ပြည်တွင်းသတင်း

ကိုဗစ်-၁၉ ကာကွယ်ရေးအကြောင်းအရာများ

covid-19 , u hton goldsmith, myanmar

ကိုဗစ်-၁၉ ရောဂါသည် တရုတ်နိုင်ငံ၊ ဝူဟန်မြို့ကနေ စတင်လာခဲ့ပြီး ကမ္ဘာ့အနှံ့အပြားသို့ ရောက်ရှိလာခဲ့ပါသည်။
ကိုဗစ်-၁၉ ရောဂါသည် အသက်ရှုလမ်းကြောင်းကနေ ကူးစက်တတ်သော ရောဂါဖြစ်သောကြောင့် ကူးစက်မှုနှုန်းကလည်းမြန်ဆန်သည်။ မြန်မာနိုင်ငံသို့ ပြည်ပပြန်များ ပြန်လည်ရောက်ရှိလာသောကြောင့် ပြည်တွင်းကူးစက်မှုများ စတင်ခဲ့ပါသည်။ ယခုမူ ဒုတိယလှိုင်း စတင်လာခဲ့ပြီမို့ ပြည်သူပြည်သားများသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး
နည်းလမ်းများကို သိထားသင့်ပါသည်။

(၁) ရောဂါပိုးရှိသော အရာဝတ္ထုများနှင့်မျက်နှာများကို လက်ဖြင့် မကြာခဏထိတွေ့မိလျှင်
မျက်လုံး၊ နှာခေါင်းနှင့် ပါးစပ် ( သို့မဟုတ် ) ဗိုင်းရပ်စ်များကို ပို့ဆောင်ပေးပြီး ရောဂါကူးစက်နိုင်သောကြောင့်
လက်များကို မကြာခဏဆေးကြောသင့်ပါသည်။ လက်များကို ဆေးရာတွင် အရက်ပြန်ပါသည့် လက်သန့်ဆေးရည် (သို့မဟုတ်) ဆပ်ပြာနှင့်ဆပ်ပြာရည်တို့ဖြင့် ဆေးကြောရန်တို့ဖြစ်ပါသည်။
(၂) ဗိုင်းရပ်စ်ပိုးကပ်လာပြီဆိုလျှင် လက်များသည် မျက်လုံး၊ နှာခေါင်း၊ ပါးစပ်သို့ ပို့ဆောင်ပေးနိုင်ပြီးထိုမှတဆင့် ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်နိုင်ပြီး နာမကျန်းဖြစ်စေသောကြောင့် မျက်လုံး၊ နှာခေါင်း၊ ပါးစပ်တို့ကို သတိမပြုဘဲ ကိုင်တွယ်ခြင်းမပြုလုပ်ရန်ဖြစ်ပါသည်။
(၃) ချောင်းဆိုးနှာချေသောအခါ ပါးစပ် (သို့မဟုတ်) နှာခေါင်းမှ ဗိုင်းရပ်စ်ပိုးပါလာသော အစက်ကလေးများ
လွှင့်စင်တတ်သောကြောင့် ပါးစပ်(သို့မဟုတ်)နှာခေါင်းကို လက်ဖြင့်မအုပ်ဘဲ တံတောင်ဆစ် (သို့မဟုတ်) တစ်ရှူးဖြင့် အုပ်ခြင်းဖြင့် လက်များသို့ ဗိုင်းရပ်စ်ပိုး မရောက်ရှိနိုင်တော့ပါ။
(၄) ကိုဗစ်-၁၉ ရောဂါသည် အသက်ရှုလမ်းကြောင်းကနေ ကူးစက်တတ်သောရောဂါဖြစ်သောကြောင့်
လူထူထပ်သောနေရာများကို ရှောင်ရှားခြင်းဖြင့် ကိုဗစ်-၁၉ရောဂါနှင့် အခြားအသက်ရှူလမ်းကြောင်းရောဂါ
ကူးစက်ခြင်းမှ ကာကွယ်နိုင်ပါသည်။ အဓိကအားဖြင့် အသက်( 60 )နှင့်အထက်၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ အဆုတ်၊ ကင်ဆာ အစရှိသောရောဂါဝေဒနာအခံရှိသူများသည် လူထူထပ်သောနေရာများကို ပို၍ရှောင်ရှားသင့်ပါသည်။
တစ်ယောက်နှင့် တစ်ယောက် အနည်းဆုံး ( 1 ) မီတာအကွာမှာ ရှိသင့်ပါသည်။
(၅) နေထိုင်မကောင်းလျှင် အလုပ်သွားခြင်း၊ တခြားနေရာများသွားခြင်းများ မပြုလုပ်လျှင် ကျန်းမာရေးအမြန်ဆုံးကောင်းလာနိုင်ပြီး တခြားသူများကိုလည်း မကူးဆက်နိုင်အောင်ကာကွယ်ပေးနိုင်သည့်အတွက် အိမ်မှာတစ်ယောက်ထဲ သီးသန့်နေသင့်ပါသည်။
(၆) ချောင်းဆိုးခြင်း၊ နှာချေခြင်းနှင့် အသက်ရှူခက်ခြင်းများ ခံစားနေရပါက အပြင်ထွက်ခြင်းမပြုလုပ်ဘဲ ကျန်းမာရေးဌာနသို့ ဆက်သွယ်မေးမြန်းရပါမည်။ ယခုမူ ကိုဗစ်-၁၉ရောဂါကူးစက်မှုသည် ပြည်တွင်းကူးစက်မှု ပြန်လည်တွေ့ရှိထားသောကြောင့် ပြည်သူပြည်သားများသည် မပေါ့ဆကြဘဲ လိုက်နာရမည့် ကိုဗစ်-၁၉ ကာကွယ်ရေးနည်းလမ်းများနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတ်မှတ်ထားသောအချက်များကို ဂရုတစိုက်လိုက်နာသင့်ပါသည်။