လူမှုပတ်ဝန်းကျင်အကျိုးပြုလုပ်ဆောင်ချက်

Water အများပြည်သူလူထုအတွက် ရေကုသိုလ်အလှူဒါန

Kyauk Tan

Hi Hi Purified Drinking Water မိသားစုနှင့် ဝန်ထမ်းများမှ စုပေါင်း၍ ကျောက်တန်းမြို့နယ်ရှိ ရေလယ်ဘုရားပွဲတော်သို့ သွားရောက်ကာ အများပြည်သူလူထုအတွက် အမောပြေ အေးချမ်းစေရန် ရည်ရွယ်၍ ရေကုသိုလ်အလှူဒါန ပြုလုပ်လှူဒါန်းခဲ့ပါသည်။

Hi Hi Purified Drinking Water ရေသန့်စက်ရုံသည် နှစ်ပေါင်းများစွာ တည်ရှိနေသည့်တိုင်အောင် စဉ်ဆက်မပြတ် အားပေးနေကြသော ဧည့်သည်တော်များကြောင့် အောင်မြင်စွာ တည်ဆောက်ရပ်တည်နိုင်ခဲ့ပါသည်။ ထို့ကြောင့် အစဉ်အလာမပြတ် ဝယ်ယူအားပေးခဲ့ကြသော မိတ်ဟောင်း မိတ်သစ် Customer များအားလုံးနှင့်အတူ ကုသိုလ်အလှူဒါန ပြုလုပ်ရင်း မိဘပြည်သူပြည်သားများအားလုံး စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့်အတူ စီးပွားလာဘ်လာဘများ တိုးပွားကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။