ပရဟိတ ကောင်းမှုပြုခြင်း, လူမှုပတ်ဝန်းကျင်အကျိုးပြုလုပ်ဆောင်ချက်

ဦးလှထွန်းမေတ္တာရိပ်မွန် ကင်ဆာဖေါင်ဒေးရှင်း အလှူတော်

ဦးလှထွန်း မေတ္တာရိပ်မွန်

ဦးထုံရွှေပန်းထိမ်နှင့် ရတနာရွှေဆိုင်မိသားစုကြီးသည် ကင်ဆာရောဂါဝေဒနာရှင်များအား ‌မေတ္တာရေအေး တိုက်ကျွေး၍ ကောင်းမွန်စွာ စောင့်ရှောက်ပေးနေသည့် ဦးလှထွန်းမေတ္တာရိပ်မွန်(ကင်ဆာ) ဖောင်ဒေးရှင်းကို နှစ်စဉ်နှစ်တိုင်း လှူဒါန်းခဲ့သကဲ့သို့ ယခုနှစ် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်တွင်လည်း ငွေပဒေသာများ သွားရောက်လှူဒါန်းနိုင်ခဲ့ပါသည်။ ရောဂါသည်ဝေဒနာရှင်များကို စိတ်ပိုင်းဆိုင်ရာ နှင့် ရုပ်ပိုင်းဆိုင်ရာ နှစ်မျိုးစလုံးကို စေတနာအပြည့်ဖြင့် ကူညီစောင့်ရှောက်ပေးနေသည့် ဆရာ၊ ဆရာမများကို မြင်တွေ့ရသည်မှာ လွန်စွာစိတ်ကျေနပ် ကြည်နူးရပါသည်။ “Building a fairer, healthier world” ဆိုသည့်အတိုင်း တရားမျှတသော ကျန်းမာရေးကမ္ဘာကြီးကို တတ်မြောက်ကျွမ်းကျင်ကြသော ဆရာကြီး၊ ဆရာမကြီးများနှင့်အတူ ဦးထုံရွှေပန်းထိမ်နှင့် ရတနာရွှေဆိုင်မိသားစုကြီးသည် တူယှဉ်တွဲ ပုံဖော်ခွင့်ရခြင်းမှာ တန်ဖိုးကြီးလှသော အခွင့်ထူးကြီးပင်ဖြစ်ပါသည်။ ထိုသို့သော မွန်မြတ်လှသော အလှူကြီးများကို အကောင်အထည်ဖော်ပြီး နှစ်စဉ်လှူဒါန်းနိင်ခြင်းမှာ ဦးထုံရွှေဆိုင်၏ အဖိုးဖြတ်၍မရသော ဝယ်သူများ၏ ကြီးမားလှသော ကျေးဇူးများကြောင့်ပင်ဖြစ်ပါသည်။ ပြုပြုသမျှ ကောင်းမှုကုသိုလ်များကိုလည်း နတ်လူအပေါင်း သာဓု ခေါ်ဆိုနိုင်စေရန် ဝေမျှဖော်ပြပေးလိုက်ပါသည်။ ဦးထုံရွှေဆိုင်မိသားများကဲ့သို့ သွားရောက်လှူဒါန်းချင်သူများအတွက် ဦးလှထွန်းမေတ္တာရိပ်မွန်(ကင်ဆာ) ဖောင်ဒေးရှင်း၏ လိပ်စာနဲ့ဖုန်းနံပါတ်လေးကိုလေး ညွှန်းပေးလိုက်ပါရစေရှင့်။

ဦးလှထွန်းမေတ္တာရိပ်မွန် (ကင်ဆာ)ဖောင်ဒေးရှင်း
ဆက်သွယ်ရန်လိပ်စာ
အမှတ်(၂) အဝေးပြေးလမ်းမကြီး၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်၊ ရန်ကုန်မြို့။
ဖုန်းနံပါတ် 01-585134