ပရဟိတ ကောင်းမှုပြုခြင်း

ဦးထုံရွှေဆိုင်မိသားစုမှ ဗိုလ်ကုန်းအောင်သုခဓမ္မရိပ်သာ အလှူတော်

3

ဦးထုံရွှေပန်းထိမ် နှင့် ရတနာရွှေဆိုင် မိသားစုမှ ပဲခူးတိုင်းဒေသကြီး ဗိုလ်ကုန်းမြို့နယ်ရှိ ရဟန်း၊ သံဃာတော်များ၊ ယောကီများ တရားဘာဝနာပွားများရာ အောင်သုခဓမ္မရိပ်သာကျောင်း၌ မုဏ်ဦးဆောက်လုပ်၍ သွားရောက်လှူဒါန်းခဲ့ပါသည်။ ဒါ့အပြင် မုဏ်ဦး ဆောက်လုပ်လှူဒါန်းရာတွင် လိုအပ်သော ကြွေပြား၊ အုတ်၊ သဲ၊ ကျောက် စသည့်လှူဖွယ်ပစ္စည်း အစုစုကို သွားရောက်လှူဒါန်းခဲ့ပါသည်။ ထိုကဲ့သို့ လှူဒါန်းနိုင်ခြင်းမှာ ဦးထုံရွှေပန်းထိမ် နှင့် ရတနာရွှေဆိုင်တွင် အစဉ်အဆက်မပြတ် ဝယ်ယူအားပေးနေသော မိတ်ဟောင်းမိတ်သစ် Customer များကြောင့် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ချစ်ခင်နှစ်သက်ရသော Customer များအားလုံးလည်း စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေလို့ ဆုတောင်းမေတ္တာ ပို့သလိုက်ပါသည်။ ဤကုသိုလ်ကောင်းမှု အစုစုကို ယခုတိုင် အားပေးလျက်ရှိသော Customer များနှင့်တကွ မိဘပြည်သူပြည်သားများ ထပ်တူထပ်မျှ ရရှိကြပြီး နတ်မြတ်နတ်ကောင်းအပေါင်းမှ သာဓုခေါ်ဆိုနိုင်စေသော် . . .