ဦးထုံရွှေပန်းထိမ်နှင့်ရတနာရွှေဆိုင်တွင် နယ်မြို့များမှ ဝယ်ယူအားပေးနေလျှက်ရှိကြသော မိတ်ဟောင်းမိတ်သစ် Customer များအတွက် ပြန်လဲ၊ ပြန်ပို့ဝန်ဆောင်မှုများ ပြုလုပ်ရာတွင် အဆင်ပြေစေရန် ရည်ရွယ်၍ အောက်ပါဝန်ဆောင်မှုများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။

ဦးထုံရွှေဆိုင်မှ ရွှေထည်နှင့်ရတနာပစ္စည်းများကို နယ်ဝေးမှ Customer များအနေဖြင့် ယုံကြည်စိတ်ချစွာ ဝယ်ယူအားပေးနိုင်ပါသည်။ နယ်ဝေးမှ Customer များအနေဖြင့် ဝယ်ယူရရှိပြီးသော အထည်ပစ္စည်းများမှာ မိမိနှင့်အဆင်မပြေဖြစ်ပါက တစ်ရက်အတွင်း ပြန်လည် လဲလှယ်လိုပါက ဝန်ဆောင်မှုများ ပြုလုပ်ပေးလျက်ရှိပါသည်။ Customer များအနေဖြင့် အထည်ပစ္စည်းများကို တစ်ရက်အတွင်း ပြန်လည် လဲလှယ်မှုပြုလုပ်ပါက အလျော့တွက်မရှုံးပဲနှင့် လဲလှယ်နိုင်ပါသည်။ (လက်ခ၊ Delivery Fee နှင့် အခြားအခွန်အခများတော့ ပြန်လည်ပါဝင်မည် မဟုတ်ပါ။) တစ်ရက်ကျော်လွန်ပြီးမှ လဲလှယ်ပါက အလျော့တွက်ပါ ပြန်လည်မပါဝင်တော့ပါ။

ပြန်လဲရာတွင်လည်း ဦးထုံရွှေဆိုင်၏ဘောက်ချာပါမှသာ ပြန်လည် လဲလှယ်ပေးမည် ဖြစ်ပါသည်။ ဘောက်ချာသည် အထည်ပစ္စည်း၏အရေးကြီးဆုံးအရာဖြစ်သည့်အပြင် ပြန်လည် လဲလှယ်ရာတွင်လည်း အထည်နှင့်ဘောက်ချာကို တိုက်ကြည့်၍ တိကျစွာဆောင်ရွက်ပေးမှုများပြုလုပ်ပေးပါသည်။

Customer များအနေဖြင့် ပြန်လဲပြန်ပို့ ဝန်ဆောင်မှုများနှင့်ပတ်သက်ပြီး အသေးစိတ်စုံစမ်းသိရှိလိုပါက အောက်ဖော်ပြပါ ဦးထုံရွှေဆိုင်၏ Messenger: http://m.me/uhtongoldsmith (သို့) အောက်ဖော်ပြပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
Messenger :http://m.me/uhtongoldsmith (သို့) Viber +959 977883599 , +959 965152335
လက်ကား +959 965183887

ဦးထုံရွှေပန်းထိမ်နှင့်ရတနာရွှေဆိုင် (၁)
အမှတ် 528 (မြေညီထပ်)၊ မဟာဗန္ဓုလလမ်း၊ ၂၇လမ်းနှင့်၂၈လမ်းကြား၊
ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်။
01-377680, 09-790609655
Viber +959 977883599
တနင်္လာနေ့တိုင်းဆိုင်နားသည်။
ဆိုင်ဖွင့်ချိန် မနက် ၉ နာရီ မှ ည ၅ နာရီခွဲ အထိဖွင့်လှစ်ပါသည်။

ဦးထုံရွှေပန်းထိမ်နှင့်ရတနာရွှေဆိုင် (၂)
အခန်း (B) 01-05 (မြေညီထပ်)၊ လမ်းမတော်ပလာဇာ (သံဈေးအနီး)၊ လမ်းမတော်လမ်း၊ လသာမြို့နယ်၊ ရန်ကုန်မြို့။
01-701390, 09-790609656
Viber +959 965152335
တနင်္ဂနွေနေ့တိုင်းဆိုင်နားသည်။
ဆိုင်ဖွင့်ချိန် မနက် ၉ နာရီ မှ ည ၅ နာရီခွဲ အထိဖွင့်လှစ်ပါသည်။

* ပြင်ပအခြေအနေအခက်အခဲများကြောင့် ဖုန်းနံပါတ်နှင့် ဆိုင်ဖွင့်ချိန်များ အပြောင်းအလဲရှိနိုင်ပါသည် *