ပညာရေး, ရွှေအကြောင်းသိကောင်းစရာ, အထွေထွေသိမှတ်စရာ

ရွှေဝတ်ဆင်ရာတွင်ဖြစ်လေ့ရှိသောပြဿနာ

problemswhenwearinggold

မိမိဝတ်ဆင်ထားသော ရွှေထည်ပစ္စည်းလေးများသည် ရုတ်တရက် အဖြူကွက်များ ဖြစ်ပေါ်လာခြင်းအား ကြုံတွေ့ဖူးပါသလား?

ရွှေနှင့်ထိတွေ့သောအခါ ရွှေ၏မျက်နှာပြင်တွင် အဖြူကွက်များ ပေါ်ပေါက်လာတတ်ပါသည်။ ထိုအခါတွင် မိမိ၏ ရွှေထည်ပစ္စည်းအတွက် စိုးရိမ်ပူပန်မှုများ ဖြစ်သွားတတ်ပြီး မိမိဝယ်ခဲ့သော ရွှေဆိုင်မှ ရွှေအရည်အသွေး မကောင်းခြင်းကြောင့် သို့မဟုတ် မိမိ၏ ရွှေထည်ပစ္စည်းသည် အစစ်အမှန်မဟုတ်ခြင်း စသည့် အတွေးများ ဝင်လာတတ်ပါသည်။
ထို့ကြောင့် ရွှေနှင့် ပြဒါးထိတွေ့မှုတွင် ဖြစ်တတ်သော ပြောင်းလဲမှုလေးများကို မိဘပြည်သူများ ဗဟုသုတရရှိစေရန်အတွက် မျှဝေတင်ဆက်ပေးလိုက်ပါသည်။

ရွှေဝတ်ဆင်ရာတွင် ဖြစ်လေ့ရှိသော ပြဿနာ 2

ရွှေ၏မျက်နှာပြင်တွင် အဖြူကွက် သို့မဟုတ် အရောင်ပြောင်းလဲလာရခြင်း၏ အဓိကအကြောင်းအရင်းမှာ  ပြဒါး (Mercury) ကြောင့်ဖြစ်ပါသည်။ ရွှေသည် ပြဒါးနှင့် ဓာတ်မတည့်မှုကြောင့် ပြဒါးနှင့် ရွှေ ထိတွေ့မိခြင်းကြောင့် ရွှေထည်ပစ္စည်းများ အရောင်ပြောင်းလာရခြင်း ဖြစ်ပါသည်။

ရွှေဝတ်ဆင်ရာတွင် ဖြစ်လေ့ရှိသော ပြဿနာ 1

ပြဒါး (Mercury) ကိုဆေးရုံ၊ ဆေးခန်းများတွင် အများဆုံးမြင်တွေ့ရပါသည်။ အချို့သော ကလေးပေါင်ဒါများ (Baby Powder) နှင့် အသားအရည်ထိန်းသိမ်းသော ပစ္စည်းများ (Skin Care) များတွင်လည်း ပြဒါးပါဝင်တတ်ပါသည်။ မီးသီးနှင့် သာမိုမီတာများထဲတွင်လည်း ပြဒါးများ ပါရှိပါသည်။ ပြဒါးသည် အရည်ပုံဆောင်ထားသော အငွေ့ဖြစ်သောကြောင့် ရွှေသို့အလွယ်တကူ ထိကပ်နိုင်သည်။
ဥပမာ – သာမိုမီတာထဲတွင် ပါဝင်သော ပြဒါးသည် သာမိုမီတာ ကျိုးသွားသောအခါတွင် ပတ်ဝန်းကျင်သို့ အငွေ့ပျံသွားနိုင်သည်။

အထူးသတိထားရမည့် အချက်များမှာ ပြဒါးသည် ကူးစက်လွယ်သောကြောင့် ပြဒါးထိမိသော ရွှေထည်ကို အခြားသော လက်ဝတ်ရတနာများနှင့် ပေါင်းသိမ်း၍ မရပါ။ ပြဒါးသည် လူအတွက် အန္တရာယ်ရှိသောကြောင့် ပြဒါးထိမိသော ရွှေထည်ပစ္စည်းများကို ဆက်လက်မဝတ်ဆင်သင့်ပါ။ ပြဒါးထိသော ရွှေထည်ကို ကြာရှည်စွာ ထားပါက ထိုရွှေထည်တစ်ခုလုံး အဖြူရောင်ပြောင်းပြီး ရွှေသည် ကြွပ်ဆတ်ကာ ပြဒါး စားသွားနိုင်ပါသည်။ ပြဒါးကြာရှည်ထိသော ရွှေထည်သည် ရွှေအချိန် လျော့နိုင်သည်။

ရွှေဝတ်ဆင်ရာတွင် ဖြစ်လေ့ရှိသော ပြဿနာ 3

ထိုကဲ့သို့သော အခြေအနေမျိုးဖြစ်ပေါ်လာလျှင် စိတ်သောကမဖြစ်ပဲ ပြုလုပ်ရမည့်အချက်မှာ မိမိ၏ရွှေထည်ပစ္စည်းအား ပြဒါးထိကြောင်း သိရှိပါက ချက်ချင်း မိမိဝယ်ယူထားသော ဆိုင်သို့ သွားကာ အထည်ကို လုံလောက်သည့် မီးအပူပေးကာ ငရဲမီးချခြင်းဖြင့် ဖယ်ရှားနိုင်ပါသည်။ ပြဒါးထိထားသော ရွှေထည်ကို ငရဲမီးချ မီးဖုတ်လိုက်ပါက ပြဒါးသည် အငွေ့ပျံပြီး မူလရွှေရောင်အတိုင်း ပြန်လည်ရရှိမည် ဖြစ်ပါသည်။

ရွှေဝတ်ဆင်ရာတွင် ဖြစ်လေ့ရှိသော ပြဿနာ 4 1

ထို့နောက် ငရဲမီး ချပြီးသော မိမိ၏ရွှေထည်ပစ္စည်းလေးကို brush လေးဖြင့်အသာအယာတိုက်၍ ဆေးကြောသန့်စင်လိုက်မည်ဆိုပါ မူလရွှေရောင်လေးအတိုင်း ပြန်လည်ရရှိသွားစေမှာ ဖြစ်ပါသည်။