ကျောက်မျက်အကြောင်းသိကောင်းစရာ

ပုလဲလုံးများအား အလှမပျက်အောင်ထိန်းသိမ်းသည့်အခါ . .

Pearl 1

ရတနာများအနက် ပုလဲသည် သက်ရှိသတ္တဝါများမှ ရရှိသည့် တစ်ခုတည်းသော အဖိုးတန်ပစ္စည်းဖြစ်ပါသည်။ ပုလဲလုံးလေးများသည် ပျော့ပြောင်း၍ တော်ဝင်ဆန်သော အလှကို ဖော်ဆောင်ပေးနိုင်ပါသည်။

ပုလဲသည် အခြားသော ရတနာများထက် မာကျောအဆင့် နိမ့်ပါသည်။

ထို့ကြောင့် ပုလဲလုံးများဖြင့် ပြုလုပ်ထားသော ရွှေထည်များ သန့်စင်ရာတွင် –

ရေနွေးဖြင့် ဆေးကြောခြင်း၊

ဆပ်ပြာဆီ၊ အမွှေးရည်များဖြင့် ဆေးကြောခြင်း၊

ရေမွှေး, lotion, hair spray ဖြင့် တိုက်ရိုက် ထိတွေ့ခြင်း၊

ပုလဲမျက်နှာပြင်များအား ကြမ်းတမ်းစွာ ပွတ်တိုက်ခြင်း စသည်တို့ကို မပြုလုပ်ရပါ။

လူအများပြုလုပ်လေ့ရှိသည့် ဗင်နီကာ,ဆိုဒါမှုန့်များအသုံးပြု၍ သန့်စင်ခြင်းကိုလည်း ပုလဲတွင် မပြုလုပ်ရပါ။ အက်စစ်များ  ပါဝင်သောကြောင့်  ပျက်စီးဆုံးရှုံးမှုများ ရှိစေနိုင်ပါသည်။

ပုလဲရတနာထည်များကို သန့်စင်သည့်အခါ နူးညံ့ပျော့ပျောင်းသော အဝတ်များဖြင့်သာ ညင်သာစွာ ပွတ်တိုက် ပေးရပါမည်။ထို့အပြင် အခြားသော ကျောက်မျက်ရတနာများနှင့် ရောနှော၍ သိမ်းဆည်းခြင်း မပြုရပါ။

ပုလဲ၏ မျက်နှာပြင်သည် ပါးလွန်းသောကြောင့် ပွတ်တိုက်မိသည့်အခါ အစင်းဖြစ်လွယ်ပါသည်။

သိမ်းဆည်းသည့် အခါတွင်လည်း ဦးစွာ ခြောက်သွေ့အောင်ထားပြီးမှသာ သိမ်းဆည်းရပါသည်။ နှစ်ကြာမြင့်လာသည့်အခါ အရောင်ပြန်တက်လာစေဖို့ Baby Oilများ၊ သွားတိုက်ဆေးများဖြင့် ပွတ်တိုက် မဆေးကြောသင့်ပါ။

ကျွမ်းကျင်သော ရတနာပညာရှင်များ၊ ပန်းထိမ်ပညာရှင်များထံ သွားရောက်၍ အရောင်တင် ပြန်လည် မွမ်းမံပေးသင့်ပါသည်။

တော်ဝင်နန်းဆန်ခြင်း၊ ဂုဏ်ကျက်သရေ  ရှိခြင်း၊ နူးညံမှုကို ပေးစွမ်းနိုင်သည့် မိန်းကလေးများအတွက် မည့်သည့်အခါမှ မရိုးရှင်းသွားနိုင်သော   အလှတရားများကို ပိုင်ဆိုင်နိုင်စေဖို့ ပုလဲလေးများကို  နည်းလမ်းမှန်ကန်စွာ ထိန်းသိမ်းခြင်းသည်လည်း အရေးကြီးပါတယ်နော် . .