အောက်ဖော်ပြပါ နည်းလမ်းအဆင့်ဆင့် ဖော်ပြထားသော ပုံများကြည့်ရှု၍ Discord Account ဖွင့်လှစ် အသုံးပြုနိုင်ပါသည်။
Discord Account မရှိပါက Register နှိပ်ပြီး Account အသစ် ဖွင့်ပါ။ Account ရှိပြီးပါက Login နှိပ်ပါ။
Username နှင့် Tag ဆိုသည်မှာ ကိုယ်နှင့် Friend လုပ်မည့်သူရဲ့ Account ဖြစ်ပါသည်။ Username နှင့် Tag ထည့်ရာတွင် Space Bar မခြားမိစေရန် သတိပြုပါ။
Video (Turn On/Off Camera) ဖွင့်ထားပါက Video Call ကဲ့သို့ ပြောလို့ရပါမည်။
Screen (Share Your Screen) ဖွင့်ထားပါက ကိုယ့် Phone/Computer ရဲ့ Screen ကို တခြားသူများ မြင်ရပါမည်။
Microphone ကို ကိုယ်စကားပြောလိုပါက ဖွင့်ထားလို့ရပါသည်။
Speaker တွင်လည်း Speaker နှင့် Phone ဟူ၍ ရွေးချယ်စရာ နှစ်မျိုးပါရှိပါသည်။
Disconnect သည် Channel မှ ထွက်ချင်ပါက အသုံးပြုနိုင်ပါသည်။
Video Icon ကို နှိပ်ပြီး Live နှင့် Share Screen များကို ကြည့်ရှုနိုင်ပါသည်။