ဆောင်းပါး

လူငယ်တွေ လုပ်သင့်သောအလုပ်အကိုင်များ

jobsthatyoungpeopleshoulddo

ယနေ့ခေတ်လူငယ်များအနေနှင့် ရွေးချယ်သင့်သော အလုပ်အကိုင်များ၊ အသက်မွေးဝမ်းကြောင်းလုပ်ငန်းများနှင့်ပက်သတ်ပြီး အဖြေရှာရခက်နေသော ပြဿနာများအတွက်ရည်ရွယ်ပြီး လုပ်သင့်သော အလုပ်အကိုင်လေးများကို အားလုံးအတွက် ဗဟုသုတ ရရှိစေရန် မျှဝေတင်ဆက်ပေးလိုက်ပါသည်။

လူငယ်များအနေနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရွေးချယ်စရာလမ်းကြောင်းများ ယခုအခါတွင် ပေါများလာသော ကြောင့် မည်သို့သောလုပ်ငန်းများကို ရွေးချယ်ရမလဲဆိုသည်မှာ လူငယ်တိုင်းအတွက် အဖြေရှာရခက်သော ပြဿနာ တစ်ခုဖြစ်လာပါသည်။ နည်းပညာအဆင့်အတန်းများ မြင့်မားလာခြင်းကြောင့် နိုင်ငံတကာတွင်အလုပ်အကိုင်အခွင့်အလမ်းများ ပေါများလာကာ မိမိ၏ ဝါသနာကို အခြေခံပြီး အလုပ်လုပ်ကိုင်ခြင်းထက် လစာအခွင့်အလမ်းများအပေါ် ပိုမိုအာရုံစိုက်မိလာကာ အလုပ်အကိုင်များကို ရွေးချယ်လာကြသည်။ အရေးကြီးဆုံးအချက်သည် မိမိ၏ ဝါသနာကို အရင်းတည်ပြီး စိတ်ဝင်စားသောလမ်းကြောင်းပေါ်လျှောက်လှမ်းပြီး အလုပ်အကိုင်တွေရှာဖွေခြင်းသည် အကောင်းဆုံးနှင့် နောင်တမရစေမည့် ရွေးချယ်မှုမျိုးဖြစ်ပါသည်။ လစာအခွင့်အရေးမျိုးကို ရွေးချယ်ခြင်းသည်ရေရှည်အတွက် လွယ်ကူမည် မဟုတ်သောကြောင့် သတိပြုသင့်သော အချက်တစ်ခုလည်းဖြစ်ပါသည်။ ယနေ့ခေတ်တွင် မိမိ ဝါသနာပါရာကိုရွေးချယ်ပြီး တတ်ရောက်လိုသော အသက်မွေးဝမ်းကြောင်းပညာရပ်များသည်လည်း အများအပြားရှိနေပြီဖြစ်သောကြောင့် စိတ်ပါဝင်စားသော အရာကိုရွေးချယ်ပြီး လုပ်ငန်းခွင်တွင်း professional ကျအောင်လုပ်ဆောင်နိုင်သော အခွင့်အရေးများလည်းရှိနေပြီ ဖြစ်ပါသည်။

အဓိကအချက်သည် မည်သို့သော အလုပ်အကိုင်မျိုးကို ရွေးချယ်ရွေးချယ် နိုင်ငံတကာ ဘာသာစကားတစ်ခုဖြစ်သော အင်္ဂလိပ်စာကို အခြေခံပိုင်နိုင်မှုရှိရှိနှင့် ကောင်းမွန်စွာတက်မြောက်ထားရန် လိုအပ်ပါသည်။ ထိုမှသာ မည်သည့်အလုပ်မျိုးကို ရွေးချယ် ရွေးချယ် မိမိရွေးချယ်သော အလုပ်အတွက် ဆက်လက်ပြီးလေ့လာနိုင်မည်ဖြစ်သလို နိုင်ငံရပ်ခြားနှင့်လည်းကောင်းမွန်စွာ ဆက်ဆံနိုင်မည် ဖြစ်ပါသည်။

လူငယ်များအနေနှင့် ပထမဦးဆုံးရွေးချယ်သင့်သော အလုပ်အကိုင်သည် ကွန်ပျူတာအခြေခံရှိပြီး စိတ်ပါဝင်စားသော လူငယ်များအနေနှင့် Graphic designer ၊ IT programmer စတဲ့အလုပ်တွေရွေးချယ်သင့်ပါသည်။သင်္ချာနှင့်အတွက်အချက်ဝါသနာပါသော လူငယ်များအနေနှင့် accountant ဟုခေါ်သော စာရင်းကိုင်လုပ်ငန်းကိုရွေးချယ်နိုင်ပြီး၊ ဆေးပညာနှင့် ပက်သတ်ပြီး စိတ်ဝင်စားသောသူများအတွက်ဆေးဝါးကျွမ်းကျင်၊ သူနာပြုအကူ စတာတွေကိုရွေးချယ်သင့်ပါသည်။

အင်ဂျင်နီယာလုပ်လိုသူများအနေနှင့်တက္ကသိုလ်များတွင် တက်ရောက်စရာမလိုဘဲ ပုဂ္ဂလိက သင်တန်းများကိုတက်ပြီးလည်း engineering အလုပ်အကိုင်များကို လုပ်ကိုင်နိုင်ပါသည်။ စာဖတ်ဝါသနာပါပြီး စာရေးရခြင်းကို ကြိုက်နှစ်သက်သောလူငယ်များအနေနှင့် content writer၊ ဘာသာစကားလေ့လာရခြင်းအား စိတ်ဝင်စားတဲ့သူတွေအနေနှင့် translator လုပ်ငန်းများ လုပ်ကိုင်နိုင်သလို အားကစားစိတ်ဝင်စားသော လူငယ်များအနေနှင့် fitness instructor အလုပ်အကိုင်များကိုရွေးချယ်နိုင်ပါသည်။

ထို့အပြင် Human resource management ကိုစိတ်ဝင်စားသော လူငယ်များအနေနှင့်လည်း ကုမ္ပဏီများတွင် HR အနေနှင့် ဝင်ရောက်အလုပ်လုပ်ကိုင်နိုင်သလို ကိုယ်ပိုင်စီးပွားရေးလုပ်ချင်သော လူငယ်များအနေနှင့်လည်း အသေးစားစီးပွားရေးလုပ်ငန်းလေးများကို လုပ်ကိုင်နိုင်ပါသည်။ ယခုအချိန်တွင် အိမ်မှာနေရင်း အလွယ်တကူ social media platform များမှတစ်ဆင့် online shop ရောင်းခြင်း၊ blogger ၊ YouTuber များအဖြစ်လည်း လုပ်ကိုင်နိုင်ပါသည်။ ထို့အပြင် နိုင်ငံရပ်ခြားတွင်သွားရောက်အလုပ်လုပ်ကိုင်လိုသော လူငယ်လူရွယ်များအနေနှင့်လည်း မိမိဝါသနာပါရာလမ်းကြောင်းအလိုက် ရွေးချယ်နိုင်ပါသည်။

ယခုဖော်ပြပေးခဲ့သော အလုပ်အကိုင်အခွင့်အလမ်းများလေးထဲမှ လူငယ်လူရွယ်များအနေနှင့် ဝါသနာပါရာလမ်းကြောင်းလေးများကိုချဲ့ထွင်ပြီး တခြားအလုပ်အကိုင်လေးများကိုလည်း မိမိ ဝါသနာပါရာနှင့် ထပ်တူကျ၍ ရှာဖွေလုပ်ကိုင်နိုင်ပြီး အောင်မြင်မှုပန်းတိုင်ရောက်ရှိကြပါစေရန် ဆုတောင်းပေးလိုက်ပါသည်။