ပြည်ပသတင်း

Pfizer နှင့် BioNTech တို့ Covid ကာကွယ်ဆေးတွေ့ရှိမှုကြောင့် နာရီပိုင်းအတွင်း ရွှေဈေးကျဆင်း

world gold price drop after covid vaccine discover, u hton goldsmith , myanmar

 

အခုချိန်မှာတော့ တစ်ကမ္ဘာလုံးမှာရှိတဲ့ ပြည်သူတွေစိတ်ဝင်စားမှုမြင့်မားခဲ့တဲ့ အမေရိကန် Presidential Election ပြီးတဲ့နောက်မှာ လူတွေရဲ့စိတ်ဝင်စားမှုအာရုံ ပြန်မြင့်မားစေတဲ့ သတင်းတစ်ခုထွက်ပေါ်လာခဲ့ပါတယ်။ ဒါကတော့ နိုဝင်ဘာလ 9 ရက်နေ့ထွက်ပေါ်ခဲ့တဲ့ သတင်းများအရ Covid 19 ရောဂါကာကွယ်ဆေးထုတ်လုပ်ရာတွင် ပထမဆုံးကာကွယ်ဆေးဖြစ်လာနိုင်သည့် အမေရိကန်ဆေးကုမ္ပဏီကြီး Pfizer နှင့် ဂျာမနီဆေးကုမ္ပဏီကြီး BioNTech တို့ပူးပေါင်းထုတ်လုပ်သည့် Covid 19 ကာကွယ်ဆေးတွေ့ရှိမှု အခြေအနေနဲ့ပတ်သက်ပြီးပဲ ဖြစ်ပါတယ်။ ၎င်း Covid 19 ကာကွယ်ဆေးသည် ရာခိုင်နှုန်း 90 ကျော် ကာကွယ်မှုပေးနိုင်ကြောင်း လေ့လာတွေ့ရှိချက်များကပြသနေသည်ဟု သတင်းများတွင် ဖော်ပြခဲ့ကြသည်။ ၎င်းကာကွယ်ဆေးကို နိုင်ငံပေါင်း 6 နိုင်ငံမှ လူပေါင်း 43,500 တွင်
စမ်းသပ်ထိုးနှံပြီး ဘေးကင်းလုံခြုံမှုဆိုင်ရာစိုးရိမ်ဖွယ်ရာများ ပေါ်ထွက်လာခြင်းမရှိကြောင်း သိရှိရသည်။ ထို့ကြောင့် ယင်းကုမ္ပဏီများသည် နိုဝင်ဘာလကုန်တွင် ကာကွယ်ဆေးကိုအသုံးပြုနိုင်ရန် အရေးပေါ်အတည်ပြုချက်ရရှိရန်အတွက် လျှောက်ထားရန် စီစဉ်နေကြသည်။ ကာကွယ်ဆေးများစွာ စမ်းသပ်ထုတ်လုပ်ခဲ့သော်လည်း လက်တလောတွေ့ရှိချက်များတွင် အလားအလာ အကောင်းဆုံးဆေးအဖြစ် သိပ္ပံပညာရှင်များက ကြီးမားတဲ့စိန်ခေါ်မှုတွေနဲ့
ရင်ဆိုင်ရဖို့ရှိသော်လည်း ကာကွယ်ဆေးကို နွေးထွေးလှိုက်လှဲ ကြိုဆိုခဲ့ကြသည်။ ယခုကာကွယ်ဆေးသည် သီတင်းသုံးပတ်ခြားလျှင် နှစ်ကြိမ်ထိုးနှံရန်လိုအပ်ပြီး အမေရိကန်ပြည်ထောင်စု၊ ဂျာမနီ၊ ဘရာဇီး၊ အာဂျင်တီးနား၊ တောင်အာဖရိကနှင့် တူရကီတို့တွင် စမ်းသပ်ထိုးနှံမှုများပြုလုပ်ခဲ့ပြီး ဒုတိယအကြိမ်မြောက်ထိုးနှံပြီး 7 ရက်အကြာတွင် 90 ရာခိုင်နှုန်းကျော် ကာကွယ်နိုင်သည်ဟု ထုတ်ပြန်ကြေငြာခဲ့ခြင်းလည်းဖြစ်သည်။ ထို့အပြင် Pfizer ကုမ္ပဏီက ယခုနှစ်ကုန်တွင် ကာကွယ်ဆေးပေါင်း သန်း 50 ကျော်အထိထုတ်လုပ်နိုင်မည်ဖြစ်ကြောင်းလည်းကြေငြာထားသည်။

ကိုရိုနာဗိုင်းရပ်ကာကွယ်ဆေး အောင်မြင်မှုသတင်းနဲ့အတူ Joe Biden အမေရိကန်သမ္မတရွေးကောက်ပွဲ အနိုင်ရရှိမှုအခြေအနေတွေကြောင့် အမေရိကန်နိုင်ငံအပါအဝင် အခြားကမ္ဘာ့နိုင်ငံကြီးများတွင် ရင်းနှီးမြှုပ်နှံသူတွေရဲ့ ယုံကြည်မှုမြင့်တက်လာခြင်းတို့ကြောင့် စတော့ရှယ်ယာများ ချက်ချင်းမြင့်တက်သွားခဲ့သည်။ အမေရိကန်နိုင်ငံရဲ့ သမ္မတအပြောင်းအလဲကြောင့် ‌အတက်ဘက်ကို ဦးတည်နေတဲ့ ဒေါ်လာဈေးကွက်ဟာ Pfizer နဲ့ BioNTech တို့ရဲ့ ကာကွယ်ဆေးအောင်မြင်မှုသတင်းထွက်ပေါ်လာအပြီးမှာတော့ တစ်ရှိန်ထိုးမြင့်တက်လာခဲ့ခြင်းပဲဖြစ်ပါတယ်။

ယခုချိန်မှာ အမေရိကန်နိုင်ငံရဲ့ ဒေါ်လာဈေး ပြန်ဦးမော့လာပြီးနောက်မှာ အခြားသော စတော့ရှယ်ယာနဲ့ရင်းနှီးမြှုပ်နှံမှုတွေ အားကောင်းလာခဲ့ပေမယ့် ကမ္ဘာ့ရွှေဈေးကွက်ကတော့ ပုံမှန်ဝယ်ယူမှုရင်းနှီးမြှုပ်နှံမှုတို့ လျော့နည်းသွားတဲ့အတွက် ဈေးနှုန်းကျဆင်းမှုအခြေအနေအချို့ကို ရင်ဆိုင်နေကြရတာပဲ ဖြစ်ပါတယ်။ ရွှေဈေးကွက်အရောင်းအဝယ်သွေးအေးပြီး ဒေါ်လာဈေးနဲ့ စတော့ရှယ်ယာဈေးကွက်တွေအပေါ် ရင်းနှီးမြှုပ်နှံမှုအားကောင်းလာခြင်းတွေကြောင့်လည်း ဖြစ်ပါတယ်။

သို့သော်မြန်မာနိုင်ငံရဲ့ ပြည်တွင်းရွှေဈေးကွက်မှာတော့ လတ်တလောရွေးကောက်ပွဲအခြေအနေများနဲ့ ဒေါ်လာဈေးအတက်ကြောင့်ရွှေဈေးဟာပုံမှန်ဈေးထက်လျော့သွားနိုင်ခြေကတော့ နည်းပါးနေဆဲဖြစ်ပါတယ်။

ယခုတင်ပြပေးခဲ့တဲ့ အကြောင်းအရာလေးကတော့ Pfizer နှင့် BioNTech တို့ Covid ကာကွယ်ဆေးတွေ့ရှိမှုကြောင့် နာရီပိုင်းအတွင်းမှာ ဘာကြောင့်ကမ္ဘာ့ရွှေဈေး ကျဆင်းခဲ့တာလည်းဆိုတာနဲ့ ပတ်သတ်ပြီး လေ့လာတွေ့ရှိချက်လေးတွေကို အခြေခံပြီးတွေ့ရှိချက်လေးတွေကို မျှဝေပေးခဲ့တာပဲဖြစ်ပါတယ်။