ပြည်တွင်းသတင်း, ရွှေအကြောင်းသိကောင်းစရာ

ရွှေနှင့် Social Media

GoldSocialMedia

၂၁ ရာစုနှစ်နောက်ပိုင်းတွင် social media ၏ အခန်းကဏ္ဌသည် လူစိတ်ဝင်စားမှုများလာသည်နှင့်အမျှ မိမိတို့၏ ကုန်ပစ္စည်းများ ကြော်ငြာရောင်းချခြင်းတို့ကို social media platform များအလယ် တွင်တွင်ကျယ်ကျယ်သုံးစွဲလာခြင်းများရှိခဲ့သည်။ အထူးသဖြင့် လူသုံးများသည့် Facebook, Bingo, Instagram နဲ့ Line app တွေမှာ LIVEလွင့်၍ ကြေညာခြင်းများ ခေတ်စားလာပြီး online မှတစ်ဆင့် အရောင်းအဝယ်ပြုလုပ်ခြင်းမှာ ဈေးကွက်တစ်ခုသဖွယ်ဖြစ်လာခဲ့သည်။ ထို့ကြောင့် ယခုအပတ်မှာ ရွှေနှင့် Social Media အကြောင်း ကောင်းခြင်း၊ ဆိုးခြင်းများအကြောင်းကို လေ့လာမိသမျှလေး မျှဝေပေးလိုက်ပါသည်။

မြန်မာနိုင်ငံတွင် လူသုံးအများဆုံးဖြစ်သည့် Social Media Platform တစ်ခုကတော့ Facebook ဆိုတာကို အားလုံးလည်းသိပြီးဖြစ်ပါသည်။ COVID ရောဂါကြီး မစတင်ခင်အချိန်တုန်းတွေမှာ Facebook အသုံးပြုသူအများစုသည် သာမန် ကိုယ်ပိုင်ဓာတ်ပုံရိုက်တင်ခြင်း၊ စာတင်ခြင်းများကိုသာ အသုံးပြုမှုများခဲ့ပြီး ကြေညာဈေးကွက် Platform တစ်ခုအနေနှင့် အရမ်းကြီးခေတ်စားနေသည်မဟုတ်ခဲ့ပါ။ COVID စတင်ပြီး လူအများစု social distancing ၏ စည်းမျဉ်းစည်းကမ်းနှင့်အညီ အိမ်တွင်သာအနေများပြီး work from home အလုပ်တွေစတင်လာသည့် အချိန်မှာ Facebook တွင် မိမိတို့၏ ကုန်ပစ္စည်းများကိုရောင်းချရန်အတွက် ဈေးကွက်တစ်ခုအဖြစ်အသုံးပြုလာခဲ့သည်။ ပုံမှန်အားဖြင့် အဝတ်အထည်၊ စားသောက်ကုန်တို့ကို Facebook တွင် Live လွှင့်‌ရောင်းချခြင်းခေတ်စားလာပြီး တစ်ဖြေးဖြေးမှာ ဖုန်း၊ လျှပ်စစ်ပစ္စည်းများ၊ အိမ်ထောင်ပရိဘောဂများပါမကျန် ရွှေနှင့်ကျောက်မျက်ရတနာပစ္စည်းများ၊ အိမ်ခြံမြေဈေးကွက်အထိပါရောင်းချလာတဲ့ Social Media Platform တစ်ခုအဖြစ်အသုံးပြုလာခဲ့သည်။

မည့်သည့်အရာတွင်မဆို အရာရာသည် ကောင်းခြင်း၊ဆိုးခြင်း အမြဲရှိနေသည့်အားလျော်စွာ Social Media တွေအပေါ်မှာ ဈေးကွက်တစ်ခုဖြစ်လာခြင်းမှာလည်း ကောင်းကျိုးနှင့်ဆိုးကျိုးတို့ယှဉ်တွဲနေပါသည်။ အထူးသဖြင့် COVID 19 ရောဂါပိုးကြောင့် လူအများအနေဖြင့် အပြင်သွားလာရန် ခက်ခဲချိန်တွင် online ပေါ်မှတစ်ဆင့် အလွယ်တကူဝယ်ယူနိုင်ခြင်းတို့ကြောင့် ရောဂါကူးစပ်မှုနှုန်းကို လျော့ချပေးနိုင်သည့်အပြင် သွားလာ့အတွက်လည်း အချိန်ကုန်လူပင်ပန်းသက်သာခြင်း ကိုယ်လိုချင်တဲ့ပစ္စည်းကို အလွယ်တူဝယ်ယူနိုင်ခြင်း စတဲ့အကျိုးကျေးဇူးတွေများစွာရရှိပါသည်။ ထိုအတူဆိုးကျိုးအနေနှင့် online ပေါ်တွင် ဈေးဝယ်ရခြင်းသည် သာမန်လူသုံးကုန်ပစ္စည်းများ တန်ဖိုးသင့် ပစ္စည်းများအတွက် ပုံမှန်သတိထားဝယ်ယူလိုရမည့် ရွှေနှင့် ကျောက်မျက်ရတနာတွေဝယ်ယူသည့်နေရာမှာ အထူးသတိထားဖို့ လိုအပ်ပါသည်။ ရွှေနှင့် ကျောက်မျက်ရတနာများသည် တန်ဖိုးအားဖြင့် မြင့်မားသလို ပစ္စည်းမှန်ကန့်ကလည်း Online ကနေဝယ်ယူရခြင်းဖြစ်တာကြောင့် မိမိတို့ဝယ်ယူတဲ့ပစ္စည်းတွေအပေါ် အာမခံချက်ရှိဖို့ လိုအပ်သလို ပစ္စည်းမှန်ကန်ဖို့ကလည်းအရေးကြီးပါတယ်။ဒါ့အပြင် တိကျမှန်ကန်တဲ့ဈေးနှုန်းဖြစ်ဖို့ကလည်း အရေးကြီးတာကြောင့် ကိုယ်ဝယ်ယူမယ့်ပစ္စည်းအကြောင်း နားလည်ထားရင်တော့ပိုမိုအဆင်ပြေပြီး အကယ်၍ နားမလည်ဘူးဆိုရင်တောင် တတ်သိနားလည်တဲ့သူတွေနဲ့တိုင်ပင်သင့်ပြီး အာမခံချက်အပြည့်အဝရှိတဲ့ ဈေးနှုန်းပစ္စည်းမှန်ကုန်တဲ့ဆိုင်မျိုးကနေပဲ ရွေးချယ်ဝယ်ယူဖို့ အကြံပေးချင်သည်။ ‌ပစ္စည်းငွေချေတဲ့အခါမှာလည်း ကြေညာထားတဲ့ ငွေလွှဲနံပါတ်တွေကို စစ်ဆေးပြီးမှ ငွေလွှဲကိုလည်း သတိထားသင့်ပါသည်။

အခုချိန်မှာ ရွှေနှင့် ကျောက်မျက်ရတနာအရောင်းအဝယ်ပြုလုပ်လာကြမှုသည် ပိုမိုခေတ်စားလာသောကြောင့် သတိပြုသင့်တဲ့ ကောင်းကျိုးဆိုးကျိုးလေးတွေကို ဒီအပတ်ရဲ့ ရွှေနှင့် Social Media ဆောင်းပါးလေးအနေနဲ့မျှဝေပေးလိုက်ပါတယ်။