်ရာများကို အဖက်ဖက်မှ နွေးထွေးကြင်နာမှုများဖြင့် စောင့်ရှောက်ပေးနေသည့် ဖောင်ဒေးရှင်းတစ်ခုဖြစ်ပါသည်။ ဝေဒနာရှင်များကို ဆေးဝါးထောက်ပံ့မှုအပြင် အခြားသောစိတ်ပိုင်းဆိုင်ရာ စောင့်ရှောက်မှုများပါပေးနေသည့် ဆရာဝန်၊ ဆရာမများ၏ စိတ်အားထက်သန်မှုကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရသည်မှာ အလွန်ပင်စိတ်ကျေနပ်မမှုများနှင့် ဝမ်းသာအားရဖြစ်စေခဲ့ပါသည်။ ဦးလှထွန်းမေတ္တာရိပ်မွန်(ကင်ဆာ) ဖောင်ဒေးရှင်းကြီးတွင် ဝေသနာရှင်များအတွက် ဦးထုံရွှေဆိုင်မှ လိုအပ်သည့်ဆေးဝါးထောက်ပံ့မှုများ၊ စားသောက်ဖွယ်ရာများအပြင် တစ်ခြားသောလိုအပ်ချက်များအတွက်ပါ အသုံးပြုနိုင်ရန်အတွက် ငွေပဒေသာအလှူကို ရာသက်ပန်လှူဒါန်းခွင့်ရခဲ့သည်မှာ အလွန်ပင်ဝမ်းမြောက်ဝမ်းသာ ဖြစ်ခဲ့ရပါသည်။ ဦးထုံ၏နှစ်(၁၀၀)ပြည့်မွေးနေ့တွင် ယခုကဲ့သို့လှူဒါန်းနိုင်ခဲ့ခြင်းမှာ ဦးထုံရွှေဆိုင်တွင် စဉ်ဆက်မပြတ်ဝယ်ယူအားပေးကြသည့် Customers များ၏ မေတ္တာကြောင့်ဖြစ်ပါ၍ ဦးထုံရွှေပန်းထိမ်နှင့်ရတနာရွှေဆိုင် မိသားစုများနှင့်အတူ ထပ်တူထပ်မျှ ရရှိနိုင်စေရန်အတွက် လှူဒါန်းပြုလုပ်ခဲ့သည့်ကို မျှဝေပေးလိုက်ပါသည်။ ဦးထုံရွှေဆိုင်မိသားများကဲ့သို့ သွားရောက်လှူဒါန်းချင်သူများအတွက် ဦးလှထွန်းမေတ္တာရိပ်မွန်(ကင်ဆာ) ဖောင်ဒေးရှင်း၏ လိပ်စာနဲ့ဖုန်းနံပါတ်လေးကို မျှဝေပေးလိုက်ပါသည်။ ဦးထုံရွှေဆိုင်၏ မိတ်ဟောင်းမိတ်သစ် Customers များနှင့်အတူ နတ်လူသာဓုခေါ်စေနိုင်ရန်အတွက် လှူဒါန်းပြုလုပ်ခဲ့သည့် ကောင်းမှုကုသိုလ်များကို မေတ္တာဘာဝနာပွားများနိုင်ပြီး ထပ်တူရရှိနိုင်ကြပါစေရန် ဆုတောင်းမေတ္တာပို့သပေးအပ်ပါသည်။

ဦးလှထွန်းမေတ္တာရိပ်မွန် (ကင်ဆာ)ဖောင်ဒေးရှင်း
ဆက်သွယ်ရန်လိပ်စာ
အမှတ်(၂) အဝေးပြေးလမ်းမကြီး၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်၊ ရန်ကုန်မြို့။
ဖုန်းနံပါတ် 01-585134