ပရဟိတ ကောင်းမှုပြုခြင်း, လူမှုပတ်ဝန်းကျင်အကျိုးပြုလုပ်ဆောင်ချက်

တိုင်းရင်းသား မိဘမဲ့ကလေးများ ဖွံ့ဖြိုးရေး ပရဟိတ(ကျား) ကျောင်း အလှူ

တိုင်းရင်းသာလူမျိုး မိဘမဲ့ကလေးများ ဖွံ့ဖြိုးရေး ပရဟိတကျားကျောင်း အလှူ

ဦးထုံရွှေပန်းထိမ်နှင့် ရတနာရွှေဆိုင်မိသားစုကြီးသည် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ အမှတ် (၆) ရပ်ကွက်၊ ဘူတာရုံလမ်း တွင်တည်ရှိသော တိုင်းရင်းသား မိဘမဲ့ကလေးများ ဖွံ့ဖြိုးရေး ပရဟိတ္တ(ကျား) ကျောင်းတွင် နှစ်စဉ်လှူဒါန်းခဲ့သော ငွေသားအလှူကြီးကို မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်တွင်လည်း သွားရောက်လှူဒါန်းနိုင်ခဲ့ပါသည်။ ခိုလှုံမှုကင်းမဲ့သော တိုင်းရင်းသား မိဘမဲ့ကလေးများ၏ ကျန်းမာရေး၊ ပညာရေး၊ နေထိုင်စားသောက်ရေးများ စသော လိုအပ်ချက်များအတွက် ပါရမီဖြည့်လှူဒါန်းနိုင်ခဲ့သည်မှာ လွန်စွာပီတိဖြစ်ရပါသည်။ ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲတွင် စစ်သူကြီးမဟာဗန္ဓုလ တပ်စခန်းချရာ စစ်တပ်အတွင်း၌ ကရင်ဆရာ‌တော် ဦးလိပ်စတင် သီတင်းသုံး ‌နေထိုင်ခဲ့ခြင်း‌ကြောင့် တပ်တွင်း ကျောင်းဟု ‌ခေါ်တွင်ခဲ့ခြင်းဖြစ်သည်ဟု ဖတ်ရှုလေ့လာရပါသည်။ ဤသို့ တိုင်းရင်းသား မိဘမဲ့ကလေးများ၏ အစစအရာရာ ဖွံ့ဖြိုးတတ်ရေးအတွက် လှူဒါန်းနိုင်ခဲ့သည်မှာ ဉီးထုံရွှေဆိုင်တွင် ဝယ်ယူအားပေးကြသူများ၏ မေတ္တာတရားများကြောင့် ဖြစ်ပြီး လှူဒါန်းခဲ့သော ကောင်းမှုကုသိုလ်များကို နတ်၊လူ သာဓု ခေါ်ဆိုနိုင်ကြပြီး ထပ်တူရရှိကြပါစေဟု ဆုတောင်းမေတ္တာပြုပေးလိုက်ပါသည်။ တိုင်းရင်းသားများ စည်းလုံးညီညွတ်ပြီး တစ်ဦးနှင့်တစ်ဦး မေတ္တာထား၍ အောင်မြင်မှုများဆီသို့ အရောက်လှမ်းနိုင်ကြပါစေဟု ဆန္ဒပြုပေးလိုက်ပါသည်။