ဦးထုံရွှေပန်းထိမ်နှင့်ရတနာရွှေဆိုင်၏ ဦးစီးတည်ထောင်ခဲ့သော ဦးထုံ၏နှစ်(၁၀၀)ပြည့်မွေးနေ့အလှူအဖြစ် ဇီဝိတဒါန သံဃာ့ဆေးရုံကြီးကို ထပ်မံလှူဒါန်းရန်အတွက် သွားရောက်ခဲ့ပါသည်။ ယခုဆေးရုံကြီးသည် သံဃာ့တော်များနှင့်သီလရှင်ဆရာလေးများကို အခမဲ့ဆေးကုသမှုပြုလုပ်ပေးနေသည့် ကုသိုလ်ယူရာနေရာလေးဖြစ်ပါသည်။ ဤသို့မွန်မြတ်လှသော နေရာလေးတွင် လိုအပ်သည်များကို သွားရောက်လှူဒါန်းခွင့်ရရှိခဲ့သည့်အတွက် အလွန်ပင်ကြည်နူးဝမ်းသာဖြစ်ခဲ့ရပါသည်။ ကုသိုလ် အဖို့ဘာဂကို ဦးထုံရွှေပန်းထိမ်နှင့် ရတနာရွှေဆိုင်တွင် အစဉ်တစိုက် ဝယ်ယူအားပေးလျက်ရှိကြသော မိတ်ဟောင်းမိတ်သစ် Customer များအားလုံးလဲ ထပ်တူရကြ၍ အသက်ရှည်စွာ အနာမဲ့ကြောင်း တောင်းဆုပြုရင်း နတ်လူ သာဓုခေါကြပါစေရန် ဆုတောင်မေတ္တာပို့သပေးလိုက်ပါသည်။ ဦးထုံရွှေဆိုင်မိသားစုများကဲ့သို့ သွားရောက်လှူဒါန်းချင်သူများအတွက် သံဃာ့ဆေးရုံကြီး၏ လိပ်စာကိုဖော်ပြပေးပါလိုက်ပါသည်။
ဇီဝိတဒါန သံဃာ့ဆေးရုံကြီးသို့ ဆက်သွယ်လှူဒါန်းရန်
အမှတ်(၃၈)၊ ကိုယ့်မင်းကိုယ့်ချင်းလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်းနံပါတ် 01-541795 /09-558436