အထွေထွေသိမှတ်စရာ

နားပါးတဲ့သူတွေ နားကပ်ဘယ်လိုဝတ်ဆင်သင့်လဲ

earrings, u hton goldsmith, myanmar

နားပါးတဲ့သူတွေ နားကပ်ဝတ်ဆင်မယ်ဆိုလျှင် ဖောင်းတံရှည်ပြီး ရွှေချိန်များတဲ့ နားကပ်ကို မဝတ်ဆင်သင့်ပါ။ ရွှေချိန်များပြီး နားကပ်က ကြီးသွားမယ်ဆိုရင် နားက လေးလံပြီး အနာတရ ဖြစ်သွားနိုင်ပါတယ်။ နောက်တစ်ချက်က နားကရှေ့ကို တွဲကျနိုင်သဖြင့် နားကပ်ရဲ့ အလှလည်း မပေါ်နိုင်တော့ပါ။ နားပါးတဲ့သူအတွက် နားကပ်ဝတ်မယ်ဆို နားပိတ်မတပ်ခင် အလယ်လေးမှာ ကော်ပြားသေးသေးလေး ခံပြီး ဝတ်ဆင်မယ်ဆို နားနာမှာ မပူရသလို နားကပ်လည်း ရှေ့မှာတွဲကျမှာ မပူရတော့ပါ။

နားပါးပြီး ကျောက်နားကပ် ဒီဇိုင်းဆန်းဆန်းလေး ဝတ်ဆင်ချင်သူတွေဆိုရင် ကျောက်သေးသေးလေးနဲ့ ဖန်စီဆန်ဆန်ဒီဇိုင်းလေးတွေရွေးပြီး ဝတ်ဆင်သင့်ပါသည်။ နားပါးတဲ့အတွက် တစ်ပွင့်နားကပ်လေးတွေနဲ့ဆို ပိုပြီးလိုက်ဖက်ပါတယ်။ ကျောက်နဲ့ဆိုရင်လည်း  ကျောက်တစ်လုံးနဲ့ ဆင်ထားတဲ့ ကျောက်နားကပ်လေးတွေ၊ နားဆွဲဆိုလျှင် ရွှေချိန်နည်းနည်းနှင့် ဖန်စီဆန်ဆန် အတွဲသေးသေးလေးပါတဲ့ နားဆွဲလေးတွေကို ရွေးခြယ်ပြီး ဝတ်ဆင်သင့်ပါသည်။

နားပါးတဲ့သူတွေဟာ သွေးကြောမျှင်လေးတွေ ပါသေးတဲ့အတွက် ရွှေချိန်များပြီး ကျောက်ထည်ကြီးတဲ့ နားကပ်လေးတွေ ပန်မယ်ဆို နားပေါက်ပြတ်ကျနိုင်ပါတယ်။ ထိုသို့ပြတ်ကျခဲ့လျှင် နားပေါက်ကို ပြန်ချုပ်ရတာနဲ့ နောက်ထပ်နားကပ်ပြန်ဝတ်ဖို့ အချိန်ထပ်စောင့်နေရတာ ဖြစ်တဲ့အတွက် နားပါးတဲ့သူတွေက ရွှေချိန်နည်းနည်းနှင့် ဆန်းသစ်တဲ့ ဒီဇိုင်းလေးတွေကို သေချာ ရွေးခြယ်ပြီး ဝတ်ဆင်သင့်ပါသည်။