ပြည်တွင်းသတင်း, ပြည်ပသတင်း

Ukraine ယူကရိန်းနိုင်ငံကျူးကျော်တိုက်ခိုက်ခံရခြင်းနှင့်အတူမြန်မာနိုင်ငံတွင်ဖြစ်ပေါ်လာနိုင်သောရွှေဈေးအတက်အကျများ

Ukarine

ကမ္ဘာတစ်ဝန်းလုံး လှုပ်ခက်စေခဲ့သော နိုင်ငံရေးအခြေအနေတွင် ရှရှားနိုင်ငံမှ ယူကရိန်းနိုင်ငံအပေါ် ကျူးကျော်စစ်ပွဲ စတင်လိုက်ပြီဟူသော ရှရှားသမ္မတ Vladimir Putin ၏ ကြေညာချက် ထွက်ပေါ်ပြီးနောက် စတင်လာသော စစ်ပွဲကြောင့် ဖြစ်ပါသည်။ ရှရှားနိုင်ငံနှင့် ယူကရိန်းနိုင်ငံ နှစ်နိုင်ငံကြားတွင် ရှိသောစစ်ပွဲကြောင့် တစ်ကမ္ဘာလုံး အတိုင်းအတာအပေါ် သက်ရောက်မှုများ ရှိလာခြင်း၊ ‌ဒေါ်လာဈေးမြင့်တက်လာမှုနှင့် စက်သုံးဆီ၊ ရေနံဈေးများ ပုံမှန်ထက် မြင့်တက်လာသော အခြေအနေများနဲ့အတူ ကမ္ဘာ့ငွေကြေးဈေးကွက်တွင် ရင်းနှီးမြှုပ်နှံမှု တစ်ခုဖြစ်သည့် ရွှေဈေးအတက်အကျ အခြေအနေများ ပြောင်းလဲလာမှုများပင် ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေး အခြေအနေ မတည်ငြိမ်မှုများ အခြေခံကာ စားသောက်ကုန် ဈေးနှုန်းများ၊ ဒေါ်လာဈေး၊ စက်သုံးဆီဈေး နှင့် ရွှေဈေး အခြေအနေများ အစောပိုင်း ကာလတွင် အတက်ဘက်ကို ဦးတည်နေပြီး ဈေးနှုန်းအနေနှင့် မကျဘဲ ပုံမှန်ဈေးကွက်အနေနှင့်သာ လည်ပတ်လျှက် ရှိနေသည်ပင် ဖြစ်ပါသည်။ ယခုကဲ့သို့ ရှရှားနိုင်ငံနှင့် ယူကရိန်းနိုင်ငံစစ်ပွဲအပေါ် အခြေခံ၍ တစ်ကမ္ဘာလုံး အတိုင်းအတာအရ မြင့်တတ်လာသော ဈေးနှုန်းအခြေအနေများ နည်းတူ မြန်မာ့ရွှေဈေးကွက်အခြေအနေသည်လည်း အနည်းငယ် မြင့်တက်လျှက် ‌ရှိနေပါသည်။

ရွှေဈေးကွက် အခြေအနေ မြင့်တက်လာရသည့် အကြောင်းအရင်းသည် အဓိကအားဖြင့် ၃ ခု ရှိပါသည်။ ပထမအချက်အနေဖြင့် ကမ္ဘာ့ စက်သုံးဆီ ဈေးကွက်၏ အဓိက ထုတ်လုပ်သည့် ရှရှားနိုင်ငံအပေါ် ပြုလုပ်လာသည့် ပိတ်ဆို့ ပိတ်ပင်ခြင်းများကြောင့် စက်သုံးဆီ ရောင်းဝယ်မှု ဈေးကွက်အပေါ် အဓိက လှုပ်ခက်မှုများ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် ဖြစ်ပါသည်။ စက်သုံးဆီဈေး မြင့်တက်လာခြင်းကြောင့် ဒေါ်လာဈေးကွက်အပေါ် သက်ရောက်မှုတစ်ခု ဖြစ်စေခဲ့ခြင်းသည် ပထမ အကြောင်းရင်းတစ်ခု ဖြစ်စေခဲ့ပါသည်။

ဒုတိယအချက်အနေဖြင့် ဒေါ်လာဈေးကွက်အပေါ် ရင်းနှီးမြှုပ်နှံမှုများအစား ရွှေဈေးကွက်အပေါ် ပိုမို ရင်းနှီးမြှုပ်နှံမှုများ စလုပ်လာခြင်းကြောင့် ဖြစ်ပါသည်။ နောက်ဆုံးအချက်တွင် လူအများ စိတ်ပူနေကျသကဲ့သို့ တတိယကမ္ဘာစစ်များ ဖြစ်ပေါ်တော့မည်လားဆိုသည့် စိုးရိမ်ပူပန်မှုများကြောင့် ငွေသားများ လက်ဝယ်ထားရှိခြင်းသည် ဘဏ်များတွင် အခြား ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခြင်းထက် ကိုယ်နှင့်မကွာ သယ်ဆောင်ရ လွယ်ကူ၍ အာမခံချက်ရှိသည့် ရွှေထည်ပစ္စည်း ဝယ်ယူထားရှိခြင်းကို အာရုံစိုက်လာခြင်းတို့ကြောင့် ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ ရွှေဈေးကွက်အခြေအနေသည် ပုံမှန်ထက် အနည်းငယ်တက်ခဲ့ပြီး လက်ရှိအခြေအနေတွင် အနည်းငယ် ပြန်လည် တည်ငြိမ်နေသည်ကို တွေ့ရပါတော့သည်။