ပရဟိတ ကောင်းမှုပြုခြင်း, လူမှုပတ်ဝန်းကျင်အကျိုးပြုလုပ်ဆောင်ချက်

စိတ်ကျန်းမာရေးဆေးရုံကြီး အထွေထွေပဒသာပင် အလှူ

စိတ်ကျန်းမာရေးဆေးရုံကြီး အလှူ

ဦးထုံရွှေပန်းထိမ်နှင့် ရတနာရွှေဆိုင်မိသားစုကြီးသည် ဒဂုံမြို့နယ်ရှိ စိတ်ကျန်းမာရေးဆေးရုံကြီသို့ နှစ်စဉ်လှူဒါန်းသော ငွေသားအလှူကြီးကို မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်တွင်လည်း သွားရောက်လှူဒါန်းနိုင်ခဲ့ပါသည်။ ဆေးရုံကြီးရှိ ရောဂါဝေဒနာရှင်များ၏ အစားအသောက်အခက်အခဲများနှင့် တခြားလိုအပ်မှုများကို ဖြည့်စွက်နိုင်ရန် ရည်ရွယ်၍ ငွေသားများကို အလှူအတန်းပြုခဲ့ခြင်းဖြစ်ပါသည်။ စိတ်ရောဂါဝေဒနာရှင်များ ကျန်းမာ‌ရေး မြန်ဆန်စွာ ကောင်းမွန်လာနိုင်စေရန် ဦးထုံရွှေပန်းထိမ်နှင့် ရတနာရွှေဆိုင်မိသားစုမှ ဆုတောင်းမေတ္တာပြု၍ နှစ်စဉ်အလှူအတန်းပြုပေးလျက်ရှိပါသည်။ အလှူရေစက်လက်နှင့်မကွာ အလှူအတန်းများ ပြုနိုင်ခဲ့ခြင်းမှာ ဦးထုံရွှေဆိုင်တွင်အစဉ်အမြဲဝယ်ယူအားပေးသည့် Customers များ၏ မြင့်မြတ်လှသော မေတ္တာတရားများကြောင့်သာဖြစ်ပါသည်။ ဤသို့ ပြုလုပ်လှုဒါန်းနိုင်ခဲ့သည့် ကောင်းမှုကုသိုလ်အစုစုကို နတ်လူသာဓုခေါ်နိုင်ကြပါစေရန် မျှဝေတင်ပြပေးလိုက်ပါသည်။