ပြည်တွင်းသတင်း

ကိုဗစ် – ၁၉ ဒုတိယလှိုင်းအခြေအနေ

covid second wave , u hton goldsmith , myanmar

တရုတ်နိုင်ငံ ဝူဟန်မြို့ကနေ စတင်လာခဲ့သော ကိုရိုနာဗိုင်းရပ်စ်ရောဂါသည် မြန်မာနိုင်ငံကို ဝင်ရောက်လာသော်လည်း ကူးစက်မှုနှုန်းနှင့် သေဆုံးခြင်းစာရင်းသည် ဒုတိယလှိုင်းလောက်မများခဲ့ပါ။ ပထမလှိုင်းသည် ပြည်တွင်းကူးစက်မှုများနည်းပါးခဲ့ပြီး ယခုမူ ဩဂုတ်လ ( 16 ) ရက်နေ့မှစ၍ ရခိုင်ပြည်နယ် စစ်တွေမြို့ကနေ စတင်လာသော အသက်ရှုလမ်းကြောင်းကူးစက်မှုသည် ယခုအချိန်ထိ ပိုမိုပျံ့နှံ့လျှက်ရှိသည်။
ရခိုင်ပြည်ကနေ ပြန်လည်ထွက်ပေါ်လာသည့် ကိုဗစ်-၁၉ ရောဂါ ပြည်တွင်းကူးစက်မှုသည် မျိုးရိုးဗီဇပြောင်းလဲသည့်ရောဂါအမျိုးအစားဖြစ်နိုင်သည်ဟု ခန့်မှန်းထားကြပါသည်။ ဒုတိယလှိုင်းကူးစက်ခံရသူအများစုသည် ရောဂါလက္ခဏာမပြဘဲနဲ့ အသက်ရှူလမ်းကြောင်းရောဂါကူးစက်မှု ဝေဒနာကို ခံစားနေရခြင်းဖြစ်သည်။
ပြည်ပသို့ ခရီးသွားခြင်း၊ လူနာနဲ့ထိတွေ့ခြင်းမရှိသည့် စစ်တွေမှပြန်လာသော ပိုးတွေ့လူနာကို ရန်ကုန်မှာတွေ့ရှိခဲ့သည်။ စစ်တွေကနေပြန်လာပြီးနောက် အနံ့မရ၍ ဆေးခန်းသို့သွားပြရာမှ ရောဂါပိုးတွေ့ရှိခဲ့ရပါသည်။ စစ်တွေမြို့မှ ရန်ကုန်သို့ပြန်လာသောသူများထံမှတွင် ကိုဗစ်- ၁၉ ရောဂါပိုးတွေ့ရှိမှုကြောင့် ရန်ကုန်မြို့တွင်လည်း ယခုအချိန်ထိ ကြောက်မက်ဖွယ်ကောင်းလောက်အောင် ကူးစက်မှုနှုန်းမြင့်မားလာခဲ့သည်။ နိုင်ငံတကာတွင်လည်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု အချိန်အနည်းငယ်ရပ်တန့်ခဲ့ပြီး ယခုအချိန်တွင်မူ ကိုဗစ်ဒုတိယလှိုင်းအခြေအနေသို့ ရောက်ရှိကာ နိုင်ငံတော်တော်များများ ထိခိုက်ခံစားနေရပါသည်။
မြန်မာနိုင်ငံတွင်လည်း ဒုတိယလှိုင်း၏ ကြောက်မက်ဖွယ်ကောင်းအောင် ကူးစက်မှုကြောင့် မကြာသေးခင်ဖွင့်လှစ်ထားသော ကျောင်းများကိုလည်း တဖန်ပိတ်လိုက်ရပါသည်။
ရန်ကုန်မှာ ဒုတိယလှိုင်းစတင်ရောက်လာသောအချိန်တွင် Mask ဈေးများလည်း အဆမတန်ဈေးတက်ခဲ့ပါသည်။ ယခုအချိန်တွင် ဆက်သွယ်ရေးလမ်းကြောင်းများလည်း ပိတ်ဆို့ထားပြီဖြစ်သည်။ သို့သော်လည်း ရန်ကုန်ကနေ နယ်သို့ပြန်သွားသောသူများကနေတစ်ဆင့် ကူးစက်မှုများ ရှိနေပါသည်။ ဒုတိယလှိုင်းသည် မြန်မာနိုင်ငံအနှံတွင် ကူးစက်နေပါသည်။
ယခုဆိုရင် စားသောက်ဆိုင်များသည်လည်း ပါဆယ်စနစ်ဖြင့်သာ ရောင်းချနေရမှုကြောင့် အရောင်းအဝယ်များလည်း နည်းပါးလာခဲ့ပါသည်။
ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုသည် စီးပွားရေးလုပ်ငန်းတွေအပေါ် ပိုမိုသက်ရောက်လာပါသည်။ ကိုဗစ်ကာလမှာ ရွှေကိုအရန်ငွေကြေးအဖြစ် ထားရှိလာသောကြောင့် ဩဂုတ်လ ပထမအပတ်ရွှေဈေးများ မြင့်တက်ခဲ့သည်။ ယခုအချိန်တွင် ကိုဗစ်၏ဒုတိယလှိုင်းကြောင့် ရွှေဈေးကွက်များလည်း ပိတ်ထားပြီး ရွှေဆိုင်တော်တော်များလည်း ပိတ်ထားပါသည်။
မြန်မာနိုင်ငံတွင် ကိုဗစ်ကပ်ရောဂါ ဒုတိယအကြိမ် ဖြစ်ပွားမှုကြောင့် အသွားအလာကန့်သတ်မှုတွေ တိုးလာသည့်အတွက် စီးပွားရေးလုပ်ငန်းများ
အနည်းငယ်ထိခိုက်ပြီး ပြည်သူတွေအခက်အခဲကြုံတွေ့လာရပါသည်။
စက်တင်ဘာလ ( 16 ) ရက်နေ့ မနက်ခင်းသတင်းအရ ကိုဗစ်အတည်ပြုလူနာပေါင်း ( 3636 ) ရှိခဲ့ပြီး သေဆုံးသူလူနာပေါင်း ( 39 ) ဦးရှိခဲ့ပါပြီ။
ဒုတိယလှိုင်းသည် ပထမလှိုင်းထက် ကူးစက်မှုများပြားသောကြောင့် ပြည်သူ၊ ပြည်သားများ အထူးဂရုစိုက်ဖို့လိုပါသည်။
ကျန်းမာရေးနှင့် အားကစားဝန်းကြီးဌာနကနေ ချမှတ်ထားသောစည်းကမ်းများကို လိုက်နာကြပြီး ဒီကပ်ရောဂါဘေးကြီးမှ အမြန်ဆုံးကင်းလွတ်ပါစေလို့ ဆုတောင်းမေတ္တာပို့သလျှက် …