ဆောင်းပါး

ရွှေပန်းထိမ်ဆရာတို့၏ဘဝ နှင့် ပန်းထိမ်ပညာသမိုင်းကြောင်း

life of goldsmith, history of goldsmith, u hton goldsmith, myanmar

ရွှေသည် အခြားသောသတ္တုဒြပ်စင်များနှင့် နှိုင်းယှဉ်လျှင် အလွယ်တကူပုံသွင်းနိုင်သည့် သန့်စင်သော ဒြပ်စင်တစ်မျိုးဖြစ်သည်။ ၎င်းသည် ထိတွေ့မှုကြောင့် အရောင်ပြောင်းခြင်း ပုံပျက်သွားခြင်းမျိုးလည်းမရှိဘဲ ကြေးနီကဲ့သို့သော သတ္တုများနီးတူ အလွယ်တကူ ပုံသွင်းနိုင်သည်။ ပန်းထိမ်ပညာသည် ရွှေနှင့်အခြားအဖိုးတန်သတ္တုများ၊ တန်ဖိုးရှိသောကျောက်မျက်ရတနာများကို အသုံးပြုပြီး အထူးပြုလုပ်သော သတ္တုလုပ်ငန်းပညာရပ်တစ်ခု ဖြစ်သည်။

သမိုင်းအစဉ်အလာအရ ရွှေပန်းထိမ်လုပ်ငန်းများမှ လက်ဝတ်အဆင်တန်ဆာများသာမက ငွေထည်ပစ္စည်းများ၊ ပန်းကန်၊ ဖန်ခွက်များ၊ အလှဆင်ခြင်းပစ္စည်းများ၊ အသုံးအဆောင်ပစ္စည်းများနှင့် ဘာသာရေးပစ္စည်းများစသည်ဖြင့်ပြုလုပ်ကြသည်။ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တစ်ခုအဖြစ် ကမ္ဘာနှင့်တစ်ဝှမ်းတွင် ‌ပန်းထိမ်ပညာရှင်တို့၏လက်ရာများစွာကို ယခုတိုင် နိုင်ငံတကာရှိပြတိုက်များတွင် လေ့လာတွေ့ရှိနိုင်သည်။ ၎င်းပစ္စည်းအသုံးအဆောင် အဆင်တန်ဆာများကို ကြည့်ခြင်းအားဖြင့် ခေတ်အဆက်ဆက်ပန်းထိမ်ဆရာတို့၏ လက်ရာအဆင့်အတန်းနှင့် သမိုင်းအထောက်အထားတစ်ခုအနေဖြင့်လည်းလေ့လာနိုင်မည်လည်းဖြစ်သည်။ အချို့သော ပန်းထိမ်ပစ္စည်းလက်ရာများမှာ ယနေ့ခေတ်တိုင် ခေတ်မှီလှပစွာအသုံးပြုလျှက်ရှိနေကြပြီး အဆင့်အတန်းမြင့်မားလှသော ပန်းထိမ်ဆရာများ၏ ဒီဇိုင်းလက်ရာများကို တွေ့မြင့်နိုင်ပြီး ယနေ့တိုင်ခေတ်မှီနေသော နည်းစနစ်များကိုအသုံးပြုပြီးဖန်တီးထားကြောင်းမှုများကိုလည်းအံ့ဩသင့်ဖွယ်တွေ့ရှိရသည်။

၁၄၃၀ ခုနှစ်ဝန်းကျင်တွင် ဂျာမနီရှိ ရွှေပန်းထိမ်သမားများအနေဖြင့် သတ္တုအပိုင်းအစများကိုအသုံးပြုပြီး ထွင်းထုဖန်တီးခြင်းဖြင့် ပန်းထိမ်လုပ်ငန်းကို စတင်တီထွင်ခဲ့သည်။ ၁၅ ရာစုနှစ်တွင် ပန်းထိမ်လုပ်ငန်းမှာအထူးထင်ရှားလာပြီး Martin Schongauer နှင့် Albrecht Durer တို့သည် ထိုခေတ်က ဂျာမနီနိုင်ငံတွင် အထူးထင်ရှားသော ပန်းထိမ်ဆရာများဖြစ်သည်။ အိန္ဒိယနိုင်ငံသည် ပန်းထိမ်လုပ်ငန်းတွင် ရှေးအကျဆုံးနှင့် အထင်ရှားဆုံးသော လူမှုအသိုင်းအဝိုင်းများထဲမှ တစ်ခုဖြစ်သည်။ ၁၈၅၁ တွင် ‌အိန္ဒိယနိုင်ငံမှ ရွှေဖြင့်ဖန်တီးထားသောပန်းချီကားလက်ရာများကို လန်ဒန်ရှိ Great ပြပွဲတွင်ပင် ပြသခဲ့သည်။ Vishwakarma၊ Daivadnya Brahmins နှင့် Kshatriya Sunar တို့သည် အိန္ဒိယတွင် ထင်ရှားသော ပန်းထိမ်ဆရာများဖြစ်သည်။ ပန်းထိမ်ဆရာတစ်ဦးသည် ကျွမ်းကျင်မှုနှင့် ဗဟုသုတများစွာလည်း ရှိရမည်ဖြစ်သည်။ ယနေ့ ခေတ်တွင် အခြားသော သတ္တုအမျိုးမျိုးကိုရောစပ်၍လည်း ရွှေဒီဇိုင်းဖန်တီးမှုများ အထူးထင်ရှားလာပြီး ဝတ်ဆင်သူများလည်း ပို၍များပြားလာကြသဖြင့် ပန်းထိမ်ဆရာတို့၏ စိတ်ကူးစိတ်သန်း ကျွမ်းကျင်မှုနှင့် လက်ရာပေါ်မူတည်၍ တန်ဖိုးများလာကြသည်။ အထူးသဖြင့် ပလက်တီနမ်ကိုရွှေနှင့် ရောစပ်၍ ရွှေဒီဇိုင်း ဖန်တီးမှုမှာလူကြိုက်များသည်။ 24 ကာရက်ရှိသော သန့်စင်သောရွှေစင်သည် အလွန်ပျော့ပျောင်းသောကြောင့် ၎င်းကိုရတနာများနှင့်လက်ဝတ်ရတနာဖန်တီးခြင်းအသုံးအဆောင် ပစ္စည်းများပြုလုပ်ရာတွင်အသုံးပြုလေ့မရှိဘဲ ရွှေသီးသန့်ပြုလုပ်သောအဆင်တန်ဆာတစ်မျိုးအဖြစ်သာဖန်တီးကြသည်။

1950 ခုနှစ်နောက်ပိုင်းတွင်မှ ပန်းထိမ်ဆရာများအတွက် ရွှေကိုသီးသန့်ပုံသွင်းရန် စက်နှင့်ကြိတ်ခွဲစက်၊ Rolling Mill၊ Drawplate၊ Swage Blocks၊ Diamond Cutter၊ Faceter၊ Gem Setter၊ Lapidary၊ Opal Polisher၊ Ring Maker နှင့် အခြားသော ကိရိယာစက်ပစ္စည်းအမျိုးမျိုးကို အသုံးပြု၍ ရတနာများကိုဖြတ်ခြင်း၊ ဖောက်ခြင်း၊ အရည်ဖျော်ခြင်း၊ ပုံသွင်းခြင်း၊ ဂဟေဆော်ခြင်း စသည့်လုပ်ငန်းများကို လုပ်ဆောင်၍ ပန်းထိမ်လက်ရာဒီဇိုင်းများကိုဖန်တီးကြသည်။ ၎င်းကိရိယာစက်ပစ္စည်းများကို အသုံးပြု၍ လုပ်ဆောင်ရာတွင် ပန်းထိမ်ဆရာတို့၏ ကျွမ်းကျင်မှုအရည်အချင်းများပေါ် မူတည်၍ ပန်းထိမ်လက်ရာများ သေသပ်လှပဆန်းသစ်မှု ကိုတွေ့နိုင်မည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် ရွှေပန်းထိမ်လုပ်ငန်းမပေါ်မီ အချိန်ကာလကတည်းကပင် ငွေထည်ပစ္စည်းများကိုအသုံးပြု၍ အသုံးအဆောင်အဆင်တန်ဆာများ ပြုလုပ်ခြင်းမှာ ဦးစွာခေတ်စားလာခဲ့သည်။ ထို‌ခေတ်ကာလက ငွေချည်များကိုပန်းချီကားများတွင် တန်ဆာဆင်ပြီး ငွေချည်ထိုးပန်းချီကားများအနေဖြင့် သမိုင်းခေတ်ကို ထင်ဟက်စေသော ပန်းချီကားများစွာကို ဖန်တီးထားမှုများသည် အထူးခေတ်စားခဲ့သည်။

ရွှေပန်းထိမ်သမားများသည် ပုံမှန်အားဖြင့် တစ်ပတ်လျှင် 38 နာရီ သောကြာနေ့အထိ လေအေးစက်တပ်ထားသည့်အခန်းများတွင် အလုပ်လုပ်ကြရသည်။ အချို့ပန်းထိမ်သမားများသည် စနေနေ့များတွင်ပါ အလုပ်လုပ်ကြရသည်။ ထိုင်၍ အလုပ်လုပ်ရသော အလုပ်ဖြစ်သဖြင့် အညောင်းမိပြီး ခါးညောင်း၊ ခါးကိုက်ရောဂါများနှင့် ဇတ်ကျီးပေါင်းရောဂါများ၊ ခေါင်းမူးခေါင်းကိုက်ခြင်းများ အဖြစ်များပြီး ရွှေနှင် အခြားသော ဒြပ်သတ္တုများကို ရှုမိခြင်းများကြောင့် အသက်ရှုလမ်းကြောင်းတစ်လျှောက် ရောဂါများ နှင့် အဆုတ်ရောဂါပြသာနာများလည်း ဖြစ်လေ့ရှိသဖြင့် အထူးဂရုစိုက်ကြရန် လိုအပ်သည်။

ရှေးခေတ်က မိဘအမွေအရင်းလက်မှုပညာတစ်ခုအဖြစ်သာ ပန်းထိမ်ပညာကို လက်ဆင့်ကမ်းအမွေပေး၍ ပန်းထိမ်ဆရာများအဖြစ် အလုပ်လုပ်ကိုင်ခဲ့ကြသော်လည်း ယခုအခါတွင် ပန်းထိမ်ပညာရပ်သည် လက်မှု လက်ငုပ် လက်ရင်းပညာရပ်တစ်ခုထက်ပို၍ အနုစိတ်လှသော အနုပညာရပ်တစ်ခုအဖြစ် သတ်မှတ်ပြီး ပန်းထိမ်ဆရာများအတွက် နိုင်ငံတကာတွင် ပညာရပ်တစ်ခုအနေဖြင့် အသိအမှတ်ပြုပြီး သင်တန်းများ၊ ဒီပလိုမာဘွဲ့များ အနေဖြင့် တက်ရောက်သင်ကြားနိုင်နေပြီဖြစ်သည်။ အနောက်တိုင်းဩစတေးလျ ရှိ အချို့သောတက္ကသိုလ်များတွင် သက်မွေးဝမ်းကြောင်းမှုဆိုင်ရာဘွဲ့တစ်ခုအဖြစ် သတ်မှတ်ပြီး ဘွဲ့များ ပေးအပ်၍ သင်ကြားနိုင်ပြီဖြစ်သည်။ အခု‌ပြောပြပေးခဲ့တဲ့ အကြောင်းလေးကတော့ ရွှေပန်းထိမ်သမားတို့ရဲ့ အလုပ်အကိုင်‌နေရတဲ့ဘဝနှင့် ပန်းထိမ်ပညာရပ်အကြောင်း‌လေးတွေကို ရှာဖွေတွေရှိချက်လေးတွေ အခြေခံပြီး ဗဟုသုတရစေဖို့ရာ တင်ပြပေးခဲ့တာပဲဖြစ်ပါတယ်ရှင့်။