ပရဟိတ ကောင်းမှုပြုခြင်း, လူမှုပတ်ဝန်းကျင်အကျိုးပြုလုပ်ဆောင်ချက်

မင်္ဂလာတောင်ညွှန့်မြို့နယ် ၊ သိမ်ဖြူလမ်းရှိ သီလရှင်များဘိုးဘွားရိပ်သာကျောင်းအလှူ

မင်္ဂလာတောင်ညွှန့်မြို့နယ် သီလရှင်များ၏ ဘိုးဘွားရိပ်သာ အလှူ

ဦးထုံရွှေပန်းထိန်နှင့် ရတနာရွှေဆိုင်မိသားစုကြီးသည် မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူလမ်းမကြီးရှိ သီလရှင်များ ဘိုးဘွားရိပ်သာကျောင်းကြီးတွင် နှစ်စဉ်လှုဒါန်းသကဲ့သို့ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်တွင်လည်း ငွေကျပ် (၄)သိန်းကျပ်တိတိကို သွားရောက်လှူဒါန်းနိုင်ခဲ့ပါသည်။ ရိပ်သာ၏ အရိပ်အာဝါသသည် ဝင်ရောက်သူတို့၏ စိတ်နှလုံးကို အေးမြလန်းဆန်းသွားစေပါသည်။ စိတ်သာရှိပြီး လက်တွေ့ကျကျ မစွမ်းဆောင်နိုင်‌တော့သည့် လောကရေးရာ အသွယ်သွယ်ကို ဖြတ်ကျော်လာ၍ နွမ်းလျ‌မောပန်းနေပြီဖြစ်သည့် ဘိုးဘွားများကို စိတ်မွေ့လျော်အေးချမ်းဖွယ်ကောင်းအောင် မြင့်မြတ်ဖြူစင်လှသော မေတ္တာ ၊ စေတနာများဖြင့် ကျွေးမွေးပြုစုပေးနေသည်ကို မြင်ရသည့် မြင်ကွင်းမှာ ရင်ထဲထိမိလှပါသည်။ ဤသို့သော အရွယ်သုံးပါးအနက် လူတို့၏ နောက်ဆုံးအရွယ် သက်ကြီးရွယ်အို ဘိုးဘွားများ၏ ဆေးဝါး၊ စားဝတ်နေရေး စသော အထွေထွေစရိတ်အတွက် ငွေသားအလှူကြီးပြုနိုင်ခဲ့သည်မှာ ဦးထုံရွှေဆိုင်တွင် ဝယ်ယူအားပေးကြသည့် မိတ်ဟောင်းမိတ်သစ် Customer များ၏ မေတ္တာကျေးဇူးများကြောင့်ပင်ဖြစ်ပါသည်။ ဦးထုံရွှေဆိုင်မိသားစုကြီ၏ လှူဒါန်းခဲ့သော ကောင်းမှူကုသိုလ်များကို အမြတ်တနိုးထားရသော Customer များထပ်တူရရှိပါစေလို့ ဆုမွန်ကောင်းတောင်း၍ နတ်၊လူ သာဓုခေါ်ဆိုနိုင်ရန် ဝေမျှပေးလိုက်ပါသည်။