စိန်အကြောင်းသိကောင်းစရာ

စိန်အတုအစစ် ဘယ်လိုခွဲမလဲ?

howtodistinguishfakediamondsandrealdiamonds

စိန်ချစ်သူမိဘပြည်သူများအတွက် ရည်ရွယ်ပြီး စိန်ဝယ်ယူသောအခါတွင် စိန်ဆိုင်များမှမဟုတ်ဘဲ စိန်ကုန်သည် များထံမှ အလွယ်တကူဝယ်ယူမိသောအခါတွင် စိန်အတုအစစ်အား ခွဲခြားသိစေရန် စိန်အတုအစစ်ခွဲခြားနိုင်သော နည်းလမ်းလေးများကို မိဘပြည်သူများ ဗဟုသုတရရှိစေရန် ရည်ရွယ်၍ မျှဝေတင်ဆက်ပေးလိုက်ပါသည်။

စိန်သည် တွင်းထွက်ကျောက်မျက်ရတနာများအားလုံးထဲတွင် တန်ဖိုးအကြီးဆုံးနှင့် လူကြိုက်အများဆုံးသော ကျောက်မျက်ရတနာတစ်ခုဖြစ်သောကြောင့် လက်ဝတ်အဆင်တန်ဆာအနေနှင့် အများဆုံးဝတ်ဆင်လေ့ရှိကြပါသလို စီးပွားရေးဈေးကွက်တစ်ခုအနေနှင့်ပါ ရောင်းဝယ်ဖောက်ကားခြင်း၊ စုဆောင်းခြင်းများပြုလုပ်လေ့ရှိကြပါသည်။
ထို့ကြောင့် မိမိဝယ်ယူခဲ့သော စိန်အား အတုအစစ် အလွယ်တကူ ခွဲခြားနည်းလမ်းလေးများကို ဖော်ပြပေးလိုက်ပါသည်။

ပထမမြောက်နည်းလမ်းလေးသည် စိန်အတုအစစ်ကို ခွဲခြားရန်အတွက် ရေထည့်ထားသော ဖန်ခွက်တစ်ခွက်သာလိုပြီး စိန်အစစ်ဖြစ်လျှင် ဖန်ခွက်အောက်ခြေထိနစ်မြုပ်သွားမှာဖြစ်ပြီး စိန်အတုဆိုလျှင် ဖန်ခွက်အောက်ခြေထိနစ်မြုပ်ခြင်းမရှိသည်ကို တွေ့ရမည်ဖြစ်ပါသည်။ စိန်အစစ်နှင့် သိပ်သည်းဆတူညီအောင်လုပ်ထားသော စိန်အတုဆိုလျှင် မည်သည့်စိန်တုံးသည် ရေအောက်ကို လျင်မြန်စွာနစ်မြုပ်သွားသည်ဆိုသည်ကို ကြည့်ပြီး စိန်အတုအစစ်ကို ခွဲခြားနိုင်ပါသည်။

ဒုတိယမြောက်နည်းလမ်းလေးသည် စိန်သည် အပူဒဏ်အခံနိုင်ဆုံးနှင့် အမာကြောဆုံးသတ္တုဖြစ်သောကြောင့် မီးဖြင့်စမ်းသပ်မှုကိုပြုလုပ်နိုင်ပါသည်။ ၎င်းစမ်းသပ်မှုအတွက် မီး၊ ပလာယာတစ်ချောင်း နှင့် ရေအေးတစ်ခွက်သာလိုအပ်ပါသည်။ စိန်ကိုပလာယာဖြင့်ညှပ်၍ ၄၅ မိနစ်ကြာမီးအပူပေး၍ ရေအေးထဲ ထည့်ကြည့်ပါ။ စိန်အစစ်ဖြစ်ပါက
မည်သည့် ထူးခြားမှုကိုမှမြင်တွေ့ရမှာမဟုတ်ဘဲ စိန်အတုဖြစ်ပါက ရေအေးထဲတွင်ကွဲအက်သွားမှာဖြစ်ပါသည်။

တတိယမြောက်နည်းလမ်းလေးသည် စိန်အစစ်များသည် ငွေ့ရည်ဖွဲ့မှုဒဏ်ကိုခံနိုင်ရည်ရှိသောကြောင့် စိုထိုင်းသော ရေစိုဝတ်ဖြင့် ပွတ်၍သန့်စင်ပြီးပါက ခြောက်အောင်မသုတ်ဘဲ ဒီတိုင်းထားကြည့်ပါ။ တစ်ပတ်လောက်အကြာတွင် စိန်အစစ်များသည် သဘာဝအတိုင်းခြောက်သွေ့သွားမှာဖြစ်ပြီး အတုဖြစ်ပါက စိန်၏မျက်နှာပြင်တွင် မှိုတက်နေသည်ကိုမြင်တွေ့ရမှာဖြစ်ပါသည်။

စတုတ္ထမြောက်နည်းလမ်းလေးသည် စိန်အစစ်ကို အဖြူရောင်အလင်းတန်းရှေ့တွင် ထားပါက အရောင်တောက်ပစွာ ပေါ်ထွက်နေမည်ဖြစ်ပြီး စိန်အတုဆိုလျှင် အရောင်အားဖြင့်သိသာစွာမြင်တွေ့ရမှာ မဟုတ်ဘဲ မွဲခြောက်သော အရောင်ကိုသာ တွေ့မြင်ရမှာဖြစ်ပါသည်။

နောက်ဆုံးနည်းလမ်းလေးသည် စိန်အစစ်နှင့် အခြားမာကျောသော အရာများဖြစ်သည့် ဖန်ပုလင်း၊ မှန် စသည်တို့နှင့် ပွတ်တိုက်ခြစ်ကြည့်လျှင် ပွတ်တိုက်ခံရသော အရာများတွင် အလွယ်တကူ အစင်းရာတွေထင်နေမည်ဖြစ်ပါသည်။ စိန်အတုနှင့် ခြစ်ကြည့်လျှင်တော့ အစင်းရာမှာထင်ရန် စိန်အစစ်နှင့်ခြစ်သည်ထက် လွယ်ကူခြင်းမရှိသည်ကို မြင်တွေ့ရမည်ဖြစ်ပါသည်။ ထို့အပြင် စိန်သည် အလွန်မာကြောသောကြောင့် တူ ကဲ့သို့သော အရာမျိုးနှင့် ထုကြည့်လျှင် စိန်အတုဆိုလျှင် အလွယ်တကူ ကြေမွသွားမည်ဖြစ်ပြီး စိန်အစစ်ဆိုလျှင် အလွယ်တကူ ကွဲကြေရန် လွယ်ကူနိုင်မည် မဟုတ်ပါ။ ယခုဖော်ပြပေးခဲ့သော နည်းလမ်းလေးများသည် မိမိအိမ်တွင် အလွယ်တကူ စမ်းသပ်စစ်ဆေးနိုင်သော စိန်အတုအစစ် ခွဲခြားနိုင်သောနည်းလမ်းလေးများဖြစ်ပါသည်။