Lifestyle

2022 ခုနှစ်တွင် ခေတ်စားလာနိုင်မည့် Fashion ရေစီးကြောင်း

2022 Fashion

တစ်နှစ်နှင့် တစ်နှစ် ခေတ်နဲ့အညီ ပြောင်းလဲတိုးတက်လာသည့် ယနေ့‌ကမ္ဘာကြီး၏ ပြောင်းလဲတိုးတက်မှု အမြန်ဆုံးနှင့် လိုက်မှီနိုင်စေဖို့ရာ ခက်ခဲလှသည့် အရာတစ်ခုသည်ကား Fashion ရေစီးကြောင်းပင် ဖြစ်ပါသည်။ Fashion ဆိုသည့် အရာလေးသည် အဝတ်အထည်၊ အိတ်၊ ဖိနပ် စတဲ့ သမာရိုးကျအရာများအပြင် ယနေ့ခေတ်အခါ ခေတ်စားလာပြန်သည့်အရာမှာ စိန်၊ ရွှေ၊ ငွေ၊ ရတနာများ၏ ဒီဇိုင်းဖက်ရှင်ရေစီးကြောင်းတစ်ခုသည်လည်း အရေးပါလှသော အရာများပင် ဖြစ်ပါသည်။ ထို့ကြောင့် ၂၀၂၂ ခုနှစ်တွင် ခေတ်စားလာနိုင်မည့် စိန်၊ ရွှေ၊ ငွေ၊ ရတနာများ၏ Fashion ရေစီးကြောင်း အကြောင်းအရာများကို မျှဝေတင်ပြလိုက်ပါသည်။

၂၀၂၁ ခုနှစ်တွင် ပြောင်းလဲခေတ်စားလာခဲ့သည့် Fashion လမ်းကြောင်းပေါ် မူတည်၍ ၂၀၂၂ လေးမှာ ခေတ်စားလာနိုင်သည့် အဓိကအရာများမှာ ရွှေဖြူပင် ဖြစ်ပါသည်။ ယနေ့ခေတ်လူငယ်၊ လူရွယ်အများစုသည် သမာရိုးကျ ရွှေထည်ပစ္စည်းတွေထက် ခေတ်မှီ၍ တန်ဖိုးရှိလှသည့် ရွှေဖြူများကို ပိုမိုရွေးချယ်မှု များပြားလာပြီး လူငယ်ဆန်၍ ရိုးရှင်းလှပသည့် ဒီဇိုင်းမျိုးကိုသာ နှစ်သက်မှုများ များပြားလာကြပါသည်။ ရွှေဖြူ အဓိကရွေးချယ်မှု များပြားလာရခြင်း၏ အကြောင်းအရင်းမှာ ‌အာမခံချက်တန်းတူရှိသည့်အပြင် အရောင်အနေအထားအရ လူငယ်ဆန်ပြီး ခေတ်မှီလှသည့်အတွက်ကြောင့် အထူးသဖြင့် ဆွဲကြိုး၊ လက်စွပ်၊ hand chain ၊ foot chain နှင့် နားကပ်များ၏ ရွေးချယ်စရာဖြစ်ပွားလာခဲ့ပြီး ရွှေဖြူသီးသန့်ဖြင့် ဒီဇိုင်းတီထွင်၍ ဝတ်ဆင်ခြင်းမျိုးရှိလာသကဲ့သို့ သဘာဝတွင်းထွက်ကျောက်များဖြစ်သည့် ခရမ်းဆွဲ၊ နီလာ၊ ဥဿဖရားနှင့် မြ စသည့် တွင်းထွက်ကျောက်မျက်ရတနာများပေါ် မူတည်၍ နေ့နံ, ရာသီဖွား အဆောင်ကျောက်အလိုက် ရွေးချယ်ဝတ်ဆင်လာမှုများ ခေတ်စားလာခဲ့သည် ဖြစ်ပါသည်။

ဒါ့အပြင် တန်ဖိုးကြီးလှသည့် ကျောက်မျက်ရတနာတစ်ခုဖြစ်လှသည့် မည်သည့်အခါမျှ မရိုးရှင်းနိုင်သည့် စိန်ရတနာ ဝတ်ဆင်ရာတွင်လည်း ဒီဇိုင်းပိုင်းအနေဖြင့် တစ်လုံးတည်း ထည်ထည်ဝါဝါရှိလှသည့် ပုံစံမျိုးသည် ပိုမိုခေတ်စားလာခဲ့ပြီး စိန်အပွင့်ရေများပြားသည့် ရွှေထည်ရတနာဝတ်ဆင်ခြင်းထက် စိန်တစ်လုံးတည်း၏ တန်ဖိုးအဖိုးအခ ကြည့်ရှု၍ ဝတ်ဆင်လာကြသည်ပင် ဖြစ်ပါသည်။ အထူးသဖြင့် နားကပ်ဒီဇိုင်းအသစ်များ အများအပြား ပေါ်ထွက်လာပြီး အလေးချိန် ကာရက်ကြီးလှသည့် တစ်ပွင့်စိန် ရောင်းအားမြင့်တက်လျှက် ရှိနေခြင်း ဖြစ်သည်။

လူကြီးပိုင်းများအနေဖြင့် ၁၅ ပဲရည် ရွှေရည်ဖြင့် ပြုလုပ်သည့် လက်ဝတ်ရတနာများ ရောင်းအားတက်လာခဲ့ပြီး ပတ္တမြား, နီလာ စသည့် တွင်းထွက်ကျောက်များကိုတော့ လူကြီးများ ယခုထိတိုင် ကြိုက်နှစ်သက်လှသည့် ကျောက်မျက်ရတနာတစ်ခု ဖြစ်နေဆဲ ဖြစ်ပါသည်။ လူကြီးပိုင်းများအတွက် ရွှေထည်ရတနာ လက်ရာဒီဇိုင်းပိုင်းထက် တစ်ဆင်စာအလိုက် ရွှေချိန်ပြည့်မှီတဲ့ အလျော့တွက်၊ လက်ခ သက်သာလှသော ရွှေထည်များကိုသာ ရွေးချယ်မှုမျိုး ရှိလာခဲ့ပြီး အထူးသဖြင့် ရွှေချိန်များသော်လည်း ကျစ်ကျစ်လစ်လစ်ဖြင့် လှပသည့် ဒီဇိုင်းမျိုးကိုသာ ရွေးချယ်မှုများ များပြားလာကြပါသည်။
ဒ့ါအပြင် ၂၀၂၂ ခုနှစ်တွင် တန်ဖိုးကြီး အာမခံချက်ရှိသည့် ရွှေထည်လက်ဝတ်ရတနာကိုသာ စုဆောင်းရန် ဝါသနာပါသူများအတွက် တက်နိုင်သည့် ငွေပမာဏပေါ်မူတည်ပြီး အလျော့တွက်၊ လက်ခ မပါသော ရွှေတုံး၊ ရွှေစ စုဆောင်းမှုသည် တစ်စထက် တစ်စ များပြားလာခဲ့ပြီး ဝယ်ယူမှုများတွင် လူကြီးများပင် မဟုတ်ဘဲ လူငယ်၊ လူရွယ်အများအပြားပါ ရွှေစုဆောင်းခြင်း ဝါသနာခေတ်စားလာခဲ့ပြီး ရွှေကို တန်ဖိုးထား ဝတ်ဆင်လာ၍ ရင်းနှီးမြှုပ်နှံမှုတစ်ခုအဖြစ် လုပ်ဆောင်နေကြသည်ပင် ဖြစ်ပါတော့သည်။