Lifestyle, ဆောင်းပါး

လက်စွပ်ပုံသဏ္ဍာန်တွေနဲ့ အဓိပ္ပါယ်များ

rings and their meanings, u hton, myanmar jewelry

လက်ဝတ်ရတနာဆိုတာ လူသားတိုင်း တန်ဖိုးထားမြတ်နိုးကြတဲ့ အဆင်တန်ဆာတွေထဲက တစ်ခု ဖြစ်ပါတယ်။ အဲဒီ လက်ဝတ်ရတနာတွေထဲမှာ လက်စွပ်တွေကလည်း အရေးပါတဲ့နေရာက ပါဝင်ပါတယ်။ ဒါကြောင့် လူသားတိုင်းအတွက် အဓိပ္ပါယ်မျိုးစုံရှိစေမယ့် တန်ဖိုးရှိတဲ့ ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ လက်စွပ်တွေအကြောင်း ဖော်ပြလိုက်ပါတယ်။

Anniversary Band
ဒီလက်စွပ်ကတော့ ချစ်သူစုံတွဲတိုင်း အတွက် အရေးပါတဲ့ လက်စွပ်အမျိုးအစားတစ်ခုဖြစ်ပြီး လက်စွပ်မှာ စိန်
ဒါမှမဟုတ် ကျောက်တွေနဲ့ အလှဆင်လေ့ ရှိပါတယ်။ လက်စွပ်ကွင်းရဲ့ ၃ ပုံ ပုံ ၁ ပုံအနေအထား၊ တစ်ဝက်အနေအထားလောက်တွေမှာ စိန်၊ ကျောက် စတဲ့ ရတနာတွေနဲ့ အလှဆင်လေ့ရှိပြီး ပုံမှန်အားဖြင့် အမြှောင်းပုံစံ အလှဆင်လေ့ရှိပါတယ်။ ပုံမှန်အားဖြင့် စုံတွဲတွေရဲ့နှစ်ပတ်လည်တွေမှာ လက်ဆောင်အဖြစ် ပေးအပ်လေ့ရှိပါတယ်။
Band
ဒီလက်စွပ်ရဲ့ အကျယ်အရွယ်အစားကတော့ တူညီတဲ့ အနေအထားရှိပြီး ရိုးရှင်းတဲ့ ပုံစံရှိပါတယ်။ လက်စွပ်မှာ စာသား ဒါမှမဟုတ် စိန်နဲ့ ကျောက်တို့ကိုအသုံးပြုပြီး ဒီဇိုင်းဆင် ပုံဖော်လို့ရပါတယ်။ ရိုးရိုးရှင်းရှင်းနဲ့ အဖိုးတန်တဲ့ ရတနာလေးတစ်ခုပါပဲ။
Birthstone Ring
ဒီလက်စွပ်ကတော့ အထက်တန်းကျကျ အဖိုးထိုက်တန်တဲ့ လက်စွပ်တွေထဲက တစ်ခုဖြစ်ပါတယ်။ လက်စွပ်မှာ ကြီးမားပြီး လှပတဲ့ကျောက်ကို တပ်ဆင်ကာ အလှဆင်လေ့ ရှိပြီး လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ရဲ့မွေးနေ့အတွက် ရည်ရွယ်ပေးအပ်ကြလေ့ ရှိပါတယ်။ ပေးအပ်မယ့် လူပုဂ္ဂိုလ်ရဲ့ နေ့နံပေါ်မူတည်ပြီးတော့လည်း အလှဆင်တဲ့ကျောက်အမျိုးအစား ပြောင်းလဲနိုင်ပါတယ်။
Bridal Set
ဒါကတော့ အိမ်ထောင်သည်အမျိုးသမီး အတွက် တန်ဖိုးရှိလှတဲ့ လက်စွပ်ပါပဲ။ အဓိပ္ပါယ်ရှိလှတဲ့ လက်စွပ်အတွဲဖြစ်ပြီး အိမ်ထောင်သည်အမျိုးသမီးတွေရဲ့ ဘယ်ဘက်လက်မှာ တွေ့ရလေ့ရှိပါတယ်။ စေ့စပ်လက်စွပ်နဲ့ လက်ထပ်လက်စွပ်အတွဲဖြစ်ပြီး တန်ဖိုးရှိလှတဲ့ အရာတစ်ခုပါပဲ။
Cocktail Ring
Dinner Ring လို့လည်း လူသိ များပါတယ်။ ဒီလက်စွပ်ကတော့ ကြီးမားပြီး ချစ်ခြင်းတရားကို ဖော်ညွှန်းပြသတဲ့အဓိပ္ပါယ်ကို ဖော်ကျူးပါတယ်။ ၁၉၃၀ ဝန်းကျင်ကာလလောက်မှာ စတင်ပေါ်ပေါက်ခဲ့ပြီး အဓိကအနေနဲ့ ကော့တေးပါတီပွဲတွေမှာ ဝတ်ဆင်ကြလေ့ရှိပါတယ်။