ပြည်တွင်းသတင်း

ရွှေနှင့် ပြောင်းလဲလာသည့် Hard Currency ဈေးကွက်အခြေအနေ

IMG 20220415 094224

ရွှေချစ်သူ မိဘပြည်သူများနှင့် ရွှေအကြောင်း စိတ်ဝင်တစား ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် ရှိသူများအတွက် ဧပြီလဆန်းတွင် ဗဟိုဘဏ်မှ ပြောင်းလဲချမှတ်လိုက်သည့် ဒေါ်လာရောင်းဝယ်ရေး ဈေးကွက်အခြေအနေနှင့် ကမ္ဘာလုံးဆိုင်ရာ စစ်ပွဲတစ်ခု အသွင်ပြောင်းလဲလာသော ရှရှားနိုင်‌ငံနှင့် ယူကရိန်းနိုင်ငံတို့ကြောင့် မတည်ငြိမ်လျက်ရှိသည့် ရေနံဈေးကွက် အခြေအနေများအပေါ် မူတည်၍ ဒေါ်လာဈေးကွက် လှုပ်ခက်မှုများကြောင့် ရွှေဈေးကွက်အပေါ် ဘယ်လို သက်ရောက်မှုများ ဖြစ်လာနိုင်သလဲ ဆိုသည့် အချက်များကို သုတေသန ပြုလုပ်၍ ရှာဖွေတွေ့ရှိချက်များအပေါ် အခြေခံပြီး “ရွှေနှင့် ပြောင်းလဲလာသည့် Hard Currency” အကြောင်း တင်ပြပေးလိုက်ပါသည်။

ဒေါ်လာဈေးကွက်သည် ယခင်လများတွင် ရှရှားနိုင်ငံနှင့် ယူကရိန်းနိုင်ငံတို့၏ စစ်ပွဲများအပေါ် အခြေခံပြီး ဈေးနှုန်း မတည်ငြိမ်မှုများကြောင့် ငွေကြေးတန်ဖိုး ကျဆင်းခြင်းများဖြင့် ရင်ဆိုင်ရသည့်အပြင် ယခုအချိန်တွင် မြန်မာနိုင်ငံအပါအဝင် ရှရှားနှင့် အခြားသော နိုင်ငံများမှာလည်း ဒေါ်လာဈေးကွက်အတွက် တရားဝင် ငွေကြေးလဲလှယ်မှု ဈေးနှုန်း ကန့်သတ်လိုက်ခြင်းတို့ကြောင့် ကမ္ဘာ့ရွှေဈေးကွက်သည် Hard Currency ဈေးကွက်တစ်ခု အသွင်သို့ တစ်ဖြည်းဖြည်း ပြောင်းလဲလာလျှက် ရှိနေပါသည်။ Hard Currency ဆိုသည်မှာ တစ်နည်းအားဖြင့် ငွေကြေးဈေးကွက်အနေဖြင့် ခိုင်လုံမှုရှိသော ဈေးကွက်တစ်ခုအဖြစ် သတ်မှတ်ထားသည့် ကုန်ပစ္စည်းများကို ဆိုလိုခြင်းဖြစ်ပြီး အထူးသဖြင့် ယင်းအရာသည် တစ်ကမ္ဘာလုံးတွင် အသုံးပြုနိုင်သည့် တန်ဖိုးအနေနှင့်လည်း မဆုံးရှုံးနိုင်မည့် အမြတ်ရနိုင်သောအရာမျိုးအပေါ် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်လာကြခြင်းပင် ဖြစ်ပါသည်။

လူအများစုသည် Hard Currency အနေနှင့် ယခုအချိန်အခါတွင် အများဆုံး ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရာတွင် သဘောကျ နှစ်သက်လာသည့် အရာမှာ ရွေဈေးကွက် ဖြစ်ပါသည်။ ၎င်းတို့ ပိုင်ဆိုင်ထားသည့် ငွေကြေးများကို ‌အာမခံငွေကြေးတစ်ခုအနေဖြင့် သိမ်းဆည်းထားရခြင်းထက် ပိုမို ခိုင်လုံမှု ရှိ‌နိုင်မည့် ရွှေဝယ်ယူစုဆောင်းခြင်းသာ အကောင်းဆုံးပင်ဖြစ်သည်ဟု သဘောထား လာကြပါသည်။ တစ်ကမ္ဘာလုံးဆိုင်ရာ မတည်ငြိမ်နိုင်သော နိုင်ငံရေး အခြေအနေများနှင့်အတူ အာမခံချက် မရှိသည့် အခြားသော ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်မည့်အစား ရွှေဈေးကွက်အပေါ် ရွေးချယ်ခြင်းကိုသာ စိတ်ဝင်စားလာကြခြင်းကြောင့် ရွှေဈေးကွက်သည် ယခုချိန်တွင် အနည်းငယ် ဈေးနှုန်း မတည်ငြိမ်မှုနှင့် လှုပ်ခက်မှုအချို့ကို ရင်ဆိုင်နေကြရပါသည်။

ရွှေဈေးကွက်သည် ကမ္ဘာတစ်ဝှမ်းလုံးအပေါ် အာမခံချက်ရှိလှသည့် ဈေးကွက်တစ်ခုဖြစ်သည့်အပြင် တန်းဖိုးရှိသော တွင်းထွက်ရတနာများနှင့်လည်း တွဲဖက်ဝတ်ဆင်နိုင်မည့် ဖက်ရှင်ရေစီးကြောင်းတစ်ခု ဖြစ်နေခြင်းကြောင့် စီးပွားရေးလုပ်ငန်းတစ်ခုအနေနဲ့ပင်ဖြစ်စေ၊ မည်သည့် ရင်းနှီးမြှုပ်နှံမှုများကို လုပ်ဆောင်သင့်သည်ဟု တွေးတောခြင်းမျိုးဖြစ်စေ ကိုယ်ပိုင် ငွေကြေးများကို စုဆောင်းသည့်အခါမျိုးပင် ဖြစ်စေ ရွှေဈေးကွက်သည် ခိုင်လုံမှုရှိပြီး အာမခံချက်ရှိသောဈေးကွက်တစ်ခု ဖြစ်နေမည်မှာ အမှန်ပင် ဖြစ်ပါသည်။

ရွှေကို ရင်းနှီးမြှုပ်နှံမှုအနေဖြင့် စုဆောင်းရန်အတွက် ရွေးချယ်လိုက်မည်ဆိုပါက ဈေးနှုန်းများကို အသေအချာ လေ့လာခြင်း၊ အာမခံချက်ရှိသောရွှေဆိုင်များကိုသာ ရွှေးချယ်ခြင်းနှင့် အလျော့တွက်၊ လက်ခသက်သာသောရွှေထည်ရတနာပစ္စည်းမျိုးကိုသာ ရွေးချယ် ဝယ်ယူ စုဆောင်းသင့်ကြောင်း အကြံပေး မျှဝေလိုက်ပါတော့သည်။