လူမှုပတ်ဝန်းကျင်အကျိုးပြုလုပ်ဆောင်ချက်

ဒလမြို့နယ်တွင်ရှိသော C.P.C Orphanage (မိဘမဲ့ဂေဟာ) အတွက်အလှူကုသိုလ်

CPC Donation

လစဉ်လတိုင်း ပရဟိတကုသိုလ်များ အစဉ်အမြဲ ပြုလုပ်လေ့ရှိသော ဦးထုံရွှေပန်းထိမ်နှင့် ရတနာရွှေဆိုင် မိသားစုများမှ ယခုအခါမှာတော့ ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်တွင် တည်ရှိသော C.P.C Orphanage ( မိဘမဲ့ ဂေဟာလေး ) အတွက် ကောင်းမှုကုသိုလ်တစ်ခုကို ပြုလုပ်နိုင်ခဲ့ပါသည်။ လှူဒါန်းဖြစ်ပုံလေးကတော့ Social Media မှ ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်တွင် တည်ရှိသော C.P.C Orphanage ( မိဘမဲ့ ဂေဟာလေး ) လေးမှာ မီးအခက်အခဲလေးနှင့် အာဟာရဒါနအလှူရှင်များ လိုအပ်နေသည် ဖြစ်ကြောင်း ကြားသိရချိန်တွင် လွန်စွာ စိတ်မကောင်း ဖြစ်မိသောကြောင့် တာဝန်ရှိသူများသို့ ဆက်သွယ်ကာ ကလေးများ ညအချိန်တွင် အလင်းရောင် ကောင်းမွန်စွာ ရရှိနိုင်ရန် ဘတ်ထရီအိုး၊ အာဟာရဒါနအဖြစ် မုန့်များ၊ အအေးများ နှင့် အဝတ်အစားများ၊ လက်သန့်ဆေးရည်များ၊ မကြာမှီ ကျရောက်လာတော့မည့် မိုးရာသီချိန်လေးအတွက် ရည်ရွယ်၍ ထီးများနှင့် အလှူငွေများကို ထည့်ဝင် လှူဒါန်းနိုင်ခဲ့ပါသည်။

သွားရောက်လှူဒါန်းချိန်တွင် ရေလမ်းခရီးဖြင့်သော်လည်းကောင်း၊ ကုန်းလမ်းခရီးဖြင့်လည်းကောင်း အမျိုးမျိုးနှင့် ခက်ခဲစွာ သွားရောက်ခဲ့ရပါသော်လည်း နွေးထွေးစွာ အပြုံးပန်းလေးများဖြင့် စောင့်ကြိုနေသော ဆရာ၊ ဆရာမ များနှင့် ကလေးများ၏ အပြုံးမျက်နှာလေးကို မြင်တွေ့ရချိန်တွင် အမောပြေစေရုံသာမက ဝမ်းသာပီတိများစွာ ဖြစ်ခဲ့ရပါသည်။ ” သားတို့ သမီးတို့ကို မုန့်ကျွေးမှာလား ” ဆိုပြီး မေးနေပုံလေးက ရင်ထဲမှာ ပြောမပြတတ်အောင် ဝမ်းနည်းနာကျင်ခဲ့ရပါသည်။

အခုလိုမျိုး ခက်ခဲကြပ်တည်းနေသောအချိန်အခါတွင် ကလေးများအား သွားရောက်လှူဒါန်းနိုင်ခြင်းသည် ဦးထုံရွှေဆိုင်တွင် စဉ်ဆက်မပြတ် အားပေးကြသော ချစ်ရတဲ့ Customer များ၏ ကျေးဇူးကြောင့်သာ ပြုလုပ်နိုင်ခဲ့သော အလှူဒါနလေး ဖြစ်ပါသည်။ Customer များအနေနဲ့လည်း ဦးထုံရွှေပန်းထိမ်နှင့် ရတနာရွှေဆိုင် မိသားစုများနှင့် ထပ်တူ ထပ်မျှ ကုသိုလ်များ ရရှိစေရန် တင်ပြလိုက်ပါသည်။ နတ်လူသာဓု ခေါ်စေသော်. . .

မင်မင်တို့ လှူဒါန်းခဲ့သော C.P.C Orphanage ( မိဘမဲ့ ဂေဟာလေး ) ကို သွားရောက်လှူဒါန်းလိုသူများအတွက် C.P.C Orphanage ( မိဘမဲ့ ဂေဟာလေး ) ၏ တာဝန်ရှိသော ဆရာ နှင့် ဆရာမ၏ ဆက်သွယ်နိုင်မည့် ဖုန်းနံပါတ်လေးများနှင့် Page အား တင်ပြလိုက်ပါသည်။

Ma Khin Moe Aye ( C.P.C Orphanage )
09-455611397, 09-956840990

Robert Samson ( C.P.C Orphanage )
09-766035963, 09-694238670

C.P.C Orphanage ( မိဘမဲ့ ဂေဟာလေး ) Page Link : https://www.facebook.com/cpcorphanage/