ပရဟိတ ကောင်းမှုပြုခြင်း

ဦးထုံရွှေဆိုင်မှဓမ္မခွန်အား ဓမ္မာရုံ နဝကမ္မ နှင့် အာဟာရဒါနအလှူ

2

10 ရက်နေ့ December 2021 တွင် ဦးထုံရွှေပန်းထိမ်နှင့် ရတနာရွှေဆိုင်မိသားစု နှင့်အတူ Hi Hi Purified Drinking Water မိသားစုမှ ပူးပေါင်း၍ ကျိုက်လတ်မြို့နယ် သမက်ကျေးရွာ ဓမ္မခွန်အား ဓမ္မာရုံရှိ ဆရာတော် ဦးဇဋိလအား လိုအပ်သော နဝကမ္မ အလှူတော်နှင့် ရဟန်းသံဃာတော်အပေါင်းတို့အား ဆွမ်းအာဟာရဒါနအလှူ သွားရောက်လှူဒါန်းခဲ့ပါသည်။ ထိုသို့ ဓမ္မခွန်အား ဓမ္မာရုံ သွားရာလမ်းတစ်လျှောက်တွင် ကျေးငှက်ကလေးများ၏ သာယာဖွယ်အသံလေးများနှင့် စိမ်းစို၍ လှပစွာရှိနေသော လယ်ယာမြေများကို မြင်တွေ့ရသော မြင်ကွင်းမှာလည်း မိမိတို့၏ စိတ်ကို လန်းဆန်းစေနိုင်ပြီး တရားဘာဝနာ ပွားများနိုင်သော နေရာတစ်ခုလည်း ဖြစ်ပါသည်။ နောင်တွင်လည်း သွားရောက်ကာ ရည်စူးလိုအပ်သော အလှူဒါနများ ပြုလုပ်ရန် ရည်ရွယ်ထားပါသည်။ ဤကဲ့သို့ လှူဒါန်းနိုင်ခြင်းမှာ ဦးထုံရွှေပန်းထိမ် နှင့် ရတနာရွှေဆိုင်နှင့် Hi Hi Purified Drinking Water တို့တွင် ယနေ့ထိတိုင် အစဉ်အလာမပြတ် လာရောက်ဝယ်ယူအားပေးကြသော Customer များကြောင့် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ချစ်ခင်နှစ်သက်ရသော Customer များအားလုံးလည်း စိတ်ပျော်ရွှင်ကျန်းမာ၍ စီးပွား လာဘ်လာဘများ တိုးတက်ပြည့်စုံကြပါစေလို့ ဆုမွန်ကောင်း ပို့သလိုက်ပါသည်။ ဒါ့အပြင် ဤကုသိုလ်ကောင်းမှု အစုစုကို ယခုထိတိုင် ဝယ်ယူအားပေးကြသော Customer များနှင့်တကွ မိဘပြည်သူပြည်သားများအားလုံး ထပ်တူထပ်မျှ ရရှိကြပြီး နတ်မြတ်နတ်ကောင်းအပေါင်းမှ သာဓုခေါ်ဆိုနိုင်စေသော် . . .