ဦးထုံရွှေပန်းထိမ်နှင့် ရတနာရွှေဆိုင်မိသားစုကြီးသည် ပျဉ်းမနားမြို့ရှိ ချယ်ရီလမ်းတွင်တည်ရှိသော သုဓမ္မာ သာသနာပြုရိပ်သာအဆောက်အဦးကြီး ဆောက်လုပ်ရန်အတွက် ငွေပဒေသာအလှူများ နှစ်စဉ်ပြုလုပ်ခဲ့သကဲ့သို့ ယခုမြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်တွင်လည်း သွားရောက်၍ ငွေပဒေသာစိုက်ထူနိုင်ခဲ့ပါသည်။ သက်ကြီးရွယ်အိုများ စိတ်ချမ်းမြေ့မွေ့လျော်စွာဖြင့် ဉပုသ်သီလတရားဘာဝနာပွားများနိုင်ရန် အေးချမ်းသော သာသနာ့အဆောက်အဦးကြီးဆောက်လုပ်ရာတွင် ပါဝင်လှုဒါန်းနိုင်သည်မှာ ဦးထုံရွှေပန်းထိမ်နှင့် ရတနာရွှေဆိုင်တွင် စိတ်ချယုံကြည်စွာဖြင့် ဝယ်ယူအားပေးကြသည့် ချစ်မြတ်နိုးရသော Customer များ၏ကျေးဇူးများကြောင့်ပင်ဖြစ်ပါသည်။ ဤသို့ လှူဒါန်းရသော ကောင်းမှုကုသိုလ်များကို ထပ်တူရကြနိုင်ရန် နှင့် နတ် လူအပေါင်း ‘သာဓု ‘အလွန်မောဓန ခေါ်ယူနိုင်ရန် ရည်ရွယ်၍ မျှဝေဖော်ပြပေးလိုက်ပါသည်။
ပျဉ်းမနားမြို့ရှိ သုဓမ္မာ သာသနာပြုရိပ်သာအဆောက်အဦး ငွေပဒေသာ

25
May