ပြည်တွင်းသတင်း

August လအတွင်းရွှေဈေးဒေါ်လာဈေးအတက်အကျများ

local gold dollar news august

လက်ရှိ ရွှေဈေး ဒေါ်လာဈေးများသည်  ပြင်ပအခက်အခဲများ၊ ပြည်တွင်း ပြည်ပ ပို့ဆောင်ဆက်သွယ်ရေး အခက်အခဲများ၊ ကမ္ဘာ့ရွှေဈေး အတက်အကျကြမ်းမှုများကြောင့် ပြည်တွင်း၏ ဈေးကွက်မှာ မတည်ငြိမ်မှုများစွာ ဖြစ်ခဲ့ပါသည်။ ပုံမှန်အားဖြင့် ရွှေဈေးအတက်အကျမှာ Supply & Demand ပေါ် မူတည်သော်လည်း ယခုမူ ဒေါ်လာ ဝယ်စုလိုအားများမှုနှင့် သွင်းကုန် ထုတ်ကုန် ဒေါ်လာ အသွားအလာ ခက်ခဲမှုကြောင့် ပြည်တွင်းရွှေဈေးသည် ဒေါ်လာဈေးကွက်၏ ရိုက်ခတ်မှုကြောင့် များစွာ အခြေခံ၍ ပြောင်းလဲလာပါသည်။

ဒေါ်လာဈေး၊ ရွှေဈေးများသာမက   ကုန်ပစ္စည်းများ၊ ကုန်ဈေးနှုန်းများပါ သိသိသာသာ တက်လာလျက်ရှိပါသည်။
ကိုဗစ်  19  တတိယလှိုင်း ပြန်လည်စတင်ပြီးနောက်ပိုင်းတွင် ဈေးကွက် မတည်ငြိမ်မှုများဟာ ယခင်ထက် ပိုမို  မြင့်တက်လာပြီး၊ မြန်မာ့ ငွေကြေးသည် ကမ္ဘာ့ ငွေကြေးနှင့် ‌ဈေးနှုန်းမတိမ်းမယိမ်း ဖြစ်ပေါ်ခဲ့ပါသည်။

ဘဏ်လုပ်ငန်းများမှ ငွေကြေးထုတ်ယူမှုသည်လည်း ပိုမို ခက်ခဲလာခြင်းကြောင့် ငွေသားစုဆောင်းခြင်းထက် ဒေါ်လာ၊ ရွှေ စုဆောင်းသူသာ များပြားလာပါသည်။ ပုံမှန်ထက် Online Platform ဈေးကွက်များမှတဆင့် အထည်ပစ္စည်းများ ပြန်လည် ရောင်းချခြင်း၊ ဝယ်ယူခြင်းများလည်း  ကျဆင်းလာပါသည်။ Mobile Banking များမှ ဝယ်လိုအား များလာသော်လည်း ဘဏ်များမှ ငွေကြေးထုတ်ယူရာတွင်လည်း များစွာခက်ခဲမှုကြောင့် အဆင်မပြေမှုများ ရှိနေပါသည်။ ထိုကြောင့် ငွေသားဖြင့် ပေးချေရသော ကုန်ကြမ်းဈေးကွက်များတွင် ကုန်ကြမ်းများ၏ တန်ဖိုးများမှာ ပုံမှန်ဈေးထက်ပိုပြီး ငွေပေးချေရခြင်း၊ ငွေသား လဲလှယ်ထုတ်ယူရခြင်းများကြောင့် ငွေကြေးဖောင်းပွမှု အခက်အခဲများစွာ ဖြစ်ပေါ်လာရပါသည်။

ထို့အပြင် မြန်မာ့စီးပွားရေး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အများစုဟာ ရပ်ဆိုင်းထားရပြီး  တချို့မှာ   ပြည်ပသို့ ပြန်လည်ထွက်ခွာသွားမှုများကြောင့် အလုပ်အကိုင်ရှားပါးလာခြင်း၊ အလုပ်လက်မဲ့လူဦးရေတိုးများလာခြင်း၊ ကျန်းမာရေး လိုအပ်ချက်များနှင့် ရင်ဆိုင်နေရခြင်းကြောင့် ကုန်ဈေးနှုန်း မြင့်တက်လာမှုတွေနဲ့အတူ ရွှေဈေးကွက်၊ ဒေါ်လာဈေးကွက်မှာလည်း ပုံမှန်ထက် မိနစ်နှင့်အလိုက် မြန်ဆန်နေပါသည်။

လွန်ခဲ့သော ရက်ပိုင်းများအတွင်း ဒေါ်လာနှုန်းထား အတက်အကျများမှာ ပြည်ပအခြေအနေများနှင့် Online Platform များတွင် ဝယ်လိုအားများနေမှုကြောင့် ၁၇၉၀ကျပ် ဝန်းကျင်ထိ ပေါက်ဈေး ရောက်နိုင်ခဲ့ပါသည်။ ပြည်ပအခြေအနေများကြောင့် လာမည့်ကာလများတွင် ဒေါ်လာဈေးနှုန်းများ မြှင့်တက်လာနိုင်ချေလည်း ရှိနိုင်ပါသည်။

ထိုကြောင့် တည်ငြိမ် ကောင်းမွန်သည့် ဈေးကွက်များကို မျှော်လင့်ရင်း  မိဘပြည်သူပြည်သားများ အားလုံး ကိုဗစ် 19 ရောဂါကပ်ဘေးကြီးမှ အမြန်ဆုံး ဘေးကင်း ရန်ရှင်း ကျန်းမာကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်လိုက်ပါသည်။