ဦးထုံရွှေပန်းထိမ်နှင့်ရတနာရွှေဆိုင်မိသားစုမှ ရွှေလုပ်ငန်းရှင်များအသင်းနှင့်အတူ ပူးပေါင်း၍ မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ နယုန်လပြည့်ကျော်(၈)ရက်၊၂၁.၆.၂၀၂၂ (အင်္ဂါနေ့)တွင် ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် ရွှေသင်္ကန်းဆက်ကပ်လှူဒါန်းပူဇော်ခဲ့ပါသည်။ ရွှေသင်္ကန်းဆက်ကပ်လှူဒါန်းမှုသည် ဦးထုံရွှေပန်းထိမ်နှင့်ရတနာရွှေဆိုင်၏ပဲ့ကိုင်ရှင်ဦးကျော်ဝင်းမှ လုပ်အားဒါနပြု ဦးစီးဦးဆောင်၍ တင်ဒါစနစ်ဖြင့် ဝယ်ယူမည့် ရွှေဆိုင်း (၅၇) ဆိုင်း၏ အရည်အသွေး စစ်ဆေးခြင်းမှ ရရှိသည့် အလှူတော်ငွေ ကျပ် နှစ်ဆယ့်ရှစ်သိန်း ငါးသောင်း (၂,၈၅၀,၀၀၀) တိတိ အား မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်းချူပ်ကြီးအတူ ပူးပေါင်းပါဝင်၍ ရွှေတိဂုံ စေတီတော်မြတ်ကြီး၏ ဂေါပက အဖွဲ့သို့ ဆက်ကပ်လှူဒါန်းဒါန ပြုခဲ့ပါသည်။ ထိုကဲ့သို့ လှူဒါန်းခဲ့သော အလှူဒါန ကုသိုလ် အစုစုအား ဦးထုံရွှေဆိုင်၏ မိတ်ဟောင်းမိတ်သစ် Customers များ သိရှိစေရန်နှင့်မိဘပြည်သူ ပြည်သားများ သိရှိပြီး ဝမ်းမြောက်ဝမ်းသာ သာဓု အနုမောဓနာ ခေါ်ဆိုနိုင်ရန် နိဗ္ဗာန်ကို အကျိုးမျှော်၍ မျှဝေတင်ပြလိုက်ပါသည်။