ပြည်ပသတင်း, ရွှေအကြောင်းသိကောင်းစရာ

မြန်မာ့ရွှေဈေးကွက်နှင့် ကမ္ဘာ့ရွှေဈေးကွက်

myanmargoldandworldofgoldmarket

၂၀၂၂ ခုနှစ် ကာလတွင် မတည်ငြိမ်ဆုံးနှင့် အာမခံချက်အရှိဆုံး ဈေးကွက်တစ်ခုကို ပြရမည်ဆိုပါက ရွှေဈေးကွက်ကိုသာ ပြမိမည် ဖြစ်ပါသည်။ COVID ကာလ ကြာရှည်လာသည်နှင့်အမျှ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီး၏ စီးပွားရေးဈေးကွက်များသည် နိုင်ငံရေး မတည်ငြိမ်မှုကို အစပြု၍ လှုပ်ခတ်မှု ပြင်းပြင်းထန်ထန် ဖြစ်ပေါ်လျက်ရှိပြီး ယခုချိန်ထိလည်း တည်ငြိမ်နိုင်ရန်ဖို့ ရုန်းကန်နေရဆဲအခြေအနေနှင့် ရင်ဆိုင်ကြုံတွေ့နေကြရပါသည်။ ထို့ကြောင့် ယနေ့ခေတ်ချိန်တွင် ရွှေဈေးအကြောင်း စိတ်ဝင်စားသည့် စာဖတ်သူများအတွက် ရည်ရွယ်၍ မြန်မာ့ရွှေဈေးကွက်နဲ့ ကမ္ဘာ့ရွှေဈေးကွက်အကြောင်း လေ့လာမိသမျှလေး မျှဝေပေးလိုက်ပါသည်။

၂၀၂၁ နှစ်စတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးမတည်ငြိမ်မှုကို အစပြု၍ ဗဟိုဘဏ်တွင် ငွေကြေးကန့်သတ်ချက်များကြောင့် မြန်မာ့ရွေဈေးကွက်သည် အဝယ်များလာပြီး ဈေးနှုန်းမြင့်တက်မှုများ ဖြစ်ပေါ်လာခဲ့သည်။ ဒါ့အပြင် ၂၀၂၂ မှာ မြန်မာနိုင်ငံအတွင်း အမေရိကန်ဒေါ်လာသုံးစွဲမှု၊ လက်ဝယ်ထားရှိမှုများကို ကန့်သတ်ချက်များရှိလာသောကြောင့် ရွှေဈေးကွက်အပေါ် ပိုမိုအာရုံစိုက်လာကြပြီး အဝယ်များလာခြင်းကြောင့် ဈေးနှုန်းများလည်း အတက်အကျ အရမ်းမြန်ဆန်လာခဲ့သည်။ မြန်မာနိုင်ငံရှိ လူအများစုသည် အာခံချက်ရှိပြီး စိတ်ချရသည့် ငွေကြေးရင်းနှီးမြှုပ်နှံမှုတစ်ခုအနေဖြင့် ရွှေနှင့်ကျောက်မျက်ရတနာများကို ပုံမှန်လက်ဝတ်လက်စားပစ္စည်းများ စုဆောင်းသည့်အပြင် အလျော့တွက်လက်ခ သက်သာသည့် ရွှေပြား ရွှေတုံးများနှင့် ကျောက်သီးသန့်ဝယ်ယူမှုမှာလည်း ပိုမိုခေတ်စားလာခဲ့ပါသည်။

ကမ္ဘာ့ရွှေဈေးကွက်တွင်လည်း ၂၀၂၁ ခုနှစ်ပိုင်းမှာ မြန်မာ့ရွှေဈေးကွက်ထက် တည်ငြိမ်မှုရှိခဲ့ပေမယ့် ၂၀၂၂ ခုနှစ်တွင် ရှရှားနိုင်ငံနှင့် ယူကရိန်းနိုင်ငံတို့‌၏ စစ်ပွဲအခြေအနေများ စစ်ပွဲအချိန်ကြာလာမှုကြောင့် ရှရှားနိုင်ငံတွင် ‌အမေရိကန်ဒေါ်လာသုံးစွဲမှုကန့်သတ်ခြင်း၊ ကမ္ဘာ့ရေနံဈေးကွက်မြင့်တက်လာခြင်းအပြင် တရုတ်နဲ့ အမေရိကန် အင်အားပြိုင်ဆိုင်လာမှုတို့ကြောင့် ကမ္ဘာ့ရွှေဈေးကွက်တွင်လည်း မတည်ငြိမ်မှုများစွာ ရင်ဆိုင်ကြုံတွေ့လျက်ရှိပါသည်။ ယခင်က အမေရိကန်ဒေါ်လာပေါ် အခြေခံ၍ စတော့ရှယ်ယာဈေးကွက်အနေနှင့် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခဲ့ကြသော်လည်း ယခုအခါ ကမ္ဘာ့နိုင်ငံရေးအခြေအနေမတည်ငြိမ်မှုများကြောင့် စတော့ရှယ်ယာဈေးကွက်များလည်း လှုပ်ခတ်မှုရှိလာတာကြောင့် ကမ္ဘာ့ရွှေဈေးကွက်ဟာ မျက်စိကျစရာ ဖြစ်လာခဲ့ပါတယ်။

ဘယ်လိုကြောင့်ပဲဖြစ်ဖြစ် ရွှေဝယ်ယူစုဆောင်းခြင်း ငွေကြေးဖလှယ်မှုနည်းလမ်းတစ်ခုအနေနဲ့လည်း လွန်ခဲ့သည့် ရာစုနှစ်များစွာကတည်းက သုံးစွဲခဲ့တာကြောင့် တစ်ကျော့ ပြန်လည်ခေတ်စားလာခြင်းနှင့်အတူ ခိုင်မာလျက်ရှိနေဆဲ ဖြစ်ပါသည်။