ပရဟိတ ကောင်းမှုပြုခြင်း

ခိုင်နှင်းဝေ ရင်သွေးများဂေဟာ အလှူဒါန

ခိုင်းနှင်းဝေပရတိတအသင်းသို့အလှူ၂

ယနေ့ (၁၁၊ ၇၊၂၀၂၁) တွင် ကျွန်တော်တို့ ဦးထုံရွှေပန်းထိမ်နှင့် ရတနာရွှေဆိုင်မှ “ခိုင်နှင်းဝေ ပရဟိတအသင်း”သို့ အလှူဒါနပြုလုပ်ရန် ရောက်ရှိလို့လာခဲ့ပါပြီ။ ယခု လက်ရှိမြန်မာနိုင်ငံတွင် ကူးစက်ပျံ့နှံ့နှုန်းမြင့်မားနေသော ရောဂါကပ်ဆိုးအန္တရာယ်ကြောင့် အခက်အခဲဖြစ်နေသော လူနာများအတွက် အောက်ဆီဂျင်အိုးများဝယ်ယူရန် အလှူငွေ လှူဒါန်းခဲ့ပါသည်။ ယခုလှူဒါန်းရသည့် ကုသိုလ်အကျိုးအားကြောင့် ဦးထုံရွှေပန်းထိမ်တွင် အစဉ်အမြဲအားပေးလျက်ရှိသော မိတ်ဟောင်းမိတ်သစ် Customer များအားလုံးနှင့်တကွ မိဘပြည်သူများအားလုံး ရောဂါဘေးဆိုးအန္တရာယ်မှ ကင်းငြိမ်းလွတ်မြောက်ကြပါစေလို့တောင်းဆုပြုရင်း နတ်လူ သာဓု ခေါ်ကြပါစေသော်…