ပရဟိတ ကောင်းမှုပြုခြင်း

မှန်ကင်းပရဟိတကျောင်းတိုက် နဝကမ္မ အာဟာရ အလှူ

Man Kin

ဦးထုံရွှေပန်းထိမ်သို့ အစဉ်အမြဲအားပေးလျက်ရှိသော Customer များနှင့်အတူ ဦးထုံရွှေပန်းထိမ်နှင့် ရတနာရွှေဆိုင်မိသားစုမှ နဝကမ္မ အာဟာရ ကုသိုလ် လှူဒါန်းပြုလုပ်ခဲ့ပါသည်။ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ မှန်ကင်းပရဟိတကျောင်းတိုက်သို့ သွားရောက်လှူဒါန်းမှု ပြုလုပ်ခဲ့ချိန်မှာ ဘုန်းတော်ကြီးများနှင့် သီလရှင်ဆရာလေးများအား လှူဒါန်းခဲ့ရခြင်းကြောင့် အလွန်ပင် ဝမ်းသာပီတိဖြစ်စေပါတယ်။ မိဘမဲ့ ကလေးများရဲ့ အပြုံး, ဆုတောင်းမေတ္တာစကားပို့သသံ, ဆရာမများရဲ့ ဝမ်းသာအပြုံးများဟာ အတိုင်းမသိ ဝမ်းမြောက်စေပါတယ်။ ဒါ့အပြင် ဧည့်ဝတ်ကျေပွန်မှုများဟာလည်း အံ့မခန်း ဖြစ်စေရပါတယ်။ ထပ်မံ လာရောက်၍ လှူဒါန်းမှုများ , ဝေငှမှုများနှင့်အတူ ပြန်လာခဲ့ပါမည်ဟု နှုတ်ဆက်ရင်း မိဘပြည်သူပြည်သားများအပေါင်း ဆုတောင်း မေတ္တာပို့သနိုင်စေရန် ရည်ရွယ်၍ ယခုလို တင်ပြအပ်ပါသည်။