ဆောင်းပါး, ပညာရေး, ရွှေအကြောင်းသိကောင်းစရာ

ရွှေနဲ့ ပလက်တီနမ်တို့ကဘယ်လိုတွေ ကွာခြားတာလဲ?

Gold vs. Platinum

လက်ဝတ်ရတနာ ဈေးကွက်ထဲမှာဆိုရင် ရွှေနဲ့ပလက်တီနမ်က ရောင်းအား အကောင်းဆုံးနဲ့ ဝယ်လက် အများဆုံး လက်ဝတ်ရတနာတွေပါပဲ။ ဒါ့အပြင် ရွှေနဲ့ ပလက်တီနမ်တို့က စေ့စပ်လက်စွပ်တို့၊ လက်ထပ်လက်စွပ်တို့ အများဆုံး လုပ်ကြတဲ့ လက်ဝတ်ရတနာ သတ္တုတွေပဲဖြစ်ပါတယ်။ ပစ္စည်းနှစ်မျိုးလုံးက ပြိုင်ဘက်ကင်းပြီးတော့ တစ်ခုစီမှာ ကောင်းတဲ့ အချက်တွေနဲ့ တူညီတဲ့အချက်တွေ ရှိပါတယ်။ ရွှေရယ် ပလက်တီနမ်ရယ်မှာ ဘယ်ဟာက ဈေးနှုန်း၊ ခံနိုင်ရည်၊ သက်တောင့်သက်သာ ပိုသာမလဲဆိုတာ နှိုင်းယဉ်ကြည့်ကြရအောင်။ တကယ်လို့ သင်က အဖြူရောင်ကို သဘောကျလို့ အဖြူနဲ့ပဲ လက်ဝတ်ရတနာ လုပ်ချင်တယ်ဆိုရင်တော့ ရွှေဖြူနဲ့ ပလက်တီနမ်ထဲက ကြိုက်နှစ်သက်ရာကို ရွှေးချယ်နိုင်ပါတယ်။ရွှေဖြူနဲ့ ပလက်တီနမ်က အသွင်အပြင်အရဆိုရင် အရောင်သွားတူနေတော့ ဆတ်ခနဲဆို မှားနိုင်တယ်ပေါ့နော်။အဲ့တော့ သူတို့နှစ်ခုမှာ ဘာတွေများ ကွဲပြားသွားတာလဲ ဆိုတဲ့ မေးခွန်းတွေ ထွက်လာနိုင်ပါတယ်။ မတူတဲ့ အချက်ကတော့ ရွှေက သဘာဝတွင်းထွက်ပစ္စည်း မဟုတ်ဘူး။ သူ့ကို အဖြူရောင် လိုချင်ရင် အဖြူရောင်သတ္တုဖြစ်တဲ့ Palladium ဒါမှမဟုတ် ငွေထည်နဲ့ ပေါင်းစပ်ပေးရပါတယ်။ အဝါ လိုချင်ရင်လည်း အနီရောင်ဖြစ်တဲ့ ကြေးနီတို့နဲ့ ပေါင်းစပ်ရပါတယ်။

ရွှေက သူ့ချည်းသက်သက်ဆိုရင် အရမ်းပျော့တော့ ကိုယ်လိုချင်တဲ့ ပုံစံရဖို့ မဖြစ်နိုင်တဲ့ အတွက် တခြားသတ္တုတွေနဲ့ ရောစပ်ပေးရပါတယ်။ အဲ့ဒီအခါမှ ကိုယ်လိုချင်တဲ့ ပုံလုပ်ယူလို့ရတာပါ ပြီးတော့ ရောလိုက်တဲ့ သတ္တုအရောင်လိုက် ထွက်လာတဲ့ အရောင်လဲ ပြောင်းသွားပါတယ်။
ရွှေနဲ့ ပလက်တီနမ်မှာ ကြာရှည်ခံနိုင်မှုကို ပြောမယ်ဆိုရင် ပလက်တီနမ်က ပိုပြီးတော့ အလေးချိန်ရော ခိုင်ခံ့တာရော ရွှေထက် ပိုကောင်းပါတယ်။ပလက်တီနမ်က ၉၀%  သန့်စင်ပြီးသားဆိုတော့ အရောင်ထွက်အားလည်း ကောင်းပါတယ်။ရွှေထက် ပိုပြီးတော့ သိပ်သည်းဆများတဲ့ အတွက် လက်စွပ်ချင်းပုံစံတူရင်တောင် ပိုကောင်းပါတယ်။ ပလက်တီနမ်က ပိုပြီးတော့ အလေးချိန်ရှိနေတာပါပဲ။ ဒါပေမယ့် သက်သက်သာသာ ဝတ်ဆင်ချင်ရင်တော့ ရွှေပဲ ဝယ်ဖို့ ပြောချင်ပါတယ်။ ပလက်တီနမ်က အလေးချိန် ပိုရှိတဲ့အတွက် အမြဲတစေ ဝတ်မယ့် သူများအတွက်ဆိုရင် သက်သက်သာသာ ဝတ်နိုင်ဖို့ ခက်ခဲပါလိမ့်မယ်။ ရွှေကို ချမ်းသာခြင်း၊ ဉာဏ်ပညာကြီးခြင်းနဲ့ ကောင်းချီးပေးခြင်း ဆိုပြီး ခရစ်ယာန် သမ္မာကျမ်းရဲ့ “Golden Rule” မှာ အဓိပ္ပာယ်ဖွင့်ဆိုထားခဲ့ပါတယ်။ ရွှေက မင်္ဂလာပွဲတွေ၊ စေ့စပ်ပွဲတွေမှာ ဆိုရင်တော့ ရှေးအကျဆုံး ရိုးရာရတနာ အနေနဲ့ သတ်မှတ်ကြတယ်။ ပြီးတော့ နှစ် ၅၀ ပြည့် မင်္ဂလာသက်တမ်းကိုလည်း ရွှေရတု အဖြစ်သတ်မှတ်ခဲ့တာကို ကြည့်ခြင်းအားဖြင့် ရှေးယခင်ကတည်းက အမြတ်တနိုးထားတဲ့ ရတနာအဖြစ် ရှေးဆန်ခြင်း၊ အမြင်တင့်တယ်ခြင်း၊ သိမ့်မွေ့ခြင်း စတဲ့ အဓိပ္ပာယ်တွေကိုဖော်ဆောင်နေပါတယ်။

ဈေးနှုန်းအရ ကြည့်မယ်ဆိုရင် ပလက်တီနမ်က ဈေးပိုကြီးနိုင်ပါတယ်။ပလက်တီနမ်က ၉၀%ကို ပလက်တီနမ်ဖြစ်နေလို့ပါပဲ။ ပြီးတော့ ရှားပါးအမျိုးအစားဖြစ်ပြီးတော့ ရွှေထက်ပိုပြီးတော့လည်း အထွက်နည်းပါတယ်။ ရွှေနဲ့ ယှဉ်ရင် ဆယ်ဆ တစ်ဆလောက်ပဲ နှစ်စဉ်ထွက်တာကြောင့် ရှားပါးသတ္တုတစ်မျိုးဖြစ်ပါတယ်။ ဒါကြောင့်မို့ ရွှေနဲ့ ပလက်တီနမ်မှာ ပလက်တီနမ်က ထက်ဝက်ကို ဈေးကြီးနေပါတယ်။ အကယ်၍ သင်က အဖြူနဲ့ပဲ လက်ဝတ်ရတနာတွေ လုပ်ချင်တယ် ဒါပေမယ့် ငွေကြေးအရ ချွေတာချင်တယ်ဆိုရင် ရွှေဖြူကို ပလက်တီနမ်အစားသုံးနိုင်ပါတယ်။ ပြီးတော့ လက်ဝတ်ရတနာတွေရဲ့  အလေးချိန်နဲ့ ကိုယ်လိုချင်တဲ့ ပုံစံကိုလည်း ထပ်ဖြည့်ပြီး သုံးနိုင်ပါတယ်။ ဒါပေမယ့် နီကယ်နဲ့ Allergic ရှိတဲ့ သူတွေဆိုရင်တော့ ရွှေက သတ္တုစပ်တဲ့ နေရာမှာ နီကယ်က အရေးကြီးတဲ့ သတ္တုစပ်ဖြစ်တဲ့အတွက် ပလက်တီနမ်ကိုပဲရွေးဝတ်သင့်ပါတယ်။ နောက်တစ်ချက်အနေနဲ့ ကတော့ ရွှေက နှစ်စဉ်မဟုတ်တောင် နှစ်ခြား သို့မဟုတ် သုံးနှစ်ခြားတစ်ခါ အရောင်ပြန်တင်ရပေမယ့် ပလက်တီနမ်ကတော့ အရောင်ပြန်တင်ပေးစရာမလိုတဲ့အတွက် ငွေအကုန်အကျ နည်းနည်း သက်သာတယ်လို့ ဆိုရပါမယ်။