ပြည်တွင်းသတင်း

လက်ရှိကုန်ဈေးနှုန်းအခြေအနေ ( July လ, 2021 )

business 1676138 1920

ဒီအပတ်အတွက်တင်ပြပေးချင်တဲ့အကြောင်းအရာလေးကတော့ July လကုန်မှာ မြန်မာနိုင်ငံရဲ့ ကုန်ဈေး‌နှုန်းအခြေအနေလေးတွေနဲ့အတူ လက်ရှိရင်ဆိုင်ကြုံတွေ့နေရတဲ့ စီးပွားရေးပြသာနာလေးတွေကို အားလုံးအတွက်မျှဝေပေးချင်ပါတယ်။

လက်ရှိမှာတော့ အားလုံးရင်ဆိုင်ကြုံတွေ့နေရတဲ့ Covid 19 တတိယလှိုင်းရဲ့ရိုက်ခက်မှုဒဏ်ကြောင့် မြန်မာတစ်နိုင်ငံလုံးမှာ ကျန်းမာရေးပြသာနာများစွာကို ခါးစည်းခံစားနေကြရပါတယ်။ မိုးရာသီဖြစ်တဲ့အလျှောက် သာမန်တုတ်ကွေးရောဂါတွေအပြင် Covid 19 ရဲ့ တစ်ကြော့ပြန်ဆိုးရွားလာမှုတွေကြောင့် နိုင်ငံတစ်ဝှမ်းလုံးမှာ အလုပ်ပိတ်ရက်များအနေဖြင့် Stay Home ကာလအဖြစ် ဩဂုတ်လ 8 ရက်နေ့အထိ ထပ်တိုးကြေညာထားရတာပဲဖြစ်ပါတယ်။

July လစကတည်းက Covid 19 တစ်ကြော့ပြန်အခြေအနေတွေကြောင့် စီးပွားရေးလုပ်ငန်းအများစု ထပ်မံရပ်နားလိုက်ရပြီး စားသောက်ကုန်နှင့် ဆေးဝါးပစ္စည်းများမှာလည်း ဈေးနှုန်းများစွာမြင့်တက်ခဲ့ပြီး လက်ရှိအချိန်ထိ ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများမှာ ဈေးနှုန်းမြင့်တက်လျှက်ရှိနေပါတယ်။
ဒါအပြင့် Covid 19 ( အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ) ကြောင့်လည်း Oxygen လိုအပ်မှုပြသာနာများကိုအဓိကကြုံတွေ့နေရပြီး Oxygen အိုးများ၊ Oxygen Concentrator များ ဈေးနှုန်းမြင့်တက်လာပြီး Oxygen ပြတ်လတ်မှုတွေကိုလည်း ရင်ဆိုင်နေကြရပါတယ်။

အခြေခံစားသောက်ကုန်ပစ္စည်းများနှင့် ဆေးဝါးပစ္စည်းများမှလွဲ၍ ကျန်တဲ့ အရောင်းအဝယ်များအားလုံး လုပ်ငန်းအရောင်းအဝယ်ပါးခဲ့ပြီး မြန်မာနိုင်ငံရဲ့ အဓိကစီးပွားရေးလုပ်ငန်းနှစ်ခုဖြစ်တဲ့ ရွှေဈေးနှင့် ဒေါ်လာဈေးတို့မှာ
ဈေးနှုန်းမတည်ငြိမ်မှုနှင့်အတူ ဈေးကျဖို့အရိပ်အယောင် မရှိတာကြောင့်လည်း အရောင်းအဝယ်အေးလျှက်ရှိနေပါတယ်။ ကုန်ဈေးနှုန်းများ အဆမတန်မြင့်တတ်လာမှုများကြောင့် မြန်မာ့ငွေကြေးများကမ္ဘာ့ငွေကြေးဈေးကွက် တန်ဖိုးကျဆင်းလျှက်ရှိနေပါတယ်။ အဘယ်ကြောင့်ဆိုသော် လုပ်ငန်းများပြန်လည် ဦးမော့နိုင်မည့် အရိပ်အချေအစား အခြေခံစီးပွားရေးလုပ်ငန်းများ အားလုံးနီးပါးရပ်ဆိုင်းထားလိုက်ရတဲ့ အခြေအနေတွေအပြင် ဘဏ်လုပ်ငန်းတွေရဲ့ ငွေကြေးထုတ်ယူရမှာ အဆင်မပြေမှုကြောင့် မြန်မာ့စီးပွားရေး အခြေအနေများမှာ အနှုတ်ဖက်ကို ဦးတည်လျှက်ရှိနေတာပဲဖြစ်ပါတယ်။

အခုချိန်မှာ လူတိုင်းနီးပါးဟာ ကျန်းမာရေးပြသာနာတွေကို ဦးစွာဖြေရှင်းနေရတာအပြင်  နိုင်ငံရေးအခြေအနေ များကြောင့်လည်း လက်ရှိမှာ အလုပ်အကိုင်ရှားပါးလာခြင်း၊ လုပ်ငန်းများပိတ်သိမ်းလိုက်ရခြင်းနှင့် ငွေကြေးလက်ဝယ်ပြတ်လက်လာခြင်းတွေကိုပါ ရင်ဆိုင်ကြုံတွေ့နေရတာပဲ ဖြစ်ပါတယ်။ ပြန်လည်စတင်နိုင်ဖို့အနေအထားအားဖြင့် အမြန်ဆုံး ဩဂုတ်လ 8 ရက်နေ့ နောက်ပိုင်း သို့မဟုတ် ပိတ်ရက် Stay Home ကာလအကျော်မှာတော့ လုပ်ငန်းများအနည်းငယ် ပြန်လည်စတင်နိုင်ဖို့မျှော်လင့်ပါတယ်။ ဒါကြောင့်လက်ရှိအချိန်မှာ မိမိရဲ့ ကျန်းမာရေးနဲ့ မိသားစု ကျန်းမာရေးကို ဦးစွာဂရုစိုက်ပါ။ အာဟာရပြည့်အောင်စားသောက်နေထိုင်ပါ။ အိပ်ရေးဝအောင်အိပ်ပါ။ မပြင်းထန်သော ကိုယ်လက်လှုပ်ရှားမှုတစ်ခုခုရှိအောင်နေထိုင်ပါ။ ကိုယ့်ကိုယ်ကိုဂရုစိုက်စောင့်ရှောက်ခြင်းဖြင့်သာ ကျန်းမာရေး ကပ်ဆိုးကြီးကိုရင်ဆိုင်ကျော်ဖြတ်နိုင်မှာဖြစ်တာကြောင့် အားတင်းထားဖို့လည်း အားပေးချင်ပါတယ်။

ဒီအပတ်အတွက်မျှဝေပေးထားတဲ့ July လကုန်မှာ မြန်မာနိုင်ငံရဲ့ကုန်ဈေး‌နှုန်းအခြေအနေလေးတွေနဲ့အတူ လက်ရှိရင်ဆိုင်ကြုံတွေ့နေရတဲ့ စီးပွားရေးပြသာနာလေးတွေကိုသိရှိပြီး အစစအရာဂရုစိုက်ခြင်းဖြင့် ရင်ဆိုင်ကျော်ဖြတ်ရင်း နောက်အပတ်တွေမှာ မျှဝေပေးမယ့် စိတ်ဝင်စားစရာ ဆောင်းပါးလေးတွေနဲ့အတူ ပြန်လည်ဆုံတွေ့ကြပါစို့။