ပရဟိတ ကောင်းမှုပြုခြင်း

ဇီဝိတဒါန သံဃာ့ဆေးရုံကြီးအလှူ

Philanthropic8 1

(၁၃၊ ၆၊ ၂၀၂၁) ယနေ့ ကျွန်တော်တို့ ဦးထုံရွှေပန်းထိမ်နှင့်ရတနာရွှေဆိုင်မှ ထပ်မံအလှူတစ်ခုပြုလုပ်ရန်အတွက် ရောက်ရှိခဲ့ပါပြီ။ ယခု ရောက်ရှိရာ နေရာလေးကတော့ သံဃာတော်များနှင့် ဆရာလေးများအား အခမဲ့ ဆေးကုသ ကုသိုလ်ယူရာနေရာလေး ဖြစ်ပေသည်။ ထိုမွန်မြတ်လှသော နေရာလေးအတွက် အထွေထွေလိုအပ်မှုတို့ကို လှူဒါန်းရသည့်အတွက် ပြောမပြတတ်အောင် ကြည်နူးဝမ်းသာဖြစ်မိပါသည်။ လှူဒါန်းရသည့် ကုသိုလ်အဖို့ ဘာဂကို ဦးထုံရွှေပန်းထိမ်နှင့် ရတနာရွှေဆိုင်တွင် အစဉ်တစိုက် ဝယ်ယူအားပေးလျက်ရှိကြသော မိတ်ဟောင်းမိတ်သစ် Customer များအားလုံးလဲ ထပ်တူရကြပါစေ . . . အသက်ရှည်စွာ အနာရောဂါကင်းဝေးကြပါစေလို့ တောင်းဆုပြုရင်း နတ်လူ သာဓုခေါကြပါစေသော် . . .